Monday, October 27, 2008

တောင်းပန်စား)

ကဲကျနော် အခုဘလော့ ပြန်လုပ်ချင်စိတ်တွေ ပေါက်လာပါပြန်ပြီ။ လူတွေ လူတွေ စိတ်ခံစားချက်များတာတော့ မပြောတော့ပါဘူးနော့်။ ကျနော်လဲမသွန်းသွန်းပြောသလို ဘလော့ကို စိတ်ကုန်တဲ့ အချိန်တွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။ ဘာကြောင့်လဲမသိ ဒီဘလော့ကို ရေးချင်စိတ်ကုန်သွားတယ်ဗျာ.. ဒါကြောင့်အလုပ်ကို အကြောင်းပြ မဘလော့ပဲနေကြည့်တာ ဟီး ဒါပေမဲ့ နေလို့ မရပါဘူးဗျာ.. ဘလော့မလုပ်ပေမဲ့ မောင်နှမ ဘလော့ဂါတွေနားတောင် ခိုးကြောင်ခိုးဝှက်နဲ့ အမြဲရောက်ပါတယ်.. အခုတော့ ပြန်ဘလော့ပါမယ်.. ကျနော်ရဲ့ညီအကိုလို ခင်ရတဲ့ ကိုညီသွေးလဲ ပြန်ရောက်လာပြီဆိုတော့ ကျနော်လဲ ဘလော့ကို ပြန်လာချင်စိတ်တွေ ဖြစ်လာပါတယ်။

ပထမဆုံး ကျနော်ဘလော့ကို စွန့်ခွါဖို့ လုပ်မိတဲ့အတွက်လဲ ချစ်ဘလော့ဂါ ညီအကိုမောင်နှမများကို တောင်းပန်ပါတယ်နော့်။ နောက်တစ်ခုက ကျနော်ဒီဘလော့မလုပ်တဲ့ အချိန်မှာ အချိန်ပေးလာလည်တဲ့ ဘလော့ဂါမောင်နှမတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။


အခုတော့ ကျနော်တို့ အမှတ်တရ ဓါတ်ပုံတွေတင်လိုက်ပါတယ်။
ဘာလိုလိုနဲ့ ကျနော်တို့ စင်ကာပူကိုရောက်လာတာ (၁) နှစ်ဆိုတဲ့ အချိန်တောင် ရောက်လာခဲ့ပါပြီ။ ဒီ (၁) နှစ်ဆိုတဲ့ အချိန်တွင်းမှာ သေချာပြန်စဉ်းစားကြည့်တော့ ဘာတွေလုပ်ဖြစ်လဲဆိုတော့ ဘာမှ မလုပ်ဖြစ်ခဲ့ပါဘူး။ အလုပ်နဲ့ အိမ် ဒါနဲ့ပဲ နှစ်ပါးသွားနေပါတယ်။ (၂၄.၁၀.၂၀၀၈) ဒီရက်လေးကတော့ ကျနော်တို့ စင်ကာပူကိုရောက်တဲ့ တနှစ်ပြည့်လေးပေါ့။ ဒါနဲ့ အမှတ်တရ ဓါတ်ပုံလေးတွေ တင်ထားပါတယ်..

ဒါလေးကတော့ ကျနော်ရဲ့ လက်ဆောင်ထုပ်လေးပေါ့.......







7 comments:

သံလွင် HeRo said...

ကျနော်က Hang Ten ကြော်ငြာများလားလို့ပါဂျ...ဟားဟား
အခုလိုဘော်ဒါတွေနဲ့ အဲဗားယူနိုက်တက်ခ်ဖြစ်နေတာမိုက်တယ်ဗျို့...
အားလုံးအဆင်ပြေအောင်မြင်ကြပြီး များများဘလော့ခ်နိုင်ကြပါစေဗျား

October 27, 2008 at 6:08 PM
ခေါင်ခေါင် said...

ကိုတောင်ပေါ်သားကြီး... ပြန်လာလို့တော်ပါသေးရဲ့..
ခေါင်ခေါင် တို့လဲ အဲလိုပဲ... အလုပ်တွေ ရှုပ်တဲ့ အခါ...
တော်ပါပြီ ဆိုပြီး... ထားလိုက်ပေမယ့်... ပြီးရင်လဲ မနေနိုင်ပါဘူး....
ပြန်လာတာပါပဲ...
ကိုတောင်ပေါ်သားက ဘယ်တစ်ယောက်လဲ....
သူငယ်ချင်းတွေ ပျော်စရာကြီးနော်...

October 27, 2008 at 10:31 PM
မသက်ဇင် said...

တောင်ပေါ်သားလေးရေ---
လူငယ်တွေတပျော်တပါး--ပျော်စရာပါလား-
သူငယ်ချင်းတွေ--အားလုံးကို ဘလောဂ့်ဖို့ ပြောလေ--
အားလုံးလိုအင်ဆန္ဒ ပြည့်ကြပါစေ---
ခင်မင်လျက်
မသက်ဇင်

October 28, 2008 at 8:24 AM
ဂျဲဂျယ် said...

အတူတူပဲအကိုရေ ကျတော်လဲ စိတ်ရှုပ်လို. ဘာမှမရေးချင်တာနဲ. အိမ်ပဲလိုက်လည်နေတယ်။ တွေ.လိုက်တိုင်း နားမယ်ဆိုတဲ.သူတွေ.နဲ.ပဲတွေ.နေတော့ တမျိုးကြီးပဲဗျ။ သူငယ်ချင်းတွေနဲ. ပျော်စရာကြီးနော် ကျတော်က hand ten များကြော်ငြာတာလားလို. ဟီးဟီး ပျော်ရွှင်ပါစေလို. ဆုတောင်းပေးပါတယ်။

October 28, 2008 at 10:59 PM
Dr. Nyan said...

Welcome back!

October 29, 2008 at 7:13 PM
MrDBA said...

ဘာပြောရမလဲ နော် ... ဆက်ရေး ဒါဘဲ။

October 29, 2008 at 11:14 PM
ညီသွေး said...

အင်း ငါထင်တာမမှားဘူးဆို အဲဒီအထဲမှာ ရုပ်အဆိုးဆုံးကမင်းပဲ ဟား ဟား နောက်တာနော်စိတ်မဆိုးရဘူး ဟဲဟဲ အားလုံးချောနေတော့ မင်းဘယ်သူလဲ မှန်းလို့မရဘူးကွ.. (မင်းရုပ်ဆိုးတာသိထားတယ်လေ :P ) ပြန်လာတယ်ဆိုတော့ ဝမ်းသာပါတယ်ကွာ.... ဆက်ရေးပါဦး။

October 31, 2008 at 3:52 AM