Tuesday, December 16, 2008

အိမ် နှင့် လမ်း


ခြောက်သွေ့တဲ့ ဒီညတွေမှာ
ကာရန်မဲ့ တယောက်ထဲ ဖြတ်သန်းလို့
လွမ်းနေဆဲ အဝေးကအိမ်ရယ်
အမှောင်ကို မြတ်နိုးတဲ့ လူတစ်စုကြောင့်
ငါအိမ်လေးက အလင်းတွေ ပျောက်ပေါ့
ငါမြတ်နိုးတဲ့ အိမ်လေးလဲ ပျက်ခဲ့ရပြန်ပြီ

နွေးထွေးလှတဲ့ မိသားစု သံယောဇဉ်
ပျော်ရွှင်ဖွယ် ရယ်မောသံတွေ
မေတ္တာတွေ အတိဖုံလွမ်းနေတဲ့
ဘယ်သူမှ မသိတဲ့ အချက်လေးတွေ
ငါအိမ်လေးထဲမှာ ရှိနေပါသေးတယ်

ခြောက်ခြားစရာ ဒီလမ်းတွေလဲ
အလင်းပျောက်လို့ မှောင်နေလှပြီ
အများအတွက် စတေးခဲ့တယ်
ဘ၀အတွက် အားလုံးသုံးခဲ့ကြတယ်
အရောင်မျိုးစုံ စွန်းထင်းခဲ့တယ်
မရှိမဖြစ် ဒီလမ်းလေးလဲ မညီမညာ ချိုင့်ခွက်တွေနဲ့
ဒူပေခံရ ဒီလမ်းလေးလည်း အခုထက်ထိ အသုံးဝင်ဆဲ သုံးနေကြဆဲ


တောင်ပေါ်သား



ဝေးးးး သတိ။ ။ ပုံလေးကို Google က ယူထားပါကြောင်း :)

5 comments:

Phyo Evergreen said...

ကဗျာလေးခံစားသွားပါတယ်..။ ဖတ်ပြီးအတွေးတွေလည်း ရသွားတယ်..။

December 16, 2008 at 10:51 PM
စိုင်းစိုင်းလားရှိုး said...

အဟေး....... တောင်ပေါ်သားရေ လာခံစားတယ်ကွာ

December 17, 2008 at 1:38 AM
ဖိုးဂျယ် said...

ဒီဇင်ဘာဆိုတော့ အကိုတောင်ပေါ်အိမ်လေးကို
လွမ်းနေတာလား အကိုရေ။
အကိုပေးချင်တဲ့ ရည်ရွယ်ချက်လေးက
ကောင်းတယ်အကို ကိုယ်လိုချင်တာလေးဆွဲတွေးလို့ရတယ်လေ။

December 17, 2008 at 3:53 AM
WWKM said...

ကဗျာလေးကို လာခံစားသွားပါတယ် တောင်ပေါ်သားရေ...

December 17, 2008 at 6:26 PM
အိမ် said...

ဟုတ်ကဲ့.. ကဗျာလေးဖတ်ပြီး ခံစားသွားရတယ်ဗျာ။

December 18, 2008 at 3:07 AM