Sunday, June 22, 2008

အသဲကွဲသမားတစ်ဦး၏ ဒိုင်ယာယီ

ဒီ ပိုစ့်လေးကို ကျနော်ရဲ့ အစ်ကိုတစ်ဦးဖြစ်တဲ့ ကိုလူပျိုကြီးက ပေးပို့လိုက်တာပါ…

သူရဲ့ ဘ၀ ခံစားချက်လေးကို ဖတ်ရှုပြီး ရင်ထဲမှာ တစ်မျိုးသော စိတ်ခံစားမှု လေး ရမယ်လို့ ယုံကြည်စွာနဲ့ ကျနော်ရဲ့ ဘလောစ့် မှာ တင်ပေးလိုက်ပါတယ်..

(ဒီPost သည် ကျနော်၏ ဆရာ/သူငယ်ချင်း/ညီလေး ဖြစ်သူRonney Zar ၏တောင်းဆိုမှု၊ ဒီBlog ပိုင်ရှင်SMH ၏ခွင့်ပြုမှုဖြင့် ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။)

ယခုကျနော်တင်ပြမည့် အကြောင်းအရာများသည် စိတ်ကူးယဉ်များမဟုတ်ကြောင်း ဦးစွာအစီရင်ခံပါသည်။

ဖြတ်သန်းခဲ့ရသည့် ဘ၀တစ်ကွေ့အတွေ့အကြုံများတွင် သူငယ်ချင်းများ၏ဖြစ်ရပ်မှန်များကို ထည့်သွင်းဖော်ပြ ထားပါသည်။ ကာယကံရှင်များ၏ လက်ရှိဘ၀များတွင် အနှောက်အယှက်မပြုလိုခြင်းငှာ အမည်များပြောင်းလွဲ ထားပါကြောင်းဝန်ခံအပ်ပါသည်။

ကျနော်သည် ဆရာသမားများ၏အားပေးထောက်ခံမှုဖြင့် ရန်ကုန်တွင် (ရန်ကုန်ဟုဆိုက လိုနေပါတယ် မြန်မာပြည်ဟုဆိုမှလုံလောက်မည်ထင်ပါတယ်) နာမည်ကြီးသော ၀န်ထမ်းဦးရေ ၅၀၀ ကျော်ခန့်ဖြင့် လည်ပါတ် နေသော IT company ကြီးတစ်ခု၏ ယောင်္ကျားလေးများ အများဆုံးတက်သော သင်တန်းဘာသာရပ်များတွင် အကူဆရာအဖြစ်အလုပ် လုပ်ခွင့်ရခဲ့စဉ်ကဖြစ်ရပ်များပါ။

ကျနော်လုပ်ကိုင်ရသော Centre သည် Company တစ်ခုလုံး၏ဌာနချုပ်ဟုဆိုရမှာဖြစ်ပါတယ်။ MD နှင့် Director များ ရုံးထိုင်သောကြောင့်ပါ။ သင်တန်းကျောင်းဖြစ်သည်နှင့်အညီ ဆရာ/ဆရာမများ၊ ၀န်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများဖြင့် ပျားပန်းခပ် လှုပ်ရှားနေရာ ရန်ကုန်မြို့လည်ခေါင်မှနေရာဖြစ်သည်။

ဌာနမှူးမှာ ကျနော့်ဆရာအရင်းဖြစ်သည် အလုပ်ဝင်ဖြစ်သည်မှာလည်း သူ၏တိုက်တွန်းမှုကြောင့်ဖြစ်သည်။

လူပုသော်လည်း စိတ်ရှည်သူဖြစ်သည်၊ အရည်အချင်းရှိသူဖြစ်ပြီး အုပ်ချုပ်မှုလည်းကျွမ်းကျင်သူဖြစ်သည်။ သို့သော် ကျနော်အလုပ်ဝင်ပြီး မကြာခင်မှာပင် တပည့်မကောင်းဆရာခေါင်း ဆိုသောရှေးစကားကိုလက်တွေ့ ပြသွားသူဖြစ်သွားခဲ့ရသည်။ ဆရာနဲ့ ကျနော်ဝေးခဲ့ရသည်။

နောက်ထပ်ကျနော့်ဆရာတစ်ဦးတော့ ကျန်ခဲ့သေးသည်၊ သူသည် ကိုယ်လုံးကိုယ်ထည် သေးသေးညှက်ညှက် မျက်မှန်လေးတ၀င့်ဝင့် ပြုံးစိစိနှင့်နေတတ်သူတစ်ဦး။ ကျနော်သည် သူ၏အကူအညီဖြင့် များစွာသော လုပ်ငန်းခွင်အသိများကိုရခဲ့ပါသည်။ သူသည် Ronney Zar ပင်ဖြစ်ပါတော့သည်။

စိတ်သဘောထားကောင်းမွန်ပြီး အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်သော ကျနော့်ဆရာ Ronney Zar တွင် အဲဒီ အချိန်က ချောမောပြေပြစ်လှပပြီး စကားပြောရှင်းလင်းပြတ်သားသော ချစ်သူတစ်ဦးရှိခဲ့ပါသည်။ (နောင်တွင် အဲသည့်မိန်းကလေးနှင့် ကျနော်ဌာနတစ်ခုတည်းတွင်

0 comments: