မအားလပ်သော ကျနော်အားလပ်ရက်လေးများ
မအားလပ်သော ကျနော်အားလပ်ရက်လေးများ
ကျနော်ရဲ့ Title လေးကို ဖတ်ပြီး တော်တော်ခေါင်းရှုပ် သွားတယ်ထင်ပ
တကယ်ပြောတာဗျ… ကျနော်မှာ လူများတကာ အားလပ်ရက်လေးရနေတဲ့ အချိန်မှာ ကျနော်မှာ မအားလပ်နိုင်ပါဘူး.. ဒီလို (စနေ၊တနင်္ဂနွေ) နေ့လေးတွေမှာ များသောအားဖြင့် လျှောက်သွားလည် တတ်ကြပါတယ်.. ကျနော်အဖို့တော့ ဒီတပတ် အိမ်တွင်းအောင်းပြီး မရှင်းရတာကြာပြီ ဖြစ်တဲ့ အရာတွေကို ရှင်းရပါတယ်.. မရှင်းလို့လဲ မရတော့ဘူးဗျ.. ဟဲဟဲ.. ကျနော်တို့ ယောက်ျားလေးတွေ နေတဲ့ အခန်းဆိုတော့ ယောက်ျားလေးများ သိက္ခာကို ဆက်လက်ထိန်းသိမ်း ထားတဲ့ အနေနဲ့ ကျနော်တို့ အခန်းလေးကို မရှင်းတာကြာပြီဗျ….
ဒါလေးကတော့ ကျနော်တို့ နေတဲ့ အခန်းလေးပေါ့ဗျာ.. ဟဲ.. ဟဲသန့်ရှင်းတယ်နော်… ယောက်ျားလေးတွေကြီး နေပါတယ်ဆိုမှ ဒီလောက်တော့ ရှိမှာပေါ့နော့်…
ဒါလေးကတော့ ကျနော်တို့ အခန်းမှာ ရှိတဲ့တစ်ခုတည်းသော ထမင်းစား စားပွဲလေးပေါ့ဗျာ.. ၁၂ပေ ပတ်လည်လောက်ရှိတဲ့ အခန်းမှာ ဒီစားပွဲလေး ကို ထားပေးတဲ့ အိမ်ရှင် အမကြီးကို ပဲ ကျိတ်ကျေးဇူးတင် ရပါတယ်.. ရှိသမျှ စားစရာ၊ သောက်စရာ လေးတွေကို ဒီစားပွဲလေးက မညီးမညူ လက်ခံပေးတယ်လေ.. ဒီတော့ ကျနေ
ာ်တို့ရဲ့ ပစ္စည်းမှန်သမျှ အဲဒီ့ စားပွဲလေးပေါ်ပဲ ရောက်ကြရတာပေါ့ဗျာ..
ဒါကတော့ ကျနော်တို့တွေ အိပ်တဲ့ အိပ်စင်လေးတွေပေါ့ဗျာ.. အထက်က ပြောခဲ့သလို ၁၂ ပေလောက်ရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ၆ပေ ကုတင်ကြီး (၃) လုံးလောက် ထားတတ်တဲ့ အခန်းရှင်ရဲ့ စီမန်ခန့်ခွဲမူကိုလည်း လေးစားမိပါရဲ့…ချီးလည်း ကျူးမိပါရဲ့ဗျာ..
ဒီဘက်ကတော့ ကျနော်တို့တွေရဲ့ အ၀တ်ဗီရိုကြီးပေါ့ဗျာ.. အ၀တ်ဗီရိုကိုတော့ မဖွင့်ပြတော့ပါဘူး.. တော်ကြာ ဖွင့်ပြလိုက်ရင် ကျနော့် စာဖတ်သူတွေဆီ မကောင်းတဲ့ အနံ့တွေ ရောက်လာမှာဆိုလို့ဗျ..
အဲအလယ်မှာ ရှိတဲ့ စားပွဲအနီလေးကတော့ ကျနော်တို့မှာ ရှိတဲ့ ကွန်ပျူတာလေးတွေကို ထားတဲ့နေရာလေးပေါ့ဗျာ.. စားပွဲလေးက ကျဉ်းတော့ တစ်ယောက်ပဲကောင်းကောင်း သုံးလို့ရတယ်ဗျ.. အဲလူတွေစုံလို့ ကွန်ပျူတာလေးများ သုံးချင်ရင် ဒီလိုသုံးရတယ်ဗျ… ဟဲ .. ဟဲ
ဒီနေ့တော့ ကျနော် မလျှော်ရတာကြာပြီဖြစ်တဲ့ အ၀တ်တွေကို လျှော်ရပါတယ်.. အပျင်းကြီးလို့ မလျှော်တာ မဟုတ်ဘူးနော် ဟဲ..ဟဲ အလုပ်တွေများနေလို့ အချိန်မရလို့ပါဗျာ.. ကျနော်ဘ၀မှာ အ၀တ်လျှော် ၊ မီးပူတိုက်ရတာလောက် စိတ်ညစ်ရတဲ့ အလုပ်မျိုးမရှိဘူးဗျ.. ငယ်စဉ်ကတည်းက အလေ့အထ မလုပ်ခဲ့တဲ့ အပြစ်တွေပေါ့ဗျာ.. ဒီအတွက် ကျနော်မှာ တော်တော်ကို စိတ်ဒုက္ခရောက်ရပါတယ်..
အဲအခုလက်ရှိကတော့ အ၀တ်လျှော်ရတာ တော်တော်ကို အဆင်ပြေပါတယ်.. အဆင်ပြေတယ်ဆိုလို့ ကျနော်ကို အထင်မကြီးနဲ့ဦးနော်.. လျှော်မဲ့ အ၀တ်တွေကို စုပြီး အိမ်ရှင်က ပေးသနားထားတဲ့ ဒီအ၀တ်လျှော် စက်ထဲကို စုပြီး ထည့်လိုက်တာပဲ.. နောက်မှ ကိုယ်လိုချင်တဲ့ အတိုင်း နှိပ်လိုက်တာနဲ့ ကျနော် အ၀တ်တွေကို လျှော်ပြီးသွားရောပေါ့..
ဟဲဟဲ ဒါတောင်မှ အ၀တ်တွေကို ထုပ်ပြီး လှန်းရသေးတယ်ဗျာ… တော်တော်ပင်ပန်းမှာ ပဲလို့စာဖတ်သူတွေတွေးပြီး သနားနေတယ်ထင်ပ (အပျင်းကြီးတယ်လို့တော့ မယူဆနဲ့နော်)
ကျနော်ကို အဓိကဒုက္ခအပေးဆုံးကတော့ မီးပူတိုက်တာပဲဗျာ.. တော်တော်ကို စိတ်ညစ်စရာကောင်းတယ်ဗျာ.. ငယ်ငယ်ကတည်းက မီးပူမတိုက်ခဲ့ရတဲ့ ဒုက္ခတွေပေါ့ဗျာ.. အ၀တ်လျှော်စက်လို မီးပူအလိုအလျောက် တိုက်ပေးတဲ့ စက်များရှိရင် ဘယ်လောက်ကောင်းပါမလဲလို့ မီးပူတိုက်တိုင်း တမ်းတမိတယ်ဗျာ.. အဆိုးဆုံးကတော့ မီးပူတိုက်နေရင်း အကျီင်္လေးတွေ တွန့်တွန့်သွားတာကိုဗျာ.. ခေါက်ကြောင်းကလည်း မညီမညာ..
လူကလည်း ရုပ်တာမချောတာ အ၀တ်ကတော့ သန့်မှ ကြိုက်တဲ့လူစားမျိုးဆိုတော့ ဒုက္ခတွေ ရောက်တာပါပဲဗျာ.. တစ်ခါတလေ မီးပူတိုက်နေရင်းနဲ့ စိတ်တိုလာပြီး အ၀တ်တွေကို ပစ်ထုတ်ပြီး ပြန်တိုက်ရတဲ့ အခါပေါင်းလည်း မရေနိုင်တော့ဘူးဗျာ.. ဒီနေ့ တနင်္ဂနွေ တနေကုန် ဒါတွေနဲ့ နပမ်းလုံးနေရတယ်ဗျာ..
ညပိုင်းရောက်တော့ ဗိုက်ကလည်း ဆာလာတာနဲ့ အောက်ထပ်မှာရှိတဲ့ တရုတ် မလေးဆိုင်တွေစီ ပြေးရပြန်ပါတယ်.. ထမင်းဟင်းချက်ခွင့်မပေးတဲ့ အိမ်ရှင်မမကျေးဇူးကြောင့် ရသမျှ လစာနဲနဲလေးထဲကမှ ဒီဆိုင်လေးကို လုပ်ကျွေးတာလည်းမနဲ တော့ပါဘူး.. ဆိုင်ရောက်တော့ သူတော့ပြောတဲ့ မလေးစကား ကိုယ်ကလည်း နားမလည်ဆိုတော့ နောက်ဆုံး ဒုံးရင်းကဒုံးရင်း အတိုင်း ကြက်ဆီထမင်းနဲ့ နှစ်ပါးသွားလိုက်ရပါတယ်..
တနေ့ တနေ့ ဒီလို ကြက်ဆီထမင်း၊ ထမင်းကြော် တွေနဲ့ နပမ်းလုံးနေရတဲ့ ကျနော်ဘ၀လေး ဘယ်တော့မှ ကျွတ်လွတ်မလဲ မသိပါဘူး.. ဒါတွေကတော့ ကျနော့် ရဲ့ မအားလပ်တော့ ကျနော် အားလပ်ရက်လေးများပါပဲ.. ဒီစာကို ဖတ်တဲ့ ကျနော် မိတ်ဆွေများ ကျနော်ကို သနားပြီး ထမင်းများ ဖိတ်ကျွေးမယ်ဆိုရင်တော့ တကယ်ကို လာစားမှာနော်. ဟဲ.. ဟဲ..
3 comments:
အင်း ဒီထက်ရှုပ်တဲ့အခန်းတောင် ဒီလောက်ရှုပ်မယ်ထင်ဘူး အဟိဟိ
August 20, 2008 at 7:07 PMသနားပီး ထမင်းတော့ဖတ်ကျွေးချင်သား ဒါပေသိ နာတို့အခန်းက ပိုရှုပ်တာ သိသွားမစိုးလို့ ခေါ်တော့ဘူး :P
brother ရေ
August 24, 2008 at 7:31 AMမီးပူတိုက်ကတဲ့ အလုပ်လောက်ပျင်းစရာကောင်းတာ မရှိဘူး. ဒါပေမဲလည်း ဒီအတိုင်းလည်းမ၀တ်တက်ဘူး။ စလုံးရောက်မှ မီးပူတိုက်ရတဲဒုက်ခကလည်း မသေဘူး. အရင်ကတော့ အိမ်ကတိုက်ပေးတဲ့ အကျီကို အခန့်သားဝတ်ရတဲ့ ဘ၀ကို လွမ်းသား
အာ သေချာခေါက်ပြီး မွေ့ယာအောက် ထားလိုက်ရင် တိုက်ပြီးသားဖြစ်ရောဗျာ .. ခက်ပ
September 8, 2008 at 5:49 AMPost a Comment