Sunday, June 22, 2008

ကျေးဇူးရှင်မေမေ ကို သတိရမိခြင်း

အမေနေကောင်း ကျန်းမာရဲ့လား

ဒီအချိန်ဆိုရင် မေမေရဲ့ ပြီးပြည်စုံတဲ့ ထမင်းစားပွဲလေးကို မြင်ယောင်နေမိတယ်..အသားငါး မပါပေမဲ့ ဟင်းချက်ကောင်းတဲ့ အမေ့ရဲ့ လက်ရာလေးတွေကြောင့် စားမြိန်ခဲ့ရတယ်လေ.. အခုတော့လဲ အမေ့ရဲ့ လက်ရာ ဟင်းထမင်းမစားရတာ ဘာလိုလိုနဲ့ နှစ်နဲ့ချီနေပြီအမေ..

အမေ… မနက်မိုးလင်း အိပ်ရာထနောက်ကျလေ့ ရှိတယ် အမေ့ရဲ့သား အကျင့်ဆိုးတွေ အခုတော့ သူတစ်ပါးတိုင်းပြည်မှာ ကိုလုပ်မှ ကိုယ်ရဆိုတဲ့ ဆိုရိုးအတိုင်း သူဌေးအဆူမခံရလေးအောင် နေမထွက်ခင် ကတည်းက ထတတ်နေပြီး အမေ..

အမေအချိန်ရှိသမျှ အိမ်မကပ်ပဲ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အပြင်မှာ အချိန်ကုန်နေတတ်တဲ့ အမေ့ရဲ့ သားဆိုး ကျနော် အခုတော့ အလုပ်တွေရဲ့ ဖိစီးမှုအောက်ကနေ ပြီးတာနဲ့ အချိန်မှန်အိမ်ကိုပြန်ရောက်တတ် နေပြီး အမေ...

အမေအ၀တ်ဆိုရင် ကိုယ်တိုင် မလျှော်ခဲ့တဲ့ အမေ့ရဲ့ သားလူပျင်းကျနော် အခုတော့ ကိုယ်တိုင် အ၀တ်လျှော် တတ်နေပြီး အမေ.. အ၀တ်တွေကို မတိုက်တတ် တိုက်တတ်နဲ့ မီးပူလည်း တိုက်တတ်နေပြီး အမေ..

အမေအားနေရင် လဘက်ရည်ဆိုင်မှာ အချိန်တွေဖြုန်းခဲ့တဲ့ အမေ့ရဲ့ သားအပေအတေလည်း အခုတော့ ကုန်ဆုံးသွားတဲ့ အလဟာာ တတ်အချိန်တွေကို နှမျောတတ်နေပြီး အမေ..

အမေအမေ့ဆီက လက်ဖြန့် တောင်းပြီး ဖြုန်းခဲ့တဲ့ ပိုက်ဆံတွေလည်း အခုတော့ ကိုယ်တိုင်ရှာရမှ ဘယ်လောက် ပင်ပန်းလဲဆိုတာ နောင်တနဲ့ အတူသိနေပါပြီ အမေ..

အမေတခါတလေအမေရဲ့ ဆုံးမတဲ့ စကားလုံးတွေကို ဂရုမစိုက်ခဲ့တဲ့ အမေ့ရဲ့ သားကျနော် အခုတော့လည်း အမေ့ရဲ့ ဆုံးမစကားတွေကို လှိုက်လှိုက်လှဲလှဲ ကြားချင်နေမိတယ် အမေ…

အမေ အမေ့ တစ်ယောက်ထဲရဲ့ စွမ်းအားနဲ့ မိသားစုတစ်ခုလုံးကို ပြုစုစောင့်ရှောက်နိုင်တဲ့ အမေ့ရဲ့ စိတ်ဓာတ် ၊ ရဲစွမ်းသတ္တိမျိုး ကျနော် လိုချင်နေမိတယ် အမေ..

မေမေ

ရင်မှာပိုက်ထွေး ယုယခဲ့ရ

မိဘမေတ္တာ ဖော်ထုတ်ပြခဲ့

ဒါပေမဲ့လည်း သားဆိုးကျနော်

ဘာမှမသိ ရူးမိုက်ခဲ့မိ

ချိန်လွန်နောင်တ

မိဘမေတ္တာ စွမ်းစကြီးမှန်း

သားဆိုးလူမိုက် သိခဲ့ရပြီး

နောင်တတရား ရင်မှာထွေးပွေ့

ချစ်မေရှိရာ မွေးမြေရပ်ဆီ

ပြန်ရောက်ချင်ပြီ …… အမေ…..

1 comments:

Unknown said...

hi
Mother ko ta ti ya ya tal so tar kaung par tal. Mother ka koe ko pay sat ya tar tway ar myar kyi pae dar ko ko ka aku pyan pay sat ya mar pop
ko ka mother ko sate chan tar say chin yin thu ko sate chan tar aung
htar ya mar pop thu ma kyite tar ko ma loat ne` pop loe pyaw chin par tal
mother sate hte` mar ko nae pat tat pi ta ku ku htiu twar yin ma kaung
buu pop ma hote buu lar dar kaung. mother ko shi tone mar sate chan tar aung htar ya mal loe I ka tot htin tal U lae di lo pae htin mal loe htin I yay htar tar tway myar twar pi Adi ka pyaw chin tar ka Mother ko chit tal so yin ta ti ya tal so yin thu ko sate chan tar aung htar par loe thu ma kyite tar ko ma loat par nae loe pyaw chin par tal.Thank you

June 25, 2008 at 2:07 PM