Friday, September 12, 2008

အမေ့အိမ်

အိမ်

အူဝဲဆိုပြီး ထွက်လာခဲ့တည်းက
မပျက်မေတ္တာတွေနဲ့
အမေ…

လူဘ၀အစ ကလေးအရွယ်
လူတွေနားလည်တဲ့ ဘာသာစကားသင်ကြားပေးတဲ့
အမေ…

မူကြိုအရွယ် ကလေးဘဝ
လူများတန်း တန်းတူထားပေးခဲ့တဲ့
အမေ….

ကျောင်းပညာအတွက် မပူရအောင်
ဒုက္ခထမ်းပိုး ရဲရဲထမ်းခဲ့တဲ့
အမေ…

ဆယ်တန်းလေး အောင်တာကို
လူပုံအလယ် ၀ံ့ကြွားခဲ့တဲ့
အမေ…

ဘွဲ့ဓါတ်ပုံလေးနဲ့ သားကို
ဝမ်းသာမျက်ရည်တွေနဲ့ ကြည့်နေတဲ့
အမေ…

ဝေးတော့မှ မိဘမေတ္တာကြီးမှန်း
သား အခုသိနေရပြီ
အမေ…

ဘ၀ရဲ့ ခိုနားရာ နေရာလေး
အမေ့အိမ်လေးကို
သားသတိရနေတယ် အမေ….

စိုးမင်းထိုက်

3 comments:

သက်တန့် said...

အမေ နဲ့ အိမ် ဒွန်တွဲမှ အဓိပ္ပါယ် ပြီးပြည့်စုံတဲ့ နေအိမ် ဖြစ်သွားတာပေါ့နော်...

“အမေ မရှိသော နန်းတော်ထက် ပိုမိုကြီးကျယ်သည့် အဆောက်အဦသည် နေအိမ် မဟုတ်...
အမေ ရှိသော တစ်ဖက်ရပ်တဲသည်သာ နေအိမ် ဖြစ်သည်...”
ဖတ်ဖူးတာလေးတစ်ခုကို ပြောပြတာပါ... :)

September 12, 2008 at 5:22 PM
puluque said...

ကဗျာလေးကို ကြိုက်တယ်။ ခံစားရတယ်.

September 13, 2008 at 9:06 PM
Unknown said...

ကဗျာလေးက အဓိပ္ပါယ်လိုက်တာဗျာ..ခံစားချက်လည်းတူလိုက်တာဗျာ..အားပေးတယ်...

July 20, 2009 at 12:15 PM