စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၃)
ကျနော်တို့ နေခွင့်တလပြည့်ခါနီး တစ်ပတ်လောက်အလိုမှာ Extend လုပ်ဖြစ်ပါတယ်.. Extend လုပ်တယ်ဆိုတာကတော့ စင်ကာပူမှာ နေခွင့်ထပ်တိုးတာပါပဲ ဒီလို extend လုပ်မယ်ဆိုရင် (၂)မျိုးရှိပါတယ်.. ပထမဆုံးကတော့ ICA (Immigration Checkpoint Authority) မှာ PR (Permanent Residence) လက်မှတ်နဲ့ သွားတိုးလို့ရပါတယ်.. နောက်တစ်ခုကတော့ လူကိုယ်တိုင်သွားစရာမလိုပဲ Online ကနေပြီးတော့ တိုးလို့ရပါတယ်.. အခုနောက်ပိုင်း ပထမနည်းဖြစ်တဲ့ လူကိုယ်တိုင်သွားတိုးရင်တောင် မလွယ်တော့ပါဘူး.. သူကညီအစ်ကို မောင်နှမတွေဆို အဆင်ပြေပါတယ်.. ဒီတော့ ကျနော်တို့လည်း extend မရမှာကြောက်တာနဲ့ မြန်မာတွေ စုဝေးရာ Panasular Plaza က မြန်မာဆိုင်တစ်ဆိုင်မှာ ငွေပေးပြီးလုပ်ခိုင်းလိုက်ပါတယ်.. တော်တော်တုန်းတဲ့ IT သမားတွေနော့်..ဒီလိုနဲ့ ကျနော်တို့ Extend လုပ်ပြီး Result သွားကြည့်တော့ ကျန်တဲ့သူငယ်ချင်းတွေ အားလုံးက (Approve) ဖြစ်ပြီး နောက်ထပ် တစ်လထပ်ရကြပါတယ်.. ကျနော်ခါကြတော့ (Approve)လဲမဟုတ်၊ (Reject)လဲမဟုတ်နဲ့ ICA ကိုလာခိုင်းပါတယ်.. ဒုက္ခတွေရောက်ပြီးပေါ့.. စိတ်တွေလည်း ပူလို့ပေါ့ သေသေချာချာလည်း မသိရသေးဘူးပေါ့.. ဒီတော့ ကျနော် ICA ကိုသွားရပါတယ်.. စင်ကာပူရဲ့ ထုံးစံအတိုင်း တန်းစီစောင့်ရတာကလည်း လူကိုရင်မောစေပါတယ်..ကျနော်အလှည့်ရောက်တော့ ကျနော်ရဲ့ Print ထုတ်လာတဲ့ စာရွက်လေးကို ပြလိုက်ပါတယ်… တာဝန်ရှိတဲ့သူကလည်း ဘာစကားမှမပြောပဲ အခွန် ဒေါ်လာ(၂၀)စောင်ပြီး ပြန်လာခဲ့တယ်.. ကျနော်အစကတော့ ပြန်မေးမလို့ပဲ ဘာအတွက်အခွန်ဆောင်ရတာ လဲပေါ့… နောက်မှ သွားရစ်မိလို့ သက်တမ်းတိုးမရရင် ဒုက္ခပဲဆိုပြီး ငြိမ်နေလိုက်ရတယ်..
ဒီတော့ ကျနော်လည်း အခွန်ဆောင်တဲ့ ကောင်တာကိုရောက်တော့ လက်ထဲမှာပါတဲ့ စလစ်လေးပေးပြီး ဒေါ်လာ (၂၀) ထုတ်ပြီးပေးလိုက်ပါတယ်.. ကောင်တာကတာဝန်ရှိသူက Cash နဲ့ ပေးလို့ မရဘူးတဲ့ဗျာ.. Credit Card တို့ဘာတို့နဲ့ ပေးလို့ရတယ်တဲ့.. ကျနော်မှာလည်း ဘာ Credit Card မှ မရှိတာ.. ဒါနဲ့ ကျနော်တို့ စင်ကာပူမှာ လိုင်းကားတွေ၊ ရထားတွေမှာစီးရင် ဖြတ်တဲ့ E-z Link Card ဆိုတာနဲ့ ပေးလို့ရတယ်တဲ့ ဒီတော့ ကျနော်လည်း အဲဒီ ကတ်လေးနဲ့ပဲ ပေးခဲ့ရတာပေါ့.. သူများနိုင်ငံများ စနစ်ကောင်းလိုက်တာ ဒီလိုလုပ်ထားတော့ လာဏ်စားချင်တဲ့သူရှိရင်တောင်မှ ဘယ်လိုမှ လာဏ်စားလို့မရတော့ဘူးဗျာ…. ကျနော်လည်း အခွန်ဆောင်ပြီးတော့ Extend လုပ်တဲ့နေရာကို ပြန်လာပါတယ်…. မလေးမလေးက သဘောအကောင်းတာဗျ.. ဘာမှမပြောဘူး နောက်တလထပ်တိုးပေးလိုက်တယ်… ကောင်းမှာပေါ့ ဒီကကောင်က အခွန် ဒေါ်လာ(၂၀)ကြီးများတောင် ဆောင်ပေးခဲ့တာကိုး…
ဒီလိုနဲ့ ကျနော်တို့ သူငယ်ချင်းတွေ နောက်တစ်လထပ်ရခဲ့ပါတယ်.. ဒါပေမဲ့ ကံကြမ္မာက ကျနော်တို့ ဘက်မှာမရှိခဲ့တာလာတော့ မသိဘူးဗျာ..ဒီတစ်လလုံးလည်း Interview လေးရလိုက် သွားလိုက်နဲ့ ဘာမှ မယ်မယ်ရရအလုပ် မရခဲ့ပါဘူးဗျာ.. ဒီတော့ ကျနော်တို့ မြန်မာတွေအခေါ် တိုင်ပတ်တယ်ပေါ့ဗျာ.. တိုင်ပတ်တယ်ဆိုတာကတော့ စင်ကာပူမှာ နေခွင့်ကုန်သွားတော့ စင်ကာပူကနေပြီး ထွက်ပေးရတယ်လေ.. ဒီတော့ အမိမြန်မာနိုင်ငံကိုလည်း မပြန်ချင်တော့ မလေးရှားကို ခဏသွားနေ ပြီးမှ စင်ကာပူကို ပြန်ဝင်လာပေါ့.. ဒါကိုတိုင်ပတ်တယ်လို့ ခေါ်တယ်ဗျာ.. ကျနော်တို့မှာလည်း စင်ကာပူ Visa က မရှိတော့ဘူးလေ.. ဒီမှာ တစ်ခုပြောချင်တာက Visa နဲ့ Stay ရတာမတူဘူးဆိုတာပါ.. ကျနော်တို့ စင်ကာပူလာဖို့ လုပ်လာတဲ့ Visa က တစ်လပဲ ခံပါတယ်.. စင်ကာပူမှာနေခွင့်ကတော့ Immigration အပေါ်မှာမူတည်ပါတယ်.. ကျနော်တို့ သူငယ်ချင်းတသိုက်ဆို Visa က တစ်လပြည့်ကတည်းက ကုန်နေပါပြီး.. ဒါပေမဲ့ နေထိုင်ခွင့်ကတော့ အားလုံး (၂) လစီရကြတယ်လေ.. ဒီတော့ ကျနော်တို့ (၂)လပြည့်ခါနီး ထပ်စဉ်းစားတယ် ဘာလုပ်မလဲပေါ့.. ကိုယ့်တိုင်းပြည်ပဲ ပြန်မလား.. ဒါမှမဟုတ် Stay ရှောင်မလားပေါ့.. ဒီတော့ ကျနော်တို့ တိုင်ပတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်. အားလုံး ကျနော်တို့ သူငယ်ချင်း (၄)ယောက်ပေါ့.. ဒီတော့ ကျနော်တို့ Panasular Plaza မှာရှိတဲ့ Agent ကနေပြီးတော့ မလေး Visa ၀င်ရပါတယ်.. ပြီးတော့ စင်ကာပူ Visa ပါထပ်လုပ်ရပါတယ်.. ဒီမှာဘာဖြစ်လဲဆိုတော့ မလေး Visa ကအခက်အခဲမရှိပါဘူး အားလုံးအဆင်ပြေပါတယ်..
စင်ကာပူ Visa လုပ်ရင်ကျနော်တို့က ဒီမှာလက်ရှိနေ နေသေးတော့ စင်ကာပူ Visa လုပ်ရင် Reject ဖြစ်ဖို့ အစပိုများတယ်တဲ့ ဒီတော့ Agent ကဘာပြောလဲဆိုတော့ ကျနော်တို့ စင်ကာပူကနေထွက်သွားပြီးမှာ သူက စင်ကာပူ Visa ကို ပြန်ဝင်ပေးမယ်လို့ပြောတယ်.. ပြီးတာနဲ့ကျနော်တို့ Visaတွေကို မလေးကို ပို့ပေးမယ်လို့ပြောပါတယ်.. ဒီတော့အစကတည်းက ဘာမှမသိတဲ့ ကျနော်တို့လည်း သူပြောတဲ့အတိုင်း လုပ်ရတာပေါ့ဗျာ.. ဒီလို့နဲ့ ကျနော်တို့ New Year မတိုင်ခင် မလေးရှားကို ကားနဲ့ထွက်လာခဲ့ပါတယ်.. စိတ်ထဲကတော့ တထင့်ထင့်ပေါ့ဗျာ… ဒီလိုနဲ့ စင်ကာပူ Immigration ကိုဖြတ်လို့ မလေး Immigration ကိုဝင်ရတော့မှာပေါ့.. သူများပြောတာကြားတာကတော့ မလေးတွေဟာ ကျနော်တို့မြန်မာနိုင်ငံကလူတွေနဲ့ အတူတူပဲလို့ ပြောတာပဲ (အာရကေ ယူတာကိုပြောတာနော့် :-)) ကျနော်တို့ မလေး Immigration မှာတန်းစီကြတာပေါ့.. ဒီမှာကျနော့်ရှေ့က သူငယ်ချင်းတစ်ယောက်ကို အရမ်းရစ်နေပါရော့ဗျာ.. သူလည်း တော်တော့်ကို အရစ်ခံရပြီးမှ မလေးရှားနိုင်ငံထဲကို ၀င်ရတော့တယ်.. ကျနော့်ကတော့ လူလည်လေး ကျနော့်ရှေ့ကသူငယ်ချင်းကို ရစ်နေတော့ ကျနော်အလှည့် မရောက်ခင်ကျနော် အခြားတန်းကို ပြောင်းစီးလိုက်ပြီးတာ.. ဘုရားသခင်ရဲ့ စောင့်ရှောက်မူကြောင့် ကျနော်ကို ဘာမှ မရစ်ပဲနဲ့ မလေးရှားထဲကို ၀င်ခွင့်ပေးလိုက်ပါတယ်.. ဒီလိုနဲ့ မလေးရှားကိုလဲ ရောက်ခဲ့ပြန်ပြီပေါ့ဗျာ…
မလေးရှားရောက် အတွေ့အကြုံများ အပိုင်း (၄)မှာ ဆက်တင်ပြသွားပါမယ်ဗျာ…
5 comments:
အတွေ့အကြုံလေးတွေလာဖတ်သွားပါတယ်....
September 18, 2008 at 10:33 PMအောင်မလေးဗျာ.....မောပြီးရင်းပိုမောနေရပါလားဗျ။ ဟီး မလေး အတွေ့ အကြုံလေးတွေ စောင့်နေမယ်ဗျို့ ။
September 19, 2008 at 12:43 AMသယ်ရင်းရေ..
September 20, 2008 at 11:39 AMကိုယ်လဲ မလေးမရောက်ဖူးလို့ မလေးအတွေအကြုံလေး စောင့်ဖတ်နေမယ်. ဒါနဲ့ စလုံးဝန်ထမ်းနဲ့ ကိုယ်တို့ နိုင်ငံက ၀န်းထမ်းတွေ တော်တော်ကွာတယ်နော်...
ကျေူးဇူးဗျို့... ကျွန်တော်လည်း အတွေ့အကြုံတွေ ဖတ်ထားမှ :)
September 21, 2008 at 2:56 AMစင်္ကာပူနဲ့မလေးအကြောင်းလေးတွေကို စောင့်ဖတ်နေတယ်နော် အတွေ့အကြုံလေးတွေကို အခုလိုမျှဝေလို့ကျေးဇူးနော်
September 21, 2008 at 10:47 PMPost a Comment