မုန်တိုင်းလာသွားခဲ့တယ်
သတိရမိတယ်
ဆားချက်တဲ့လက်က
တံငါသည်ဘ၀ကို နူးညံ့ခဲ့ပုံများ။
မင်းလည်း မမြင်နိုင်
ငါကလည်း မင်းကို
မပွေ့ထွေးနိုင်ခဲ့
ဆားချက်သမလေးရေ…။
မုန်တိုင်းက
ေ ရာ က် လာ တ ယ် ။
အခုတော့
ကမ်းမမြင် လမ်းမမြင်။
စီးမျောသွားပုံက
ကောင်းကင်တခုလုံး
ချက်ချင်း
ပျက်သွားသလို
ရုန်းရင်းဆန်ခတ်။
ခေတ်တွေ စီးဆင်းသွားတော့
ပင်လယ်က
ပြာစိမ်းလို့
ဘာမှမပတ်သက်သလိုမျိုး
သူစိမ်းဆန်ဆန်ကြည့်လို့ ။ ။
ဒီကဗျာလေးကတော့ အကို ကိုဖိုးဇေ ဘလော့ပေါ်မှာ နောက်ဆုံး ရေးခဲ့တဲ့ ကဗျာလေးပါ ခွင့်မတောင်းပဲ တင်ထားလိုက်မိပါတယ်
အခုတော့ ကျနော်တို့ရဲ့ ဘလော့ဂါ ရောင်းရင်းကြီးတယောက်တော့ ဘ၀တပါးကို သွားခဲ့ပြန်ပြီဗျာ.. အကိုဖိုးဇေကို လူချင်းမသိခဲ့ မရင်းနှီးခဲ့ပေမဲ့ သူရဲ့ ဘလော့က ကဗျာလေးတွေကိုတော့ တော်တော်နှစ်သက်ခဲ့မိပါတယ်... အကိုရေ အကိုမိသားစုနဲ့ ထပ်တူဝမ်းနည်းမိရပါတယ်ဗျာ.. အကိုဖိုးဇေ (ခ) အကိုမြင့်ဇေ (ခ) ပွင့်သစ်(ကရိန်ကန်) ကောင်းရာသုဂတိလားပါစေလို့ ဆုတောင်းပေးရင်းးးးးးးးးးးးးးးးး
ဘ၀မှာ ဘယ်အရာတွေ မှောင်မိုက်နေပါစေ
ငါတို့ မျှော်လင့်နေတဲ့
လင်းရောင်ခြည်တွေ တနေ့ မြင်ရမှာပါ
ဒါပေမဲ့ ဒီအလင်း
မပေါ်လာခင် ကြွေလင့်သွားတဲ့
ဘလော့ ညီအကိုတွေ၊ ရဲရင့်စွာ ဆက်လျှောက်နေတဲ့
ဘလော့ ညီအကိုမောင်နှမတွေ
အားလုံးအတွက်
ကျနော် ထာဝရ ဂုဏ်ယူနေလျက်ပါ
ငါတို့ မျှော်လင့်နေတဲ့
လင်းရောင်ခြည်တွေ တနေ့ မြင်ရမှာပါ
ဒါပေမဲ့ ဒီအလင်း
မပေါ်လာခင် ကြွေလင့်သွားတဲ့
ဘလော့ ညီအကိုတွေ၊ ရဲရင့်စွာ ဆက်လျှောက်နေတဲ့
ဘလော့ ညီအကိုမောင်နှမတွေ
အားလုံးအတွက်
ကျနော် ထာဝရ ဂုဏ်ယူနေလျက်ပါ
တောင်ပေါ်သား
3 comments:
ကဗျာလေးကတော်တော်ခံစားရပါတယ်..
November 20, 2008 at 11:15 PMကဗျာဆရာကိုယ်စားထပ်တူဝမ်းနည်းမိပါတယ်..
တင်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်...
ကိုတောင်ရေ အနားယူခွင့်တောင်းထားတာ ကျနော်ပါဗျာ။(ဖွဟဲ့လွဲပါစေဖယ်ပါစေ ဟိဟိ)
November 21, 2008 at 6:29 AMအခုလိုကြား၇တာ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်ဗျာ။
ကျနော် ကိုဖိုးဇေဘလော့ကိုတော့ တခါမှမရောက်ဖူးပါ သို့သော် ဘလော့ဂါညီ
အကိုများဆိုတော့လဲ ၀မ်းနည်းရပါတယ်။ ကိုတောင် ဆုတောင်းသလိုပဲ
ကောင်းရာသု၈တိလားပါစေဗျာ။ကဗျာလေးလဲ အရမ်းကောင်းတယ်ဗျာ
အောက်ခြေလူတမ်းစားဘ၀ကို ဖွင့်ပြထားသလိုပါပဲဗျာ
စိတ်မကောင်း ဖြစ်မိပါတယ် ညီလေးရေ။
November 21, 2008 at 8:55 PMPost a Comment