ကျနော်မပိုင်သော ကျနော်ရဲ့ အိမ်သစ်လေး
ဟုတ်တယ် ကျနော်တကယ်မပိုင်ပါဘူး။ ဒါပေမဲ့ ကျနော်ရဲ့ အိမ်လေးပါပဲ။ ဒီလိုပါ ကျနော်တို့ သူငယ်ချင်းတွေ စုပြီး အခန်းတခုကို ငှါးလိုက်ပါတယ် တနှစ်စာချူပ်နဲ့ပေါ့... ဒီတော့ ကျနော်တို့ တနှစ်ပိုင်တာပေါ့နော့် ပေးရတဲ့ငွေက ပြောချင်ပါဘူးဗျာ.. ရန်ကုန်မှာဆို တိုက်ခန်းတခုလောက် အေးဆေး ၀ယ်လို့ရတယ်.. ကျနော်တို့နယ်မှာဆို မြေကွက်ကောင်းကောင်း တခုရတယ်လေ...ဒီလိုပါပဲ သူခေတ်နဲ့ သူလိုက်ပြီး နေရမှာပေါ့ ဟုတ်ဘူးလား ဒီပြီးခဲ့တဲ့ နှစ်ပတ်အတွင်း ဘာမှမယ်မယ်ရရ အလုပ်တွေ မရှိဘဲနဲ့ ကျနော်အလုပ်တွေ ရှုပ်နေခဲ့ပါတယ်။ ဒါကြောင့် ကျနော် ဘလော့လေးကို သိပ်မပြင်ခဲ့ဖြစ်ပါဘူး သောကြာနေ့ညကတော့ ကျနော်တို့ အိမ်သစ်လေးကို ပြောင်းလိုက်ပါတယ်။ အစစအရာရာ ဈေးကြီးနေတဲ့ စင်ကာပူမှာ အိမ်ခန်းလေး တစ်ခုကို သူငယ်ချင်း ၅ ယောက်နဲ့ အတူတူ စုပြီး ငှါးဖြစ်ပါတယ်။ ဒီလို စုနေတဲ့အတွက် ပိုက်ပိုက်လည်း နဲနဲတော့ ပိုစုမိမယ်လို့ ထင်တာပါပဲ လောလောဆယ်တော့ အေးဂျင့်ခ၊ စရံငွေတွေနဲ့ တော်တော့်ကို ကုန်သွားပါတယ်။ကျနော်တို့ အိမ်လေးက အသစ်ဆိုတာ့ ကျနော်တို့က ပထမဆုံး အိမ်ငှါးတွေပေါ့။ အိမ်ရှင်က အင်တာနက် မတတ်ထားပေမယ့် ကေဘယ် တီဗွီကရှိနေတော့ ကျနော်တို့က အင်တာနက် ရမယ်ထင်ပြီး သွားတောင်လျှောက်ထားပြီးပါပြီ။ အခုထိတော့ အိမ်မှာ အင်တာနက် မရသေးပါခင်ဗျာ.. ဘာကြောင့်လဲတော့ အဖြေရှာမရသေးပါ.. သူတို့ပေးလာတဲ့ Device ကပဲ မကောင်းတာလား Activate ပဲ မဖြစ်သေးတာလားတော့ မသိဘာဘူး…နောက်ဆုံး စဉ်းစားလို့ရတာကတော့ သေချာမစုံစမ်းပဲ လုပ်မိတဲ့ ကျနော်တို့ အပြစ်ပေါ့နော့်။ တကယ်ရ်ျ TV Line မှာ Internet အတွက် Activate မလုပ်ရသေးရင် Activate လုပ်ဖို့ ပိုက်ပိုက်က ပိုကုန်ဦးမယ် စိတ်ညစ်ပါတယ်ဗျာ…
ကံကောင်းတာကတော့ ကျနော်တို့ သူငယ်ချင်း ၆ ယောက်ထဲမှာ ကျနော်နဲ့ သူငယ်ချင်းတယောက်ရဲ့ ကွန်ပျူတာလေး ၂ လုံးက ဘေးက Wireless လေးကို ယူသုံးလို့ရနေတယ်ဗျ… ခိုးသုံးတာ မဟုတ်ဘူးနော့် သူတို့က စေတနာနဲ့ Password မပေးထားတော့ ကျနော်တို့က ယူသုံးလိုက်တာပါ ဟဲဟဲ… ဒါပေမဲ့ Signal ကသိပ်မအိုကေပါဘူးဗျာ… ရလိုက် မရလိုက်နဲ့ ဒီတော့ ကျနော် Online မတက်ဖြစ်ဘူးပေါ့. အခုတောင် တင်ချင်လွန်းလို့ အလုပ်ကနေ တင်လိုက်တာဗျ... ရှုစားကြလော့ ကျနော် အိမ်သစ်လေးကို ကျနော် ချစ်ညီကို၊ မောင်နှမများ..... စကားမစပ် အခုဆို ဥထမင်းလဲ မလုပ်စားရတော့ဘူး ကိုယ်တိုင် ချက်စားလို့ရပြီ။ အပျင်းထူရင်တော့ ကျနော် မမ၊ညီမလေးတွေ ချက်ကျွေးတာကို ခူးခပ်စားလိုက်ယုံပဲ ကဲ ဒီထက်ကောင်းတာ ဘာရှိသေးလဲဗျာ... အိမ်မှာ အင်တာနက် ရမှပဲ ဘလော့ ညီအကို၊ မောင်နှမတွေဆီ လာလည်မယ်နော့် အခုတော့ ခွင့်လွှတ်ဦးနော့်
ဒါလေးကတော့ ကျနော်တို့ အိမ်ရဲ့ ဧည့်ခန်းလေးပေါ့
ဒါလေးကတော့ မီးဖိုခန်းပေါ့ ကျနော့် အကိုတွေ၊အမတွေ၊ညီမလေး ထမင်းဟင်းတွေ ချက်တဲ့နေရာလေးလေ.. ကျနော်ကတော့ ချက်ပါဘူး သူတို့ ချက်ပြီးမှ ကျနော်က ၀င်စားလိုက်တာ လူလည်လေ....
ဒါကထမင်းစားပွဲပေါ်က အလှဓါတ်ပုံလေးတွေကို ရိုက်ထားတာပါး)
ဒါကတော့ ကျနော်တို့ ရေချိုးခန်းပေါ့ ကျနော်နောင်တော် တစ်ယောက် အကြိုက် ရေပူပါ ပါတယ်လေ အဲလိုကြွားတာနော့်
ဒါကတော့ ကျနော် အိပ်ရာပေါ့ အပေါ်မှာ ကျနော်အိပ်တာလေ.. အောက်ကတော့ ကျနော် အစ်ကို တစ်ယောက်ပေါ့ အပေါ့အပါး သွားရင်တော့ ဒီအတိုင်းပဲ သွားလိုက်တာ ဟဲဟဲ (တကယ်မဟုတ်ဘူးနော့် စတာ)
8 comments:
အိမ်ငှားခ ဘယ်လောက်လဲဗျ။ စပ်စုတာဟုတ်ဝူးနော်။
November 4, 2008 at 1:06 PMအိမ်လေးတော်တော်လှတယ် နေချင်စရာလေးး....
November 4, 2008 at 1:41 PMအိမ်အသစ်ကိုလည်လည်လာတယ်ဗျ...
November 4, 2008 at 3:15 PMအိမ်သစ်တက်ပွဲရှိဝူးလား...တားတားတို့ဝါးတီးလာဆွဲမယ်လေ...ဟားဟား
အင်း ဟုတ်တယ်
November 4, 2008 at 5:13 PMလကုန်လို့  အိမ်ဖိုးပေးရတိုင်း တကယ်ရင်နာတယ် လုံးဝ မပေးချင်ဘူး အခု အိမ်လခတွေ ပြန်တွက်တာ တကယ် အိမ်တစ်လုံး ကောင်းကောင်းဝယ်လို့ ရပြီ အခုချိန်အထိ သူများတိုင်းပြည်မှာ ခြေသလုံးအိမ်တိုင် ဘ၀နဲ့ အိမ်မရှိယာမရှိ ဌားနေရတုန်း :(
အိမ်လေးက တော်တော်ကောင်းပါတယ်ဗျ.... ကျနော့်အစ်ကို တောင်ပေါ်သားဘလော့ကို ကျနော်တောင်ပေါ်သားတစ်ယောက် အမြဲအားပေးနေတယ်ဗျ.... :)
November 4, 2008 at 10:36 PMကိုတောင်ပေါ်သား အိမ်အသစ်မှာ ဇိမ်ယစ်နေပြီထင်ပါ့။ အိမ်လေးက လှတယ်ဗျာ။ နေချင်စရာလေး။ အင်တာနက်ရရင် ဖတ်စရာတွေ ဆက်တိုက်လာတော့မယ်ထင်တယ်။
November 5, 2008 at 1:29 AMအိမ်လေးက သပ်သပ်ရပ်ရပ်လေးနဲ့ မိုက်တယ်ဗျာ
November 5, 2008 at 3:23 PMနေစဖို့လို့ သပ်ရပ်နေတာလားတော့မသိဘူး
သေချာတာကတော့ ကျတော့အခန်းထက်တော့ အများကြီးသားတယ် :)
အိမ်လေးက လှမှလှဗျာ ..
November 7, 2008 at 4:27 AMနေချင်စရာလေးပဲ .. ဈေးကလည်း ကြီးမှာနော့ ..
Post a Comment