Friday, September 5, 2008

စင်ကာပူရောက် ကျနော်အတွေ့အကြုံ (၁)

အောက်တိုဘာရဲ့ လလယ်လောက်မှာ မျှော်လင့်တောင့်တ ဖြစ်ချင်နေတဲ့ အရာလေး တစ်ခု ဖြစ်လာခဲ့ပါတယ်.. အဲဒါကတော့ ကျနော်တို့လို ပညာမတတ်တခေါက် လူငယ်တိုင်း စိတ်ကူးယဉ်မိကြတဲ့ တခြားတိုင်းပြည်မှာ အလုပ်သွားလုပ်မယ်ဆိုတဲ့ ရည်ရွှယ်ချက်လေးဟာ အထမြောက်ခဲ့ပါတယ်..

ဘယ်လိုမှမမျှော်လင့်ထားတဲ့ နေ့တစ်နေ့ရဲ့ ကောင်းခြင်းလေးပါ.. အဲဒီနေ့ကကျနော်ရဲ့ မွေးနေ့လေးပေါ့ မွေးနေ့လေးကို လူမသိသူမသိနဲ့ အထီးကျန်စွာ တစ်ဦးတည်း ကုန်ဆုံးခဲ့ပြီးနောက် ညနေပိုင်းလေးကို ကျော်ဖြတ်လို့ မှောင်မိုက်တဲ့ ညအချိန်လေးကို ရောက်လာပါတယ်.. မှတ်မှတ်ရရ အဲဒီနေ့က မီးကလည်းမလာ မြေနီကုန်းတစ်ခုလုံး မှောင်မိုက်လို့ပေါ့..

အိမ်မှာရှိတဲ့ ခြင်းဖုန်းလေးက ဂလင်ဂလင်နဲ့ အသံမြည်လာပါတယ်.. ဖုန်းလေးကို ကောက်ကိုင်လိုက်တော့ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းဆီက ဖုန်းပါပဲ.. “မင်း စင်ကာပူသွားမယ်ဆိုရင် မနက်ဖြန် ဓါတ်ပုံ ၂ပုံ၊Passport Copy နဲ့ ငွေတစ်သိန်း ယူပြီး Moon and Bakery ကို နေ့လယ် ၁၁ နာရီလောက် လာခဲ့ပါတဲ့” ကျနော်မှာ ယောင်တောင်တောင်နဲ့ ပြန်ပြောမလို့ပဲ ရှိသေးတယ်ဗျာ.. ကိုရွှေတော် ခြင်းဖုန်းက ဘက်ထရီ ဒေါင်းသွားရော..


ဒီလိုနဲ့ နောက်နေ့(၁၁)နာရီလောက်မှာ Moon and Bakery ကိုရောက်သွားတယ် အဲမှာ သူငယ်ချင်းတွေနဲ့ တွေ့တော့ သူတို့ပြောတာက ပုံမှန် စင်ကာပူကိုလာချင်ရင် ကျနော်တို့နိုင်ငံမှာရှိတဲ့ စင်ကာပူသံရုံးမှာ Visa ၀င်ရတယ်တဲ့. အဲလို Visa (ပြည်ဝင်ခွင့်) ၀င်ရင် စင်ကာပူသံရုံးမှာ Deposit $650 လောက်သွင်းရတယ်တဲ့... အခုဟာက စင်ကာပူမှာ ရှိတဲ့ သူတို့ရဲ့ လူက Calling Visa အနေနဲ့ လုပ်ပေးမှာ ဖြစ်တဲ့ အတွက် ကျပ် ၁ သိန်းလောက်ပဲ ကုန်မယ် လို့ပြောပြပါတယ်… အဲဒီ Calling Visa ရတာနဲ့ လေယာဉ်လက်မှတ်ဝယ်ပြီး စင်ကာပူကို လာလို့ရတယ်လို့ပြောတယ်ဗျာ….ကျနော်လည်း ဘာမှမသိ သူတို့ပြောတာကို နားထောင်ပြီး လုပ်မယ်လို့ ပြောလိုက်တယ်…. အမှန်အတိုင်းဝန်ခံရရင် စိတ်ထဲမှာတော့ တစ်ထစ်ထစ်နဲ့ပေါ့..

ကျနော်တို့လို IT (မြန်မာလိုဆို ငအပေါ့ဗျာ) သမားတွေအတွက် စွန့်စားမယ်ဆိုလည်း စင်ကာပူလို နိုင်ငံလေးကအကောင်းဆုံးပေါ့ဗျာ…. အနောက်နိုင်ငံကို တိုက်ရိုက်သွားဖို့ ဆိုတာကလည်း ငွေလည်း တတ်နိုင်မှဗျ… ငွေတတ်နိုင်ရင်တောင် သူတို့ရဲ့ ဓလေ့တွေနဲ့ အထိုင်ကျဖို့ မနဲလိုက်လုပ်ရမှာ ပညာကလည်း ကျွမ်းမှလေ.. ဒီတော့ ကျနော်တို့ နိုင်ငံမှာ ရှိတဲ့ IT (ဟဲဟဲ ငအ) အများစုက စင်ကာပူလို နိုင်ငံမျိုးမှာ အရင်ဆုံး Experience ယူကြတာကို တွေ့ရတယ်လေ…. ဒီတော့ အစ်ကိုနောင်တော်တွေရဲ့ ခြေရာကို လိုက်နင်းပြီးတော့ စင်ကာပူသွားဖို့ ပြင်ဆင်နေတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ… ဒီလိုနဲ့ ကျနော်တို့ လုပ်ထားတဲ့ Calling Visa လည်းရရော ကျနော်တို့ စင်ကာပူကို လာဖို့ သုတ်ခြေတင် လုပ်ရတယ်ဗျ… အချိန်ကမရှိတော့ဘူးလေ… ကျနော်သူငယ်ချင်းတွေက Cisco လို့ခေါ်တဲ့ ဘာသာရပ်တစ်ခုကို စာမေးပွဲဖြေရင် သွားမှာဆိုတော့ အမြန်လုပ်ကြတာပေါ့..

ကြားထဲမှာ မွေးရပ်မြေလေးကို ၄ ရက်လောက်ပြန်ပြီး ချစ်သောအမေနဲ့ သွားတွေ့ဖြစ်ပါတယ်.. အမေကတော့ ငါ့သားလေးကို မခွဲနိုင်ဘူးပေါ့… ဆွေမျိုးတွေကတော့ ဘာမှသိတာမဟုတ် နိုင်ငံခြားသွားပြီး အလုပ်လုပ်မှာဆိုတော့ အထင်တွေဇွတ်ကြီးလို့ပေါ့.. ကျနော်မှာတော့ ဘာမှ ရေရေရာရာ မသိသေးတဲ့ တိုင်းပြည်ကိုသွားပြီး မိဘ၊ဆွေမျိုးတွေနဲ့ ခွဲပြီးအလုပ်ရှာရမှာဆိုတဲ့ အသိနဲ့ အိပ်ကောင်းချင်မအိပ်ရ ၊ စားကောင်းချင် မစားရနဲ့ပေါ့ဗျာ.. ဒီလိုနဲ့ အမေနဲ့ ၄ ရက်လောက်နေပြီး ရန်ကုန်ကို ပြန်လာပါတယ်. တကယ်တမ်း (၄) ရက်တာပြောတာ တောင်ကြီးနဲ့ ရန်ကုန်ဆိုတာ သိတဲ့အတိုင်း အသွားအပြန် (၂) ရက်လောက်က လမ်းမှာပဲ ကုန်သွားတာဗျ.. ကိုယ်ချစ်တဲ့ မွေးရပ်မြေလေးကို ကြည့်ပြီး ယောကျာ်းဖြစ်ရက်နဲက မျက်ရည်တွေကျခဲ့ပါတယ်.. ဒါပေမဲ့ ၀မ်းနည်းမူတွေက

0 comments: