Friday, June 20, 2008

… ကျနော်မြင်မိသော မြင်ကွင်းတစ်ခု…

အခုတလော ကျွန်တော်လည်း အလုပ်တွေ များနေတာနဲ့ ဘလော့စ်မတက်ဖြစ်တာ ကြာနေပြီးဗျာ… အခုတော့ ပြောစရာလေးတွေရှိတာနဲ့ ဒီအကြောင်းအရာလေးကို ရေးဖြစ်တယ်ဆိုပါတော့ဗျာ..

လောကကြီးမှာ အလှအပ ခင်တွယ်တာ မိန်းကလေးတွေရဲ့ သဘာဝတစ်ခုပါ.. ဒါပေမဲ့ အလွန်အကျူး မက်မောမိခဲ့ရင် ကိုယ်ဘ၀တစ်ခုလုံး ပြန်ပေးဆပ်ရတတ်ပါတယ်..ကျွန်တော် အခုတလော မြင်နေရတဲ့၊ ကြုံနေရတဲ့ နိုင်ငံရပ်ခြားရောက် လူတစ်ယောက်ရဲ့အတွေ့အကြုံကို နဲနဲလေးတင်ပြပေးချင်ပါတယ်..

ကြိုပြီးတော့ တော့တောင်းပန်ထားပါရစေ.. ဒီစာကိုရေးတာ ကျွန်တော်တစ်ဦးတည်းရဲ့ အမြင်၊ ကိုယ်ပိုင် ခံယူချက် တစ်ခုပါ. တပါးသူ တစ်ဦးဦး နစ်နာခဲ့မယ်ဆိုရင် တောင်းပန်ပါတယ်.. အခုတလော ကျွန်တော် မျက်စိတွေ ကြိမ်းနေတယ်ဗျာ.. ဘာလိုလဲဆိုတော့ နိုင်ငံခြားရောက်နေတဲ့ ရွှေမလေးတွေကြောင့် ပဲလို့ဆို ရမလိုဖြစ်နေတယ်လို့ ဆိုရမယ်ဗျ..အားလုံးကို မပြောပါဘူး ဒါပေမဲ့ အများစုကတော့ တူနေတာတွေ့ရလို့ တော်တော်ကို စိတ်မချမ်းသာစရာတွေပါပဲဗျာ.. သူတို့အနေနဲ့ကတော့ တော်တော်ကိုသာယာနေကြမယ် လို့ ထင်တယ်. နိုင်ငံရပ်ခြားကို ရောက်တဲ့ မိန်းကလေးအများစုဟာ သူတိုရဲ့ ပင်ကိုယ်အရည်အသွေး၊ အလှအပတွေ ပျောက်ဆုံးနေတာကို စိတ်မကောင်းစွာနဲ့ တွေ့နေရတယ်ဗျာ..

တံငါနားနီးတော့ တံငါ ၊ မုဆိုးနား နီးတော့ မုဆိုး ဆိုတဲ့ စကားကို ကျွန်တော် အထိုက်အလျောက် လက်ခံပါတယ်.. ဒါမှလည်း တိုးတက်ချင်စိတ်ရှိတဲ့ လူတိုင်းအတွက် ကျွန်တော်တို့ နိုင်ငံနဲ့ အစစအရာရာ ကွာခြားလွန်းတဲ့ နိုင်ငံရပ်ခြားကို အားတက်တရော လာကြတာလို့ ကျွန်တော်မြင်တယ်လေ.. ပညာလာသင်တာပဲဖြစ်ဖြစ်၊ အလုပ်လာလုပ်တာပဲဖြစ်ဖြစ် အားလုံးရဲ့စိတ်ထဲမှာကတော့ လက်ရှိရနေတဲ့ အဆင့် ထက်ပိုသာတဲ့ အဆင့်တစ်ဆင့်ကို တက်လှမ်းချင်ကြမှာပါ..ဒါပေမဲ့ ကိုယ်တိုင်းပြည်ရဲ့ ယဉ်ကျေးမှူတွေကိုတော့ မမေ့သင့်ဘူးပေါ့ဗျာ.. တစ်ကယ်တမ်း ကျနော်တို့ ယောက်ျားလေးတွေက ပိုဆိုးပါတယ်.. မိဘ၊မောင်နှမတွေနဲ့ ကင်းကွာနေတော့ လုပ်ချင်ရာလုပ်နေတတ်ကြပါတယ်.. ဥပမာ ဆေးလိပ်၊ အရက် စသည်ဖြင့်ပေါ့ဗျာ.. နောက်ဆုံး ကုန်ကုန်ပြောရရင် မိန်းကလေးကိစ္စတွေကိုတောင် မရှောင်တဲ့လူစားမျိုးတွေလေဗျာ.. ဒါပေမဲ့ ကျနော်တို့ ယောက်ျားလေးတွေမှာ အမှားတစ်ခု ကျူးလွန်ပြီးရင် အဲဒီအမှားကို ဖျောက်ဖျက်ဖို့ဆိုတာ မိန်းကလေးတွေထက် ပိုပြီးလွယ်တယ်လို့ ကျနော်တစ်ဦးထဲ အမြင်နဲ့ မြင်မိပါတယ်.. အခုလို သူတစ်ပါးတိုင်းပြည်မှာ ကိစ္စတော်တော်များများကို ယောက်ျားလေးတွေက အစမလုပ်ရပါပဲ မိန်းကလေးတွေက အစလုပ်နေကြတာ တော်တော်ကို စိတ်မချမ်းသာစရာပါပဲ.. ကျနော်ရဲ့ သူငယ်ချင်းတစ်ယောက်ဆိုရင် သူနဲ့ ခင်မင်တဲ့ သူငယ်ချင်းကောင်မလေး (သူ့အပြောပေါ့ဗျာ..) နဲ့တွေ့ရင် ကောင်မလေးကပဲ စတယ်ဆိုပြီး အားပေါင်အားရင် သန်သန်နဲ့ ပြောတတ်တယ်ဗျာ… ဒီခေတ်ကြီးကိုက ပြောင်းလဲနေတာလား.. ကျနော်ပဲ ခေတ်နောက်ကျနေတာလားတော့ မသိပါဘူးဗျာ… ဒီက မြန်မာကောင်မလေးတွေ အ၀တ်အစားဝတ်လိုက်ရင် လဲ ဒီကစင်ကာပူမ လေးတွေ အရှုံးပေးရလောက်ပါတယ်ဗျာ… ပေါင်ပေါ် ဒူးပေါ်နဲ့ နဲနဲတော့ ဆင်ခြင်သင့်တယ် လို့ ကျနော်ထင်တယ်ဗျာ…တစ်ချို့သူတွေကတော့ သူတစ်ပါးတိုင်းပြည်ကို ရောက်ပြီး ကိုယ်မွေးတဲ့ နိုင်ငံကို မေ့နေကြတာဟာ စိတ်မကောင်းစရာပါပဲဗျာ.. တစ်ကယ်ဆို ကျနော်လည်း နိုင်ငံချစ်စိတ်အဲလောက်ရှိလားလို့ မေးရင် မရှိဘူးလို့ပြောရမှာပါပဲ ဒါပေမဲ့ ကိုယ်နိုင်ငံ ဘာဖြစ်နေတယ်.. ဘယ်လိုတော့ဖြင့် ကူညီရင် ရနိုင်တယ်ဆိုတာ နဲနဲတော့ စဉ်းစားစေချင်တယ်ဗျာ.. (အားလုံးကို မဆိုလိုပါဘူး) အခုတော့များ ကိုယ်နိုင်ငံ အကြောင်းလေးများပြောမိရင် သူတို့ နေခဲ့ဘူးတဲ့ တိုင်းပြည်မဟုတ်တာကြနေတာပဲ.. တချို့ ရွှေမလေးတွေများ ဆို မြန်မာသံကြားရင် အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ကြသေးတယ်ဗျာ.. ဘယ်လောက် ရင်နာဖို့ကောင်းသလဲဗျာ.. ကဲ ကျနော်တို့ ကိုယ်တိုင် မရှက်ဘူးဆိုရင်တောင် ကိုယ်တိုင်းပြည်ကြီးကိုတော့ အားနာပြီး ရှက်သင့်ပါတယ်ဗျာ.. ကျနော်တို့လို အလုပ်လာလုပ်တဲ့ လူတွေက ကိုယ်တိုင်းပြည်အကြောင်းကို ပိုပြီးသိကြမှာပါ.. ကျနော်တို့ ဘယ်လောက် စိတ်သိမ်ငယ်ရတယ်ဆိုတာ၊ ဒါတောင်မှ ကိုယ်က သူတို့ထက်ပညာ မနိမ့်ကျသေးဘူးနော်.. ကျနော်တို့ရဲ့ လက်ရှိအခြေအေနေ ကိုတိုင်းတပါးတွေက ဘယ်လိုပြောနေကြတယ်ဆိုတာ တိုင်းပြည်ချစ်စိတ်ရှိတဲ့ လူတိုင်းခံစားကြရဖူးမှာပါ.. ကဲ ကျနော်အပါအ၀င် အားလုံးသော ပြည်ပရောက်နေတဲ့ မြန်မာပြည်ဖွားများ ကျနော်တို့ တစ်ခုခုတော့ မှားယွင်းနေပြီးဆိုတာ ကို ကိုယ့်ကိုကို သေချာစဉ်းစားဖို့တော့ လိုနေပြီးလို့ ကျနော်ထင်တယ်ဗျာ….

0 comments: