Friday, September 26, 2008

ကျနော့်ရဲ့ ပထမဆုံးများ

ကဲအခုတော့ မခေါင်ခေါင် ရဲ့ ကောင်းမူကြောင့်ရေးကြည့်လိုက်ပါပြီး ပထမဆုံးတဲ့
စဉ်းတော့ စဉ်းစားတာပဲ ဦးနှောက်ကကောင်းတော့ဘူးဗျ.. မမှတ်မိတော့ဘူး ဒီတော့ ဘလောစ့်တွေကို လျှောက်လှည့်ရတာပေါ့ တွေ့ပါပြီး ကိုCrazy site မှာ.. ဟဲဟဲ ကော်ပီ လုပ်လိုက်တယ်..


ပထမဆုံး ကျေးဇူးတင်ရမှာက - အဖေနဲ့ အမေ (အမေမွေးလို့ ဒီလောကကြီးကို ရောက်တာဟုတ်…. အဖေမရှိရင်လည်း အမေက မွေးပေးလို့ ရတာမဟုတ် ဒီတော့ အဖေနဲ့ အမေကို ပထမဆုံး ကျေးဇူးတင်တယ်)


ပထမဆုံး သောက်ရတဲ့အရာ - အမေရဲ့ နို့ပေါ့ (ဟုတ်ဘူးလား)


ပထမဆုံး စားရတဲ့ထမင်းက – အမေ ခွန့်ကျွေးတာပေါ့..


ပထမဆုံး နေခဲ့တဲ့မြို့ က - တောင်ကြီးမြို့


ပထမဆုံး ရောက်ခဲ့တဲ့ အခြားမြို့ကြီးကတော့ - မန္တလေး


ပထမဆုံး အတန်း - သူငယ်တန်းပေါ့ :)


ပထမဆုံး ကျောင်း - အ.မ.က (၆)


ပထမဆုံး သူငယ်ချင်း(ယောကျာ်းလေး) - ဌေးဝင်း


ပထမဆုံး သူငယ်ချင်း(မိန်းကလေး) - နွေးနွေးမြင့်အောင်


ပထမဆုံး ဖတ်တဲ့ကာတွန်း - မြိုင်ရာဇာတွတ်ပီ

ပထမဆုံး အလည်သွားတာက - ခေါင်တိုင် ရေပူစမ်း (သဘာဝကပေးထားတဲ့ အလှတစ်ခုပေါ့ဗျာ… ရေတွေက အရမ်းပူတာဗျ.. ကြက်ဥတောင် ပြုတ်စားလို့ရတယ်.)


ပထမဆုံး ဆိုခဲ့တဲ့သီချင်း - “တို့ငယ်ငယ်တုန်းက ယောင်ပေဆူးလေးတွေနဲ့ရယ် ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်” ဆိုတဲ့ သီချင်းဗျ…


ပထမဆုံး ရေးတဲ့ ပိုစ့်လေးက - ကျွန်တော့် မေမေ


ပထမဆုံး တင်ဖြစ်တဲ့ ပိုစ့်လေးက - ကျနော်မြို့လေးအကြောင်း


ပထမဆုံး ရောက်ဖြစ်တဲ့ တခြားတိုင်းပြည်က - ဆင့်ကာပူ ဟုတ်ဘူး ယောင်လို့ စင်ကာပူဗျ


ပထမဆုံး ချစ်မိတဲ့သူ - တောင်ကြီးသူ (ဘယ်သူလဲ မေးနဲ့ ပြောပြဘူး) အခုရှိတော့ဘူး ဟဲ ဟဲ ကြော်ငြာဝင်တာ.. :)


ပထမဆုံး အလုပ် - Computer Network


ပထမဆုံး ကျူရှင် - (၆ တန်းမှ စယူတာ မနက်နှင်းတွေ ကျနေတဲ့ အချိန်မှာ သွားရတာ အေးလိုက်တာ)


ပထမဆုံး ခိုးသောက်ဖူးတဲ့ဆေးလိပ် - ၉ တန်းလောက် မှ ခိုးသောက်ကြည့်တာ ( ဘာမှ အရသာလည်း ရှိဘူး အငွေ့ ပဲ လာတယ်… )


ပထမဆုံး ခိုးသောက်တဲ့ အရက် - ၁၀ တန်းတုန်းက တန်ဆောင်တိုင်မှာ သောက်တာ.. (ကောင်မလေးနဲ့ မကြည်တဲ့ အချိန်ပေါ့.. ) အိမ်ကို တိုင်နဲ့နော့် အိမ်ကသိဘူးဗျ..


ပထမဆုံး သောက်ဖြစ်တဲ့ ဘီယာ- တောင်ကြီး Happy New Year မှာ သူငယ်ချင်းတွေနဲ့ သောက်ဖြစ်တာ


ပထမဆုံး ခင်တဲ့ဘလောစ့်ကာအစ်ကို - အစ်ကို ကိုဈာန် (ကျနော့်ကို ဘလော့စ်လောကထဲ ရောက်အောင်လုပ်တာ သူပေါ့ ဟွန်း)


ပထမဆုံး ခင်မိတဲ့ဘလောစ့်ကာအစ်မ - အမ မမီိ


ပထမဆုံး ဆော့ဖူးတဲ့ ကစားနည်း - ဘောလုံးကန်တာ (တောင်ကြီးက ဘောလုံးကန်ကောင်းတယ်ဗျ… ကန်လိုက် သောက်လိုက်ပေါ့ ရေကိုပြောတာနော့်)


ကဲကျနော် မှတ်မိသလောက်တော့ ဒါအကုန်ပဲဗျ... ကျနော့်လည်း သူများတွေ Tag သလိုလိုက် Tag လိုက်ဦးမယ်..

ကိုဆိုးသွမ်း
ကိုကြီးကောက်
ကိုကြီးပုလုကွေး
မမ၀ါ
ချင်းမလေး
မကြီး သက်ဇင်
ဒေါ်ကြီးသက်တန့်
မစ်သွန်းသွန်း

ကဲ Tag ထားတာတွေ ရေးပေးကြနော့်....

4 comments:

WWKM said...

အယ် မောင်လေး စိုးမင်းထိုက် ဒီတက်ကြီးက အမတက်ပြီးသွားပြီလေ.
ဘယ်လိုလုပ်ရပါ့.. ပထမဆုံးများတက်ပို့လေးလေ.. အမ ဆီမှာ လာဖတ်ပေးဦးနော်.. မေးခွန်း မတူတာတွေ ထပ်တက်ပေးစေချင်ရင်တော့
ကြိုးစားပြီး ထပ်ရေးပေးပါမယ် မောင်လေး ရေ...
ဘယ်လိုလုပ်ရပါ့.. ဒွတ်ခ.. အကြံလာပေးပါဦး...း)

September 26, 2008 at 10:14 PM
ခေါင်ခေါင် said...

မေမေချစ်တဲ့ သားကြီးရဲ့ ပထမဆုံး တွေ အကြောင်းသိသွားပြီ...
တောင်ကြီးသူလေး ဘယ်ရောက်သွားလို့လဲ.. တောင်ကြီးသားကြီးရဲ့...

September 26, 2008 at 10:28 PM
HAPPY CLOUD said...

ညီရေ.. နှဲမှုတ်ရတာ မလွယ်ဘူးဟ...း).. ကြိုးစားပြီး စဉ်းစားပါ့မယ်..

September 28, 2008 at 6:42 AM
MELODYMAUNG said...

မဖတ်ဖြစ်တာကြာတဲ့ပို့စ်ကြွေးတွေလာရှင်းမှ ဒီပို့စ်ထဲမှာ နာပါတာတွေ့သဟ
တောင်ပေါ်သားရေ ပထမဆုံးလေး အိမ်သစ်မှာ ထမင်းဖိတ်ကျွေးချင်ဘူးလားဝေ ရှမ်းထမင်းဝါလေ အဟိဟိ ဒါမှမဟုတ် ရှမ်းခေါက်ဆွဲပေါ့ နော်..နော် :)

November 8, 2008 at 6:04 AM