Sunday, October 12, 2008

အချစ်ဆိုသည်မှာ Tag

ကဲ တက်ခ်လောကကြီး အဲယောင်လို့ ဘလော့လောကကြီးကတော့ ကောင်းနေတယ်ဗျ.. အခုဆို Tag တွေလဲ များမှများ တယောက်ပြီးတယောက် Tag နေလိုက်ကြတာ.. အခုလဲ Tag ထားပြန်ပြီ။ ဘယ်သူလဲ မမေးနဲ့ ဘယ်သူရှိရမှာလဲ ငရဲပြည်ကို ဆွဲခေါ်သွားတဲ့ ကိုကြယ်စင်သွေး ပေါ့ ။ နောက်ထဲ Tag ကြွေးတွေ ရှိသေးပါ မကြီးဝါ၀ါ ကလည်း Tag ထားသေး အင်း ဒုက္ခ ဒုက္ခ လို့ပြောဘူးနော့် ပျော်ပါတယ်ဗျာ.. တက်ခ်ကြပေါ့ .. စားကြမယ်ဟေ့ ကောင်းကောင်း ဟုတ်တော့ဘူး အခု အသစ်ပြောင်းလိုက်ပြီး တက်ခ်ကြမယ်ဟေ့ ကောင်းကောင်းတဲ့ ကဲ ကြည့်တော့မူပါဦး တက်ခ်တော်မူတဲ့ အကြောင်းက “အချစ်ဆိုသည်မှာ” တဲ့။ အခုမှ ဒုက္ခရောက်တာ ဘာလဲဟ အချစ်ဆိုတာ..

အချစ်ဆိုတာ ကျနော်မြင်မိသလောက်ကတော့ ရယူလိုခြင်းပါပဲ။ တခါတလေကြတော့လဲ ပေးဆပ်ခြင်းပေါ့။ ဒါကတော့ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အချစ်ဆိုတာလဲ လူပေါ်လိုက်ပြီး ပြောင်းလဲတတ်ကြပါတယ်.. ကျနော်ခံယူတဲ့ အချစ်ဆိုတာကတော့ ကိုယ်တကယ်ချစ်မိခဲ့ရင် ဘယ်အရာမဆို ပေးဆပ်ဖို့ ၀န်မလေးတတ်ပါဘူး ဒါပေမဲ့ အချစ်ဆိုတာ ဆန်းပြားလှပါတယ်။ ကျနော်ဘ၀မှာလဲ ဒိလိုအချစ်တွေနဲ့ ဆုံတွေ့ခဲ့ရဖူးပါတယ်..

ကျနော်ငယ်စဉ်ကျောင်းသားဘ၀က ကောင်မလေးတစ်ယောက်ကို တော်တော်ကို ချစ်ခဲ့ဖူးပါတယ်... ဒါပေမဲ့ သူအချစ်ကို ကျနော် လွယ်လွယ်နဲ့မရခဲ့ဘူးပါဘူး။ သူရဲ့ အချစ်ကို ရဖို့ကျနော် ၁ နှစ်ကျော်လောက် အချိန်ပေးခဲ့ရပါတယ်.. အဲဒီအချိန်တုန်းက သူအတွက်ဆို ဘယ်အရာမဆို ပေးဆပ်ဖို့ အဆင်သင့်ပါပဲ ဒီတော့ကား အချစ်ဆိုတာ ပေးဆပ်ချင်းလို့ ကျနော် ပထမဆုံး ခံစားလိုက်ရပါတယ်။ အဲဒီအချိန်တုန်းက ဘာဆိုဘာမှ မမြင်ပဲနဲ့ တော်တော်ကို ရယ်စရာကောင်းပါတယ်... ဆင်ကန်းတောတိုးဆိုတာ အဲလိုမျိုးအတွက် ပြောခဲ့သလားတော့ မသိဘာဘူး



ဒီလိုနဲ့ ကျနော်တို့နှစ်ယောက် ညှိနှိုင်းလို့မရတဲ့အချက်လေးတွေနဲ့ နှစ်ယောက်သံယောဇဉ် ပြတ်တောက်သွားကြပါတယ်... အဲမှာ သူဟာ မြန်ဆန်စွာနဲ့ နောက်ကောင်လေးတစ်ယောက်နဲ့ တွဲဖြစ်ပါတယ်။ ဒီတော့ ကျနော်ခံယူမိတာက အချစ်ဟာ လှည့်စားခြင်းလားလို့ပေါ့... တစ်ချို့ကပြောတယ် အချစ်ဟာ ခဏတာပျော်ရွှင်စေတယ်တဲ့ ။ တစ်ချို့ကပြောတယ် အချစ်ဟာ ရင်ကိုပူလောင်စေတယ်တဲ့ တစ်ချို့ကပြောတယ် အချစ်ဟာ အေးမြစေတယ်တဲ့ ဘယ်ဟာက အမှန်လဲ ကျနော် မသိပါဘူး ကျနော် ယုံကြည်တာကတော့ သူတို့ကြုံဖူးတဲ့ အချစ်ဟာ အေးချမ်းတယ်ဆို ဒါအချစ်ဟာ အေးမြတယ်ပေါ့။ အဲ တစ်ချို့က ပူလောင်မူနဲ့ တွေ့ဆုံခဲ့မယ်ဆိုရင် ဒါဟာ အချစ်ဟာ ပူလောင်တယ်ပေါ့ ..

တကယ်တော့ အချစ်ဆိုတာ ဘာလဲ အခုထက်ထိတော့ ကျနော် မသိသေးပါဘူး။ အရှင်းဆုံးကတော့ အချစ်ဆိုတာ တနှာလို့ပဲ ကျနော်မြင်မိပါတယ်။ တယောက်ကို တယောက် ဘာလို့ချစ်တာလဲ ကြည့်ပါဦး သူရဲ့ မျက်နှာလေးက ချစ်စရာကောင်းလို့.... သူရဲ့ မျက်လုံးလေးက လှလို့ သူလေးကတော့ ရိုးသားလို့ ဘာလို့စသည်ဖြင့်ပေါ့လေ... ဒါပေမဲ့ နောက်ဆုံး ကောက်ချက်ချလို့ ရတာကတော့ ကိုယ်က ပိုင်ဆိုင်လိုစိတ်များနေတာပါပဲ ဒါဟာလဲ တနှာပါပဲ ငါဆိုတဲ့အတ္တပါတဲ့ တနှာပေါ့ဗျာ.. ကဲနောက်ဆုံးတော့လဲ အချစ်ဆိုသည်မှာ အချစ်သာဖြစ်ပါကြောင်း

ကဲ ကျနော်မြင်မိသော အချစ်ဆိုသောအရာကို ရေးလိုက်ပြီးနော့် ကဲ ကျနော်ရဲ့ ချစ် ညီအစ်ကို မောင်နှမများကလဲပေါ့ဗျာ. ဟဲဟဲ ကျနော် တက်ခ်ကလှည့်ပေါ့ ဟုတ်ဘူးလား ရေးရင်တော့ ဝှေ့လည်ကြောင်ပတ်နဲ့ ၅၂ဂ အချစ်မေတ္တာကို မရေးကြနဲ့နော် ကျနော်သိချင်တာက ၁၅၀၀ အချစ်ကိုပါ.. ကဲ ကံစမ်းမဲဖောက်လိုက်တော့ အလှည့်ကြသူတွေကတော့ ... ... ငဲငဲငဲ(ရယ်ခြင်းပါ)

ကိုမိုးမောင်တို့ သုံးယောက်
ကိုပုလုကွေး
ကိုရန်နိုင်စိုး
ကိုသံလွင်Hero
ကိုရုပ်ဆိုး
ကိုဗီလိန်
ကိုရွှေပျား
ကိုမိုးသောက်
မကြီးဝါ၀ါ
ချင်းမလေး
Dream
မသက်တန့်
မမဝေ

အားလုံးပဲ အဆင်ပြေလျှင် ရေးပေကြပါနော့် ဟဲဟဲ ကိုယ်အကြောင်းအမှန်ကိုရေးနော့်

5 comments:

Anonymous said...

ရေးပေးပါ့မယ် ညီလေးရေ အခုတော့ ခေါင်းတွေ မှုးနေလို့ ပြန်ပြီ
မနက်မှ ထပ်လာပြီး သေချာ လာဖတ်ပါ့မယ်

October 12, 2008 at 7:51 AM
Anonymous said...

အဟင့်အဟင့်...
အရှစ်ရှိုဒီမာ....ဗာယဲဟင်....
ဦးဦးသောင်ပေါ်တားဂျီးဂယဲ ထရေးဂိုဘာဒွေ ရာတက်ဂ်ခိုင်း
နေမန်းယဲ တိဖူး...တူများက နယ်နယ်ဖဲချိတေးဒါဂို.....
ဂယ်ဖဲ...ဂယ်ဖဲ... ဇွတ်ဖဲ.. ဟီး..ဟီး... :P :P


ဒါနဲ့ဦးဦတောင်ပေါ်သားရေ...ပို့စ်ရဲ့ ၅ပိုဒ်မြှောက်ကစာလုံးပေါင်းက
တဏှာ လား? တနှာ လား?
ဆရာလုပ်တာမဟုတ်နော်..ခင်လို့နော်... :) :)

အင်း..တက်ဂ်တယ်ဆိုတော့လည်းရေးပေးမယ်နော်.. ..

ထနဒေါ့ချောင့် ရမယ်နော်.. ဒါဖဲ...

မကျာမီ.. ရာမီ..ညော်.. :P :P :P

October 12, 2008 at 10:55 AM
Anonymous said...

အချစ်ဆိုသည်မှာ ပို့စ်နဲ့ ကိုယ့်အစ်မကြီးကို တက်ဂ်စရာလား မောင်ရင်ရယ်။
အဟဲ.. တက်ဂ်မယ့်တက်ဂ် ကြောင်မလေးတွေ ၊ကြောင်ကလေးတွေကို
သာများများတက်ဂ် ။မကြီး က အသက်ကြီးပါပြီကွယ်..နော်.း)
အချစ်အကြောင်းမပြောချင်တော့ပါဘူး။ အဟီး.. ရတယ်ဟုတ်

October 12, 2008 at 7:52 PM
Anonymous said...

အချစ်ဆိုတာအမှန်တော့ အတ္တပါပဲ...... ဟုတ်ပ.... :P
ကဲ... ရေးပြီးကြောင်း အကြောင်းလာကြားတာပါရှင့်......

October 12, 2008 at 9:26 PM
Anonymous said...

အတ္တကြီးတဲ လူနဲ့လာတွေ့နေတာကိုး .. ဒီလိုပဲ ပေါ့ ချစ်တာကိုးနော....

ဟုတ်ပါတယ် နောက်ဆုံးတော့ အချစ်ဆိုတာ အချစ်ပါပဲ.. အဲဒါအမှန်ဆုံးပဲ

October 13, 2008 at 9:44 AM