ကဲ ဘာလုပ်ကြမလဲ
စားစရာမဲ့ ဘ၀တွေပျက်သုန်းဒီအတိုင်း လက်ပိုက်
ကြည့်နေ၀ံ့သလား
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ
သနားစရာ ဒီလူမမယ်ကလေးတွေ
မျှော်လင့်လို့ တမ်းတ
ဘယ်မှာလဲ သူတို့မိဘ
ကဲ ကျွန်ုပ် တို့ ဘာလုပ်ကြမလဲ
အဖိုးအဖွား သက်ကြီးရွယ်အိုတွေ
နေစရာမရှိလမ်းဘေးမှာ ဒုက္ခရောက်စွာ
ဝမ်းမီးငြိမ်းအောင် တောင်းစားရရှာ
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ
ပြည်သူတွေ တောင့်တ
သာယာတဲ့ မိသားစုဘဝ
ဘယ်မှာလဲ အခုတော့
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ
သက်လတ်လူငယ် စိတ်ဓါတ်ပျက်ပြား
ခိုးယူလုယှက် လမ်းဘေးအိပ်ရ
ပညာမတတ် ဆိုးကောင်းတွေကို ဒွန်တွဲမရ
ကဲ ကျွန်ုပ်တို့ ဘာလုပ်ကြမလဲ
တောင်ပေါ်သား
3 comments:
ကိုမျိုး ပြောတာ ထောက်ခံတယ် ။။ ဟီးဟီး
October 21, 2008 at 5:10 AMဘာလုပ်ကြမလဲဆိုတော့ ... အဟမ်း..အဟမ်...မပျောပျဖူး.. ကန်တော့ရင်ကန်တော့လိုက်.. ဒါဖဲ..
October 21, 2008 at 10:23 PMဟဲဟဲ...နောက်တာနော်.. ချိတ်ချိုးနဲ့..ချိတ်ချိုးရင် ရုပ်ဆိုးတတ်တယ်..ဟီးဟီး... :P :P :P
မက်မက်တို့ကတော့ ဘလော့ဂင်းမယ်... ဘာမှ မလုပ်ဘူး... ဟီးဟီး..
မက်မက်ဘာမှ လုပ်ဖူးနော်... မက်မက်ဘာမှ လုပ်ဖူးနော်... ဟီးဟီး.... :P :P
ပျော်ရွှင်ပါစေ မောင်လေးရေ ။
October 22, 2008 at 6:40 AMPost a Comment