Wednesday, December 10, 2008

ကာရန်မဲ့

လူတွေအမြင်မှာ ကျနော်ဟာ လူဆိုး တယောက်ပေါ့ အမေ
ဒါပေမဲ့ ကျနော် အမေအမြင်မှာတော့
သားလိမ္မာလေး ဖြစ်ချင်တယ် အမေ
လူတွေအမြင်မှာ ကျနော်ဟာ ဘုကန့်လန့်လေးပေါ့
ဒါပေမဲ့ အမေ့ရင်ခွင်မှာ သား
ယုန်ငယ်လေးလို နေချင်တယ် အမေ
လူတွေအမြင်မှာ ကျနော်ဟာ အတ္တသမားပေါ့
ဒါပေမဲ့ အမေ့အတွက် မိသားစုအတွက်
မေတ္တာအပြည့်ပေးနိုင်တဲ့ သားတယောက် ဖြစ်ချင်တယ် အမေ
ဘယ်သူတွေ ဘာတွေပြောပြော သားဂရုမစိုက်ပါဘူးအမေ
ဒါပေမဲ့ အမေအထင်လွဲ အမြင်မှားမှာကိုတော့
သားအရမ်းကြောက်မိတယ် အမေ
အမေ့ရဲ့ အရိပ်တွေကို သားခိုလှုံခဲ့တာ
နှစ်ပေါင်းမနဲတော့ဘူး အမေ
ဒါပေမဲ့ သားဒီအရိပ်တွေကို ခိုလှုံချင်နေသေးတယ် အမေ
ဒီမေတ္တာအရိပ်တွေကို သားထပ်ရချင်သေးတယ်အမေ
တနေ့နေ့ပေါ့ အမေ အမေ့သား ပြန်လာပါ့မယ်
အမေအရိပ်ကို သားလာရောက် နားခိုပါမယ်.........

တောင်ပေါ်သား

8 comments:

အိမ် said...

ဒီလို မိဘအကြောင်းရေးဖွဲ့ထားတဲ့ ကဗျာတွေ၊
စာတွေအားလုံးကို ရင်နဲ့ခံစားဖတ်ရှုသွားပါတယ်ခင်ဗျား။

December 10, 2008 at 5:26 AM
စိုင်းခမ်းထွန်း said...

ဟေးဟေး ........ ဘာတွေစိတ်ညစ်ပြန်ပြီလဲ .... အမေကို ဒီလောက် တမ်းတနေတာ ...

December 10, 2008 at 5:58 AM
သံလွင် HeRo said...

ကိုကြီးတောင်ပေါ်သားရေ...အရမ်းထိတယ်ဗျာ။ ငိုချင်လာပြီ။

December 10, 2008 at 7:04 AM
ဖိုးဂျယ် said...

အကိုရေ နားခိုနိုင်ပါစေ။
ကျတော်တို့လဲ နားခိုချင်နေတာကို
လာဆွပေးသလိုဖြစ်နေတယ်။
ငိုချင်ရက် လက်တို့ဖြစ်သွားတယ်။

December 10, 2008 at 7:11 AM
စိုင်းစိုင်းလားရှိုး said...

aတာင်ပေါ်သားရေ ရောက်အောင်ပြန်ကွ။ လမ်းဆုံးတော့ ရွာပျက်တာမျိုး မကြုံပါစေနဲ့။

December 10, 2008 at 6:33 PM
Dream Angel said...

အကိုမှာ နားခိုစရာ အမေ့ရင်ခွင်ရှိပါသေးတယ်ဗျာ
ကျတော့်မှာတော့ နားခိုစရာ အမေ့ရင်ခွင်တောင် မရှိတော့ပါဘူး

December 10, 2008 at 7:35 PM
ဗီလိန် said...

လွမ်းမိပြန်ပြီဗျာ။

December 11, 2008 at 5:52 AM
puluque said...

မေမေချစ်တဲ့ သားကြီး
သားချစ်တဲ့ မေမေ
ညီရေ..အေးမြတဲ့ မေတ္တာရိပ်အောက်မှာ ခိုလှုံနိုင်ပါစေဗျာ

December 11, 2008 at 7:32 AM