Wednesday, November 5, 2008

စိတ်ကူးတဲ့ရာ

ကျနော် ဖတ်လိုက်ရတဲ့ စာအုပ်လေးထဲက စိတ်ကြိုက်လေးကို ဖော်ပြလိုက်တာပါ... အမြင်မတူတာတွေ ပါရင်တော့ ခွင့်လွတ်နော့်။


မည်သူ့ကိုမှ မည်သူ၏ လိုလားတောင့်တခြင်း မရှိပါစေနှင့်။

အချက်(၄)ချက်ပေါ်တွင် မာန်မာန မထား မထားပါနှင့်။


(၁) ဥစ္စာပစ္စည်း
(၂) ရာထူးအဆင့်အတန်း
(၃) ရုပ်ရည်ချောမောလှပခြင်း
(၄) အင်အား

အချက်(၄)ချက်ပေါ်တွင် ကျင့်သုံးနိုင်အောင် ကြိုးစားပါ။


(၁) မည်သူ့ကိုမှ အသျှင်(ဘုရားသခင်)နှင့် တတန်းထဲ မထားလေနှင့်။
(၂) မည်သူ့ကိုမှ စိတ်ဒုက္ခ မပေးလေနှင။့်
(၃) အတင်း မပြောလေနှင့်။
(၄) မည်သူ တစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးများ ကိုယ်ကြောင့် မဆုံးရှုံးစေနှင့်။



ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။

အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။

စာကြွင်း။ ။ကျနော် mail ထဲကို ရောက်လာတဲ့ စာတခုပါ... ဘ၀မှာ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘာမှမဟုတ်ပေမဲ့ သေချာဂရုစိုက်လုပ်နိုင်လားဆိုတာ့ မလုပ်နိုင်ကြပါဘူး။ လူဘ၀မှာ တော်တော်ကို လိုအပ်မယ်လို့ ထင်ပါတယ်။

2 comments:

မသက်ဇင် said...

တောင်ပေါ်သားလေးရေ---
မှတ်သားသွားပါတယ်---
ရွှင်လန်းချမ်းမြေ့ပါစေ--

November 5, 2008 at 7:50 PM
မိုးသောက် said...

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

ဒီအချက်လေးကိုတော့ အကြိုက်ဆုံးပါပဲ .. အားပေးတယ် တောင်ပေါ်သားရေ

November 7, 2008 at 12:30 PM