ပျော်ရွင်သာယာဖွယ် ကဗျာလေး
ဒို့တောင်ပေါ်သားတွေ ရိုးသားပါတယ်
ပိုင်စိုး:- ရှမ်းမလေးရဲ့အနမ်းတွေကိုသတိရနေလေရဲ့
တောင်ပေါ်သား: -မွေးရပ်မြေမို့ မေ့နိုင်ပါဘူးလေ
သားငယ်: -ရိုးသား ကြိုးစား ခိုးစားလေ
သားငယ်: - ဘာစားတာလဲတော့ မသိဘူးလေ
ရိုးရာမြေရဲ့အမြွေအနှစ်တွေ ဒို့တွေထိန်းကြမယ်လေ
thiri: -be' laut pe' way nay way nay pop
တောင်ပေါ်သား: -တနေ့တော့ အရောက်ပြန်လာမယ်လေ ချစ်သော ဒို့မွေးရပ်မြေ
ရောက်တဲ့အရပ်မှာမပျော်ပါ မွေးရပ်မြေကို လွမ်းလို့ပါ
လူတိုင်းအတွက်မွေးရပ်မြေဆိုတာရိုတယ်
ကြယ်စင်မင်း: - လွမ်းပေမယ့်လည်း မပြန်နိုင်ဘဲ ..
တောင်ပေါ်သား: -ဘ၀ဆိုတာ အခက်အခဲမျိုးစုံလေ ဒါပေမဲ့ ဒို့မကြောက်ပါလေ
ပိုင်စိုး:- လွမ်းလိုက်တာရှမ်းသီချင်းရယ်
ပိုင်စိုး:- ဒါပေမယ့်ကိုတို့ရဲ့ရှမ်းမြေလေးကတော့မမေ့နိုင်စရာပါလား
ပိုင်စိုး:- ပဲပုတ်ရောပေါ့
တောင်ပေါ်သား: -တနေ့မှ မေ့မရဘူးလေ အမေ့ဟင်းနဲ့ မွေးရပ်မြေ
ကြယ်စင်မင်း: - ပန်းခင်းလမ်းထက် ဆူးခင်းလမ်းက ဘ၀မှာပိုများပါတယ် ရောင်းရင်းများရယ်
ပိုင်စိုး:- နာမည်လေးကိုတမ်းတနေဆဲပါကောင်မလေးရယ်
တောင်ပေါ်သား: - ရိုးရာကို မြတ်နိုးတဲ့ ဒိုတောင်ကြီးသားတွေပါလေ
ကြယ်စင်မင်း: - စိတ်ရင်းများက ဖြူစင်ခဲ့တာ အရင်ကတည်းးကပါ
ပိုင်စိုး:- နင့်ရဲ့စကားဝဲ၀ဲလေးနဲ့ခေါ်ခဲ့တဲ့စိုင်းဆိုတဲ့ အသံ
တောင်ပေါ်သား: -ဒီလိုရိုးသားတဲ့ ဓလေ့နဲ့ လူတွေကို မေ့မရပါလေ
ကြယ်စင်မင်း: - လွမ်းတတ်ပါတယ်.. ချယ်ရီမြေနဲ့ ထင်းရူးတန်းကြိးရယ်
တောင်ပေါ်သား: - ဘ၀ဆိုတာ ဒီလိုပဲလေ ပျော်ရာမှာမနေ တော်ရာမှာနေဆိုတဲ့ စကားအတိုင်းပေါ့လေ
ကြယ်စင်မင်း: - ငါဆီနင်ပြန်လာမည်::.. စောင့်ဆိုင်းနေတဲ့နေ့ရက်တွေမှာ ကြယ်လေးတွေမြေခ ချယ်ရီပန်းလေးတွေ လွှင့်လို့ကြွေ တောင်ပေါ်မြေနီလမ်းလေးလည်း ချုံနွယ်တွေထူထပ် ၀ိုးတ၀ါးငါ့အိမ်မက်…. တနေ့ပြီးတနေ့ ပြောင်းလဲသွားတဲ့ ငါ့အတွက်
ကြယ်စင်မင်း: - ငါဆီနင်ပြန်လာမည် သေတဲ့အထိငါစောင့်နေပါမည်….။။။။။
ပိုင်စိုး:- ရှမ်းပဲပုတ်လေးကိုတော့ဘယ်တော့မှမမေ့ပါဘူး
ကြယ်စင်မင်း: - ..::ဇတ်လမ်းအဆုံး::.. ကောင်းကင်ရဲ့ ည ဘ၀ရဲ့အရှင်သခင် အွန်လိုင်းပေါ်ကကောင်မလေး ကြယ်စင်မင်း ရဲ့ ဘ၀တစ်ဆစ်ချိုး ပြန့်လွင့်လွယ်တဲ့ တိမ်တိုက်များ အော်… ငါဟာလေ နောက်ဆုံးတော့ ဒီဇာတ်လမ်းမှာ သေဆုံးရမှာပါဘဲလေ.....
ဒါလေးကတော့ တောင်ကြီးမီးပုံးပျံပွဲလေး အမှတ်တရ တယောက်တပေါက် စပ်ထားတာပါ အားလုံးမျှဝေ ခံစားနိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျာ..

2 comments:
အချိန်တွေဘယ်လိုပြောင်းပြောင်း၊ ဘယ်တော့မှမပြောင်းလဲအမြဲထိန်းသိမ်းထားတဲ့ ရိုးသားဖော်ရွေမှု၊ အလှူအတန်းရက်ရောမှု၊ ရိုးရာဓလေ့ထုံးစံနဲ့အစဉ်အလာကောင်းတွေကိုမျိုးရိုးစဉ်ဆက်လက်ဆင့်ကမ်းရင်း၊ လှပနေတဲ့တောင်ကြီးမြို့လေးအဓွန့်ရှည်နေမှာပါ။
November 9, 2008 at 6:43 PMတောင်ကြီးသူ တောင်ကြီးသားတွေနဲ့ ရောယောင်ပြီး ခံစားသွားပါတယ်ဗျာ
November 10, 2008 at 10:59 AMပျော်ရွှင်ကြည်နူးနေကြတာ အားကျစရာပါပဲဗျာ
Post a Comment