Showing posts with label ဟာသလေးများ. Show all posts

အပန်းပြေသော ဟာသလေးများ (၆)

၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ

တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လျှိုပြီးထမ်းပြီး ဦးထုပ်တွေရောင်းဖို့ထွက်လာတယ်တဲ့.. အဲ့ချိန်မှာနေကအရမ်းပူတော့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ် . လမ်းတစ်ဝက်မှာ ညောင်ပင်ကြီးတစ်ပင်အောက်ရောက်တော့ မောပန်းလွန်းလို့ နားလိုက်တာ အိပ်ပျော်သွားတယ်တဲ့
အိပ်ယာကနိုးလို့ ကြည့်လိုက်တော့ သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး . . ။

သူ့ရင်ဘတ်မှာ ကပ်ထားတဲ့ သူ့ဦးထုပ်ပဲကျန်တော့တယ် . . ။ ဦးထုပ်တွေ ဘယ်ပျောက်သွားသလဲ
လိုက်ရှာတော့ ညောင်ပင်ပေါ်က မျောက်တစ်အုပ်ရဲ့ ခေါင်းတွေပေါ်ရောက်ကုန်တယ် . . ။ အဲဒီ
ဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီး အကြံထုတ်တယ် . . ။ သူက အားတဲ့အချိန်မှာ အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြသာနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစားဖြေရှင်းတတ်တယ်. . ။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်. . ။

သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး မျောက်တွေမြင်သာတဲ့နေရာကိုထွက်လိုက်တယ် . . ။

မျောက်တွေမြင်လောက်ပြီထင်တော့မှာ ဦးထုပ်ကိုချွတ်ပြီးခေါင်းကုတ်ပြတယ် . . ။

မျောက်တွေကလည်း သူ့ကိုအတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ် . . ။

ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို မြေကြီးပေါ်ကို ပစ်ချလိုက်တယ်. . .။

မျောက်တွေကလည်း သူလုပ်တာမြင်ပြီး သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ် . . ။
ဒီတော့မှ သူဟာ မျောက်တွေပစ်ချတဲ့ ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီး ခြင်းထဲထည့်လိုက်တော့တယ်. . ။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်တယ် . . ။

နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက ဦးထုပ်အရောင်းထွက်သတဲ့ .. ။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ ညောင်ပင်ကြီးအောက်ရောက်တော့ ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့ . . ။ ခြေပစ်လက်ပစ်နားရင်း အိပ်ပျော်သွားတယ်. . ။

အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး. . ။ ညောင်ပင်ပေါ်က မျောက်တွေခေါင်းပေါ်ရောက်နေတယ် . . ။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ် . . ။ သူက ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ် . . ။ မျောက်တွေကလည်း သူ့လိုလိုက်လုပ်တယ် . . ။ သူကဦးထုပ်တွေနဲ့ယပ်ခက်ပြပြန်တယ် . . ။ မျောက်တွေကလဲ သူ့တို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ် . . ။

နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ် . . ။ ပြီးတော့ သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကိုမော့ကြည့်တယ်. . ။ ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး..။ လက်ထဲမှာ အသေဆုပ်ကိုင်ထားကြတယ် . . ။ သူလည်းအံ့သြငေးမောကြည့်နေတုန်းမျောက်တစ်ကောင်က သူပစ်ချလိုက်တဲ့ ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့. . ။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ် . . ။
``မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ ´´ တဲ့ . . ။

၂)သူ့အကြောင်းပြချက်

လင်မယား နှစ်ယောက်ဟာ ကွာရှင်းပြတ်စဲဖို့ တရားရုံးကို သွားကြပါတယ်။ အဲဒီမှာ သူတို့ရဲ့ ကလေးရဲ့ အုပ်ထိန်းသူ ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို အငြင်းပွားကြပါတယ်။ ဂျူရီလူကြီးတွေက သူတို့ နှစ်ယောက်စလုံးကို ဘာကြောင့် ကလေးရဲ့ အုပ်ထိန်းသူ ဖြစ်သင့်တယ်လို့ ထင်သလဲ ဆိုတာကို မေးပါတယ်။ ပထမဆုံး ဂျူရီလူကြီးတွေကအမျိုးသမီးကို မေးပါတယ်။ အဲဒီတော့ အမျိုးသမီးက/>“ကျွန်မ ဒီကလေးကို ကိုးလလောက် ဝမ်းထဲမှာ လွယ်ထားရတယ်။ နောက်တော့ ကျွန်မ နာနာကျင်ကျင်နဲ့ မွေးဖွား ရတယ်။ အဲဒါကြောင့် ဒီကလေးဟာ ကျွန်မရဲ့ တစိတ်တပိုင်းလို့ ပြောရင် ရတယ်။” လို့ ပြောပါတယ်။

ဂျူရီလူကြီးတွေကအမျိုးသမီးရဲ့ အဖြေကို သဘောကျသွား ကြပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသားကို အဲဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။

“ကောင်းပြီ။ ကျွန်တော် အကြွေစေ့ တစ်စေ့ကို ယူလိုက်တယ်။ ဖျော်ရည်ရောင်းတဲ့ စက်ထဲ ထည့်လိုက်တယ်။ အဲဒီမှာ ဖျော်ရည် ထွက်လာတယ်။ ကဲ အဲဒီဖျော်ရည်ဟာ ကျွန်တော် ပိုင်တာလား။ စက်ကပိုင်တာလား ပြောစမ်းပါ။” လို့ အမျိုးသားက သူ့ရဲ့
အကြောင်းပြချက်ကို ပြောလိုက်ပါတယ်။

၃)မယုံမရှိနဲ့...

မိုးခေါင်ရေရှား ရပ်ဝန်းက တောင်သူခွင်တွေမှာ ရေးထားတဲ့ ဆိုင်းဘုဒ်တွေက...
`သေချာအောင် နေကြာစိုက်..´ တဲ့..။
နောက်နှစ်ရက်ခန့်ကြာတော့ ဆိုင်းဘုဒ်တခုရဲ့ စာတမ်းအောက်ကနေ ထပ်ဖြည့်ထားတာကတော့..
`သွားမလုပ်နဲ့ ဟင်း.. နွားပြုတ်သွားမယ်..´ ဟူသတဲ့..။

၎)အမွှာ...

အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ" အမွှာထဲကတစ်ယောက်က ပြောလိုက်သည်မှာ "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"
ဟူသတဲ့....။

၅)စိတ်တာချ...

ရွာတစ်ရွာမှာ ဦးခန့်၊ ဒေါ်ချော နဲ့ သားမောင်လူလှတို့ ရှိသတဲ့။ ဦးလှဟာ တခြားကိစ္စတွေ မကြွားဝါတတ်ပေမဲ့ သူငယ်ငယ်က ဘယ်လိုစွံတာ၊ မိန်းကလေးတွေ သူ့ကိုဘယ်လိုကြိုက်ကြတာ၊ ဘယ်သူဘယ်ဝါနဲ့ ဘယ်လို မလွတ်မကင်းဖြစ်ခဲ့တာတွေကို အရသာခံပြီး ကြွားလေ့ရှိလို့ သူ့မိန်းမဒေါ်ချောက အမြင်ကပ်သတဲ့။ သူတို့ရဲ့သားလေး မောင်လူလှက လူပျိုအရွယ်ရောက်လာတော့ တောင်ဘက်ရွာကို လူပျိုလှည့်သွားဖို့ အဖေကို ခွင့်တောင်းတယ်။

အဖေ။ ။ ဟေ့ ငါ့သား တောင်ဘက်ရွာဆို အဖေနဲ့ကင်းတဲ့သူမရှိတော့ အကုန်လုံးက မင့်နှမတွေဖြစ်တယ်ကွ ... ငရဲတွေကြီးကုန်ပါ့မယ်ကွာ

သား ။ ။ ဒါဆို မြောက်ဘက်ရွာကို သွားမယ်အဖေ

အဖေ ။ ။မြောက်ရွာလဲ အဖေနဲ့မလွတ်ဘူးငါ့သား ... အိုကွာ .. ပြောရရင် အရှေ့ရွာ အနောက်ရွာတွေအကုန်လုံး .. အဖေ့ကိုကြိုက်ခဲ့ကြတဲ့ မိန်းမတွေချည်းပဲဆိုတော့ ... သူတို့ရဲ့ သမီးတွေက.. .. မင်းနဲ့ဆို မောင်နှမတော်တယ်ကွ ..မိုးကြိုးပစ်ပါ့မယ် ငါ့သားရယ် -

... အဲဒီလိုကြားရတာတွေ နားကြားပြင်းကပ်လာတဲ့ ဒေါ်ချောက..သူ့သားကို လှမ်းအော်ပြောလိုက်တာကတော့ ...
- သွားသာသွား ငါ့သားရေ .. သားကြိုက်တဲ့ရွာကိုသာ လူပျိုလှည့် ... မင်းအဖေပြောတာနားထောင်မနေနဲ့ ..မင်းနဲ့ သူတို့တွေက မောင်နှမမဟုတ်ဘူးဆိုတာ အမေ အာမခံတယ် ဟူ၍...

စာကြွင်း။ ။ ဟာသများကို မောင်ကောင်းထိုက်နှင့် Manutdfan မှ တဆင့် ကူးယူဖော်ပြပေးထားပါတယ်။ ဟာသများတောင်းဆိုသူများအတွက် နောက်ကျသွားတာ တောင်းပန်ပါတယ်။ ခုတလော အလုပ်တွေကများနေလို့ပါ။း)

လေးစားလျက် တောင်ပေါ်သား

Read More

အပန်းပြေသော ဟာသလေးများ (၆)

၁)ဦးထုပ်ရောင်းသမားနှင့် မျောက်ပြဿနာ

တစ်ခါတုန်းက ဦးထုပ်ရောင်းသမားတစ်ယောက်ဟာ ဦးထုပ်တွေကိုခြင်းကြီးနှစ်လုံးထဲမှာထည့်ပြီး အလယ်က၀ါးလုံးနဲ့ လျှိုပြီးထမ်းပြီး ဦးထုပ်တွေရောင်းဖို့ထွက်လာတယ်တဲ့.. အဲ့ချိန်မှာနေကအရမ်းပူတော့ ဦးထုပ်တစ်လုံးကို သူဆောင်းထားတယ် . လမ်းတစ်ဝက်မှာ ညောင်ပင်ကြီးတစ်ပင်အောက်ရောက်တော့ မောပန်းလွန်းလို့ နားလိုက်တာ အိပ်ပျော်သွားတယ်တဲ့
အိပ်ယာကနိုးလို့ ကြည့်လိုက်တော့ သူ့ခြင်းတောင်းထဲမှာ ဦးထုပ်တွေ တစ်လုံးမှမရှိတော့ဘူး . . ။

သူ့ရင်ဘတ်မှာ ကပ်ထားတဲ့ သူ့ဦးထုပ်ပဲကျန်တော့တယ် . . ။ ဦးထုပ်တွေ ဘယ်ပျောက်သွားသလဲ
လိုက်ရှာတော့ ညောင်ပင်ပေါ်က မျောက်တစ်အုပ်ရဲ့ ခေါင်းတွေပေါ်ရောက်ကုန်တယ် . . ။ အဲဒီ
ဦးထုပ်တွေ သူပြန်ရအောင် ဘယ်လိုလုပ်ရပါ့မလဲ ဆိုပြီး အကြံထုတ်တယ် . . ။ သူက အားတဲ့အချိန်မှာ အမြဲစာဖတ်တဲ့အကျင့်ရှိတော့ ပြသာနာတစ်ခုကို ခေါင်းအေးအေးထားပြီး စဉ်းစားဖြေရှင်းတတ်တယ်. . ။ နာရီဝက်လောက်စဉ်းစားပြီး သူအကြံရသွားတယ်. . ။

သူ့လက်ထဲက ဦးထုပ်ကို ခေါင်းပေါ်မှာ ပြန်ဆောင်းပြီး မျောက်တွေမြင်သာတဲ့နေရာကိုထွက်လိုက်တယ် . . ။

မျောက်တွေမြင်လောက်ပြီထင်တော့မှာ ဦးထုပ်ကိုချွတ်ပြီးခေါင်းကုတ်ပြတယ် . . ။

မျောက်တွေကလည်း သူ့ကိုအတုခိုးပြီး ဦးထုပ်ချွတ်ခေါင်းကုတ်ကြတယ် . . ။

ဒါနဲ့ပူလွန်းလို့ ဦးထုပ်တောင်မကိုင်ချင်တဲ့ပုံစံနဲ့ သူက ဦးထုပ်ကို မြေကြီးပေါ်ကို ပစ်ချလိုက်တယ်. . .။

မျောက်တွေကလည်း သူလုပ်တာမြင်ပြီး သူတို့လက်ထဲက ဦးထုပ်တွေကို ပစ်ချလိုက်ကြတယ် . . ။
ဒီတော့မှ သူဟာ မျောက်တွေပစ်ချတဲ့ ဦးထုပ်တွေ အလျင်အမြန်ကောက်ပြီး ခြင်းထဲထည့်လိုက်တော့တယ်. . ။

ဒီနည်းနဲ့ မျောက်တွေလက်ထဲက ဦးထုပ်အားလုံးကို သူပြန်ရလိုက်တယ် . . ။

နောင်နှစ်ပေါင်း (၂၀) ကြာတဲ့အခါ စောစောက ဦးထုပ်သည်ကြီးရဲ့ မြေးကလေးက ဦးထုပ်အရောင်းထွက်သတဲ့ .. ။
သူ့အဘိုးအိပ်စက်နားခဲ့တဲ့ ညောင်ပင်ကြီးအောက်ရောက်တော့ ဦးထုပ်တောင်းကိုချပြီး အနားယူပြန်သတဲ့ . . ။ ခြေပစ်လက်ပစ်နားရင်း အိပ်ပျော်သွားတယ်. . ။

အိပ်ရာက နိုးတော့ခြင်းထဲက ဦးထုပ်တွေမရှိတော့ဘူး. . ။ ညောင်ပင်ပေါ်က မျောက်တွေခေါင်းပေါ်ရောက်နေတယ် . . ။ ဒီတော့ သူ့အဘိုးပြောခဲ့ဖူးတာ အမှတ်ရပြီး သူ့အဘိုးနည်းအတိုင်း ဦးထုပ်တွေပြန်ရအောင် ကြိုးစားတယ် . . ။ သူက ဦးထုပ်ကိုချွတ်ပြီး ခေါင်းကုတ်တယ် . . ။ မျောက်တွေကလည်း သူ့လိုလိုက်လုပ်တယ် . . ။ သူကဦးထုပ်တွေနဲ့ယပ်ခက်ပြပြန်တယ် . . ။ မျောက်တွေကလဲ သူ့တို့ဦးထုပ်တွေနဲ့ ယပ်ခတ်ကြပြန်တယ် . . ။

နောက်ဆုံးမှာ သူကလက်ထဲက ဦးထုပ်ကိုလွှင့်ပစ်လိုက်တယ် . . ။ ပြီးတော့ သူ့လိုဦးထုပ်တွေ ပစ်ချမလားဆိုပြီး မျောက်တွေကိုမော့ကြည့်တယ်. . ။ ဘယ်မျောက်မှ ဦးထုပ်ကို ပစ်မချကြတော့ဘူး..။ လက်ထဲမှာ အသေဆုပ်ကိုင်ထားကြတယ် . . ။ သူလည်းအံ့သြငေးမောကြည့်နေတုန်းမျောက်တစ်ကောင်က သူပစ်ချလိုက်တဲ့ ဦးထုပ်ကို ကောက်ပြီး သစ်ပင်ပေါ်တက်သွားသတဲ့. . ။

သစ်ပင်ပေါ် ပြေးမတက်ခင် အဲဒီမျောက်က သူ့ကိုစကားတစ်ခွန်းပြောသွားတယ် . . ။
``မင်းမှာ အဘိုးရှိသလို တို့မှာလည်း အဘိုးရှိတယ်ဆိုတာ မမေ့နဲ့လေ ´´ တဲ့ . . ။

၂)သူ့အကြောင်းပြချက်

လင်မယား နှစ်ယောက်ဟာ ကွာရှင်းပြတ်စဲဖို့ တရားရုံးကို သွားကြပါတယ်။ အဲဒီမှာ သူတို့ရဲ့ ကလေးရဲ့ အုပ်ထိန်းသူ ဘယ်သူဖြစ်သင့်သလဲ ဆိုတာကို အငြင်းပွားကြပါတယ်။ ဂျူရီလူကြီးတွေက သူတို့ နှစ်ယောက်စလုံးကို ဘာကြောင့် ကလေးရဲ့ အုပ်ထိန်းသူ ဖြစ်သင့်တယ်လို့ ထင်သလဲ ဆိုတာကို မေးပါတယ်။ ပထမဆုံး ဂျူရီလူကြီးတွေကအမျိုးသမီးကို မေးပါတယ်။ အဲဒီတော့ အမျိုးသမီးက
“ကျွန်မ ဒီကလေးကို ကိုးလလောက် ဝမ်းထဲမှာ လွယ်ထားရတယ်။ နောက်တော့ ကျွန်မ နာနာကျင်ကျင်နဲ့ မွေးဖွား ရတယ်။ အဲဒါကြောင့် ဒီကလေးဟာ ကျွန်မရဲ့ တစိတ်တပိုင်းလို့ ပြောရင် ရတယ်။” လို့ ပြောပါတယ်။

ဂျူရီလူကြီးတွေကအမျိုးသမီးရဲ့ အဖြေကို သဘောကျသွား ကြပါတယ်။ အဲဒီနောက်မှာတော့ အမျိုးသားကို အဲဒီမေးခွန်းကိုပဲ ထပ်မေးပါတယ်။

“ကောင်းပြီ။ ကျွန်တော် အကြွေစေ့ တစ်စေ့ကို ယူလိုက်တယ်။ ဖျော်ရည်ရောင်းတဲ့ စက်ထဲ ထည့်လိုက်တယ်။ အဲဒီမှာ ဖျော်ရည် ထွက်လာတယ်။ ကဲ အဲဒီဖျော်ရည်ဟာ ကျွန်တော် ပိုင်တာလား။ စက်ကပိုင်တာလား ပြောစမ်းပါ။” လို့ အမျိုးသားက သူ့ရဲ့
အကြောင်းပြချက်ကို ပြောလိုက်ပါတယ်။

၃)မယုံမရှိနဲ့...

မိုးခေါင်ရေရှား ရပ်ဝန်းက တောင်သူခွင်တွေမှာ ရေးထားတဲ့ ဆိုင်းဘုဒ်တွေက...
`သေချာအောင် နေကြာစိုက်..´ တဲ့..။
နောက်နှစ်ရက်ခန့်ကြာတော့ ဆိုင်းဘုဒ်တခုရဲ့ စာတမ်းအောက်ကနေ ထပ်ဖြည့်ထားတာကတော့..
`သွားမလုပ်နဲ့ ဟင်း.. နွားပြုတ်သွားမယ်..´ ဟူသတဲ့..။

၎)အမွှာ...

အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ "ဘာလို့ ရီတာလဲ" အမွှာထဲကတစ်ယောက်က ပြောလိုက်သည်မှာ "ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့ ချိုးမပေးဘူး"
ဟူသတဲ့....။

၅)စိတ်တာချ...

ရွာတစ်ရွာမှာ ဦးခန့်၊ ဒေါ်ချော နဲ့ သားမောင်လူလှတို့ ရှိသတဲ့။ ဦးလှဟာ တခြားကိစ္စတွေ မကြွားဝါတတ်ပေမဲ့ သူငယ်ငယ်က ဘယ်လိုစွံတာ၊ မိန်းကလေးတွေ သူ့ကိုဘယ်လိုကြိုက်ကြတာ၊ ဘယ်သူဘယ်ဝါနဲ့ ဘယ်လို မလွတ်မကင်းဖြစ်ခဲ့တာတွေကို အရသာခံပြီး ကြွားလေ့ရှိလို့ သူ့မိန်းမဒေါ်ချောက အမြင်ကပ်သတဲ့။ သူတို့ရဲ့သားလေး မောင်လူလှက လူပျိုအရွယ်ရောက်လာတော့ တောင်ဘက်ရွာကို လူပျိုလှည့်သွားဖို့ အဖေကို ခွင့်တောင်းတယ်။

အဖေ။ ။ ဟေ့ ငါ့သား တောင်ဘက်ရွာဆို အဖေနဲ့ကင်းတဲ့သူမရှိတော့ အကုန်လုံးက မင့်နှမတွေဖြစ်တယ်ကွ ... ငရဲတွေကြီးကုန်ပါ့မယ်ကွာ

သား ။ ။ ဒါဆို မြောက်ဘက်ရွာကို သွားမယ်အဖေ

အဖေ ။ ။မြောက်ရွာလဲ အဖေနဲ့မလွတ်ဘူးငါ့သား ... အိုကွာ .. ပြောရရင် အရှေ့ရွာ အနောက်ရွာတွေအကုန်လုံး .. အဖေ့ကိုကြိုက်ခဲ့ကြတဲ့ မိန်းမတွေချည်းပဲဆိုတော့ ... သူတို့ရဲ့ သမီးတွေက.. .. မင်းနဲ့ဆို မောင်နှမတော်တယ်ကွ ..မိုးကြိုးပစ်ပါ့မယ် ငါ့သားရယ် -

... အဲဒီလိုကြားရတာတွေ နားကြားပြင်းကပ်လာတဲ့ ဒေါ်ချောက..သူ့သားကို လှမ်းအော်ပြောလိုက်တာကတော့ ...
- သွားသာသွား ငါ့သားရေ .. သားကြိုက်တဲ့ရွာကိုသာ လူပျိုလှည့် ... မင်းအဖေပြောတာနားထောင်မနေနဲ့ ..မင်းနဲ့ သူတို့တွေက မောင်နှမမဟုတ်ဘူးဆိုတာ အမေ အာမခံတယ် ဟူ၍...

စာကြွင်း။ ။ ဟာသများကို မောင်ကောင်းထိုက်နှင့် Manutdfan မှ တဆင့် ကူးယူဖော်ပြပေးထားပါတယ်။ ဟာသများတောင်းဆိုသူများအတွက် နောက်ကျသွားတာ တောင်းပန်ပါတယ်။ ခုတလော အလုပ်တွေကများနေလို့ပါ။း)

လေးစားလျက် တောင်ပေါ်သား

Read More

:P

Read More

:P

Read More

အပန်းပြေသော ဟာသလေးများ (၅)

၁) ခေတ်သစ် ဂျင်မီနီ

ယောက်ျာကြီးတယောက် ပုလင်းတလုံးကို အမှတ်မထင်တွေ့သည်။ ပုလင်းအဖုံးကို ဖွင့်လိုက်သည်ရာ အထဲမှ ဂျင်မီနီ ထွက်လာသည်။

“ဟေ့ မင်းဘယ်သူလဲ”
“ဂျင်မီနီပါ သခင်”
“လိုချင်တာ ရအောင်လုပ်ပေးနိုင်တဲ့ ဂျင်မီနီလား”
“ဟုတ်ပါတယ် သခင်”
“ဒါဆို ငါ့ကို နိုင်ငံကူးလက်မှတ်ရအောင် လုပ်ပေးစမ်း”
“ငွေတသိန်းပေးပါ ရရစေ့ပါမယ် သခင်”

၂) တတ်ရဲ့သားနဲ့

မြို့တော်အတွင်း ကိုဘမောင် ကားမောင်းလာသည်။ ယာဉ်ထိန်းရဲက ကားကိုတားပြီးပြောသည်။
“ခင်ဗျား ကားကို သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းလာတယ်။ ဘာကြောင့်လဲဆိုတာ ဂျော်ဂျီယာ ဘာသာစကားနဲ့ ဖြေရှင်းချက်ရေးပါ။”
“ကျနော် ဂျော်ဂျီယာ ဘာသာစကားမှ မတတ်ဘဲ၊ ဘယ်လိုလုပ်ရေးရမှာလဲ”
“ဆင်ခြေမပေးနဲ့၊ ဂျော်ဂျီယာ ဘာသာစကားနဲ့ ရှင်းလင်းချက် ရေးပါ”
ကားဆရာ စိတ်ညစ်သွားသည်။ မည်သို့မျှ ရှင်းပြရ်ျလည်း မရ၊
နောက်ဆုံးတွင် စာရွက်တရွက်ကို ထုတ်ပြီး ငွေ ၁၀၀၀ တန်တရွက်ကို ညှပ်ပေးလိုက်သည်။
ထို့နောက် ယာဉ်ထိန်းရဲကို ကမ်းပေးလိုက်သည်။ ယာဉ်ထိန်းရဲသည် စာရွက်ကို ဖြန့်လိုက်သည်။ ငွေစက္ကူကိုတွေ့သောအခါ ကားဆရာကို ပြောလိုက်သည်။
“ဂျော်ဂျီယာလို မတတ်ဘူးလို့ ဘာလို့ပြောတာလဲ အခုတောင် တ၀က်ရေးပြီးနေပြီးပြီပဲ။ ဆက်ရေး”

၃) သက်သေ

အတန်းထဲတွင် ဖြစ်သည်၊ဆရာမက မေးသည်။
“ငါးလိပ်ကျောက်ဟာ ဘာဖြစ်လို့ ပြားပြားကြီး ဖြစ်နေရသလဲ”
ပီတာလေး လက်ညှိုးထောင်ပြီး ဖြေသည်။
“ဝေလငါးနဲ့ တူတူ အိပ်လို့ပါ”
“ပီတာ မင်း အခုချက်ချင်း အခန်းထဲက ထွက်သွားစမ်း”
က်ျသို့ အမိန့်ပေးပြီး ဆရာမက ဆက်မေးသည်။
“ကျောက်ပုဇွန်တွေရဲ့ မျက်လုံးတွေ ဘာဖြစ်လို့ ပြူးထွက်နေရသလဲ၊ ဘယ်သူ သိကြသလဲကွယ်”
ပီတာလေး နောက်လှည့်ပြီး အော်ပြောသည်။
“ဒါတွေ အားလုံး သူမြင်လိုက်လို့”

၎) အဖြေမှန်

ဇီဝဗေဒဘာသာရပ်ကို သင်ကြားနေချိန်တွင်ဖြစ်သည်။
ဆရာကတပည့်များကို ပြောသည်။
“တပည့်တို့ကို ဆရာ စကားထားတခု ၀ှက်မယ်။ သေသေချာချာ နားထောင်ကြ”
“မိကျောင်းနှစ်ကောင် ပျံသွားတယ်။ တကောင်က အစိမ်းရောင်၊ နောက်တကောင်က အာဖရိကတိုက်ဘက်ကို ပျံသွားတယ်၊ ဆရာ့အသက် ဘယ်လောက်လဲ”
ကျောင်းသားအားလုံး ငြိမ်နေကြသည်။
နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးက ပြောသည်။
“ဆရာ့အသက် ၂၄ နှစ်”
“မှန်တယ် မင်းတော်တယ်။ ဒါနဲ့ မင်းက ဘယ်လိုလုပ် ဆရာ အသက်သိတာလဲ”
“ကျနော် အသက် ၁၂ နှစ်ရှိပါပြီ။ ပြီးတော့ ကျနော်ကို ဦးနှောက်တ၀က် ချောင်တဲ့ကောင်လို့ အားလုံးက ပြောကြတယ်လေ”

၅) အိပ်မပျော်သောည

တည်းခိုခန်းပိုင်ရှင်က ဧည့်သည်ကိုပြောသည်။
“ညက ကောင်းကောင်း အိပ်ပျော်ပါရဲ့လား ခင်ဗျာ”
“မမေးရင် ပိုကောင်းမယ်၊ မနေ့ညက အိပ်ရာထဲမှာ ဂျပိုးအသေတကောင်ကို တွေ့ရတယ်”
“အသေတကောင်အတွက်နဲ့ ဒီလောက်တောင် စိတ်အနှောင့်အယှက်ဖြစ်သွားလားဗျာ”
“အသုဘကို လိုက်ပို့တဲ့ သူ့ဆွေမျိုးသားချင်းတွေကို ခင်ဗျားမြင်ရင် ဒီစကားမျိုးပြောမှာ မဟုတ်ဘူး ဟင်းးးး”

၆) နိုင်ငံတကာ ပြိုင်ပွဲ

ကမ္ဘာ့ တပ်မတော်များအကြားမှာ ပေါင်မုန့်စား ပြိုင်ပွဲတခု ကျင်းပသည်။
တစ်ကြိမ်တည်းနှင့် မည်သည့် တပ်မတော်သားက အများဆုံး စားနိုင်သလဲ ဆိုသည်ကို ဖော်ထုတ်မည့်ပွဲ ဖြစ်သည်။

ပထမဆုံး ဗလကောင်းကောင်းနှင့် အမေရိကန်စစ်သား ထွက်လာသည်။
ပေါင်မုန့်နှစ်လုံးကို စားလိုက်သည်။ နောက်ထပ် မစားနိုင်တော့။

ပြင်သစ်စစ်သားထွက်လာသည်။ ပေါင်မုန့် သုံးလုံး စားနိုင်သည်။ နောက်ထပ် ထပ်မစားနိုင်တော့။

ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်
ထပ်မစားနိုင်တော့…

မြန်မာစစ်သား ထွက်လာသည်။ တလုံးကုန်အောင်မပြောနှင့် လေးပုံတပုံတောင် မနဲကုန်အောင် စားနေရသည်။

ဌင်းစစ်သားကို ပြိုင်ပွဲဝင်ရန်စေလွှတ်သည့် တာဝန်ခံအရာရှိအား ကာကွယ်ရေးဝန်ကြီးက ခေါ်ပြီး ကြိမ်းမောင်းသည်။

“ဘယ်လိုကောင်မျိုးကို မင်းလွှတ်လိုက်သလဲကွ။ ငါလို အသက်ကြီးတဲ့ လူတောင် ကြိုးစားစားရင် တလုံးတော့ ကုန်နိုင်ပါတယ်ကွ”
တာဝန်ခံဗိုလ်မှူးက ပြန်ပြောသည်။
“ဒီတပ်သားဟာ အခုလိုဖြစ်သွားတာနဲ့ ပတ်သက်ပြီး ကျနော်လဲ မစဉ်းစားတတ်အောင် ဖြစ်ရပါတယ်။ ပြိုင်ပွဲ မစတင်မီ ၁၀ မိနစ်အလိုမှာ ကျနော်တို့ သူ့ကို ကြိုတင်လေ့ကျင့်ခိုင်းတုန်းကတောင် တခါတည်းနဲ့ ၁၂လုံးကုန်အောင် စားပြလိုက်သေးတယ် ခင်ဗျ”

၇) မိုးလေ၀သ ခန့်မှန်းချက်

တနေ့ ကိုချူချာသည် ပရောဂဆရာအား “ဆရာ ခင်ဗျား၊ ဒီနှစ်ဆောင်းတွင်းက အေးမည်ထင်သလား၊ ပူမည်ထင်သလား” ဟု မေးသည်။

ပရောဂ ဆရာက စဉ်းစားသည်။ ဒီဆောင်းတွင်း ပူမည်လို့ ပြောလိုက်ရင် ချူချာထင်းခွေသွားတော့မည် မဟုတ်။ ဒါဆို ဆောင်းတွင်းတခုလုံး ချူချာဒုက္ခရောက်နေတော့မယ်။ အေးတယ် ပြောလိုက်တာပဲ ကောင်းပါတယ်လေ ဟု စဉ်းစားကာ “ဒီဆောင်တွင်း အင်မတန်အေးလိမ့်မည် ” ဟုပြောလိုက်သည်။

ထိုနောက် ပရောဂဆရာသည် မိမိကိုယ်မိမိ မလုံမလဲဖြစ်ကာ မိုးလေ၀သဌာနသို့သွားပြီး ဒီနှစ်ဆောင်းတွင်းအေးမလား၊ ပူမလား သွားမေးလေသည်။ ထိုအခါ မိုးလေ၀သဌာနမှ အရာရှိက ဒီနှစ်ဆောင်းတွင်း အေးမည်ဟု ပြန်ဖြေလေသည်။

“ခင်ဗျာက ဘာလို့ ဒီနှစ်ဆောင်းတွင်း အေးမယ်လို့ ပြောရတာလဲ” ဟုပရောဂဆရာက မေးသည်။

“ရှင်းရှင်းလေးပဲ။ ဟိုမှာ ကိုချူချာ ထင်းခွေထွက်သွားတာ မတွေ့ဘူးလား” ဟူရ်ျ…………..

အားလုံး နှစ်သစ်မှာ ပျော်ရွှင်ကြပါစေကြောင်း

ဂျာမန်စစ်သား အလှည့်ရောက်လာသည်။ ပေါင်မုန့်လေးလုံးခွဲ ကုန်အောင် စားနိုင်သည်။ နောက်ထပ်မစားနိုင်တော့…

အပန်းပြေသော ဟာသလေးများ (၄)

၁) ကိုယ်ကျိုးနည်းပါပြီ

ယင်ကောင်မသည် ဆင်တကောင်နှင့် လက်ထပ်လိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင် ဆင်သေသွားသည်။ ယင်ကောင်မ ငိုယိုနေသည်ကို မြင်သဖြင့် အိမ်နီးချင်းများက ဖျောင်းဖျကြသည်။

ဒီလောက်ထိ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်၊ မင်းတို့ နှစ်ယောက် အတူနေခဲ့ကြရတာလဲ ကြာမှ မကြာဘဲနဲ့

မကြာတာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် သူ့ကို မြေမြုပ်ဖို့အတွက် ကျမ တသက်လုံး တွင်းတူးရမှာရှင့် ၊ အောက်မလေး ကိုကိုဆင်ရယ် ၊ ဘယ်သူ့အားကိုးနဲ့ ကျွန်မကို တယောက်တည်း ထားခဲ့ရက်တာတုန်း၊ ဟီးးးးးးး ဟီးးးးးးးး

၂) သနားကြပါ။

တိရစ္ဆာန်ရုံမှ ကုလားအုပ် တကောင်ပျောက်သွားသည်။ ၃-ရက်အတွင်း ဌင်းကို ရအောင် ရှာရမည်ဟု မြို့နယ်ရဲမှုးကို အထက်အာဏာပိုင်များက အမိန့်ပေးလေသည်။ ၃-ရက်ကြာသောအခါ ကုလားအုပ် တွေ့ပြီဖြစ်ကြောင်း မိမိ၏ ရုံးခန်းအတွင်း လာယူနိုင်ပါကြောင်း ရဲမှုးက အစီရင်ခံသည်။ မကြာမီ ရုံးခန်းသို့ သတင်းထောက်များ ရောက်လာကြသည်။

ကုလားအုပ်ကို ယူလာရန် မိမိ၏လက်ထောက်ကို ရဲမှုးက ပြောလိုက်သည်။ ရဲကြပ်ကြီးသည် စက္ကူပုံးလေးတခုကို အခန်းထဲသို့ ယူလာသည်။ ပုံးကို ဖွင့်လိုက်လေသည်။ ပုံးထဲတွင် ယုန်တကောင် ထိုင်နေသည်ကို တွေ့လိုက်ကြရသည်။ အံ့အားသင့်နေသော သတင်းထောက်များက မေးကြသည်။

ဘယ်မှာလဲ ကုလားအုပ်

က်ျတွင် ယုန်က ရှိုက်ကြီးတငင် ငိုယိုပြီး ပြောသည်

ကျနော် ကုလားအုပ်ဖြစ်တယ်ဆိုတာ ထပ်ပြီး ၀န်ခံပါတယ် ၊ ဒါပေမဲ့ ခြေထောက်ကြီးတွေနဲ့ ကျနော့်ကို ထပ်မကန်ပါနဲ့ ခင်ဗျာ

၃) ၀တ္တုတိုင်း ကောင်းတာမဟုတ်ဘူး

ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်။

ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ ‘ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ’

ဒုတိယလူက ထောက်ခံပြောသည်။

“ဟုတ်တယ် ၊ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး ‘လူစွမ်းကောင်း သုံးယောက်’ စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ”

တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သည်။

“ဟေ့လူ… ဘာဖြစ်တာလဲ ၊ နေမကောင်းဘူးလား”

“ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ၊ တလောကပဲ သူ “အလီဘာဘာနဲ့ ခိုးသားလေးဆယ်”ကို ဖတ်ထားတယ်ဗျာ”

၎) မထူးပါဘူး

ငရဲ နှင့် နတ်ပြည်သွားမည့် တံခါးပေါက်ရှေ့တွင် မိန်းမအားလုံးကို သိကြားမင်းက စုစည်းစေသည်။

“အားလုံးတန်းစီလိုက်ကြစမ်း၊ ကိုင်း… ဟုတ်ပြီ၊ ကိုယ်ယောက်ျားကို တကြိမ်တခါလောက်မှ သစ္စာမဖောက်ခဲ့တဲ့သူ ရှေ့တလှမ်းတိုးစမ်း”

မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည်။ သစ္စာရှိသော မိန်းမတစ်ဦးသာ နေရာမှ မရွှေ့ဘဲ ရပ်နေသည်။ သိကြားမင်းက အမိန့်ပေးလိုက်သည်။

“အားလုံးကို ငရဲပြည်ပို့လိုက်၊ ဟိုဆွံ့အ နားမကြားတယောက်ကိုပါ ပို့လိုက်”

၅) ငါမရူးဘူး

စိတ်ရောဂါ အထူးကု ဆေးရုံကြီတွင် ဖြစ်သည်။ ဆေးကော်မတီရှင်က လူနာတို့၏ အခြေအနေကို အောက်ပါအတိုင်း စစ်ဆေးသည်။ လူနာများကို ငါးမျှားတံ တစ်ချောင်းစီ ပေးကာ ရေဆွဲအိမ်သာတစ်ခုစီ၏ ရှေ့တွင်ထိုင်ခိုင်းသည်။ ထိုနောက် တယောက်ချင်းစီထံ သွားကာ ငါးတွတ်လားဟု မေးလေသည်။ လူနာအားလုံးလိုလိုက ငါးတွတ်ကြောင်းပြန်ပြောလေသည်။ တစ်ဦးကသာ ငါးမတွတ်ကြောင်း ပြန်ပြောလေသည်။ ဆေးကော်မတီအဖွဲ့ဝင်များ အစည်းအဝေးလုပ်ကာ ငါးမတွတ်ဟု ဖြေသော လူနာကိုသာ လူကောင်းအဖြစ် သတ်မှတ်ပြီး ဆေးရုံမှ ဆင်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုလူနာဆေးရုံမှ မဆင်းမီ အခန်းဖော်များက ဌင်းအားမေးလေသည်။

“ခင်ဗျားက ဘာလို့ ငါးမတွတ်ဘူးလို့ ဖြေရတာတုန်း”

လူနာက ပြန်ပြောလေသည်…

“ငါး

“ငါးတွတ်တဲ့နေရာကို သူတို့ကိုပြောရအောင် ကျနော် အရူးမှ မဟုတ်တာဘဲ”

ဝေးးးးး သတိ။ ။ ဟာသများကို မောင်ကောင်းထိုက် ဟာသများမှ ကူးယူဖော်ပြပါတယ်။

တောင်ပေါ်သား

Read More

အပန်းပြေသော ဟာသလေးများ (၃)

၁။ ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

“မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့လေ့ကျင့်ခန်း စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား”

“သိပါတယ်၊ ဗိုလ်ချုပ်ကြီး”

၂။ ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)

ဆရာမက ကျောင်းသားများကို မေးသည်။
“ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ”

ပီတာလေးလက်ညှိုးထောင်သည်။

“ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ”

“မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်”

“အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်”

“ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်”

“အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်”

၃။ ကိုယ်ချင်းစာကြည့်ပေါ့

ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်၊ တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။

“ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ၀င်နေကြပါတယ်”

ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။

“ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်”

တိရစ္ဆာန်ရုံဝန်းထမ်းက ပြန်ပြောသည်။

“ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်”

စာကြွင်း။ ။ မောင်ကောင်းထိုက် ဟာသစာအုပ်လေးထဲက ကူးယူဖော်ပြပါတယ်.. အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ..

အပန်းပြေသော ဟာသလေးများ (၂)

၁။ “ကလေးတွေကြောင့် မဟုတ်ပါ….”

တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။ ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောက်ကို

“ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ” ဆိုပြီး မေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ “ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး” ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း ခေါင်းကလေးခါပြီး “ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ကျနော်လုပ်လာ မဟုတ်ဘူး” လို့ပြန်ဖြေတယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်းဆရမ ဖက်လှည့်ပြီး “ဒါဘယ်လို ဖြစ်ရတာလဲဗျ” လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ “ဒါ ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ” တဲ့

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
“၀န်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ” တဲ့ဗျာ...

၂။ နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောကို မေးလိုက်ပါတယ်။

“နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ”

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး… “ကျ ကျနော် မသတ်ဘူး” တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-

“ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်”
တဲ့။

စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာသင်လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

“နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့”
တဲ့ဗျာ။

စာကြွင်း။ ။ ကျနော် E-mail ထဲကိုရောက်လာတဲ့ မေးလ်လေးထဲက ဟာသလေးတွေပါ.. မူရင်းရေးသားသူကို မသိပါဘူး။ ဒီဟာသလေးတွေ
ဟာ ကျနော်တို့ အတွက် အားလုံးမဟုတ်ရင်တောင်မှ အနည်းအကျဉ်းတော့ ပြုံးရယ်နိုင်မယ်ထင်လို့ တင်ပေးလိုက်တာပါ..

စာကြွင်း။ ။ ကျနော် E-mail ထဲကိုရောက်လာတဲ့ မေးလ်လေးထဲက ဟာသလေးတွေပါ.. မူရင်းရေးသားသူကို မသိပါဘူး။ ဒီဟာသလေးတွေဟာ ကျနော်တို့ အတွက် အားလုံးမဟုတ်ရင်တောင်မှ အနည်းအကျဉ်းတော့ ပြုံးရယ်နိုင်မယ်ထင်လို့ တင်ပေးလိုက်တာပါ..

Read More

အပန်းပြေသော ဟာသလေးများ

အခုတလော ဘလောစ့် မှာ ရေးဖို့ ပိုစ့်လေးတွေ စဉ်းစားနေတာ လောလောဆဲ အပျင်းပြေ
ရယ်ရွှင်ဖွယ်ဟာသလေးများ တင်ပေးလိုက်ပါတယ်နော့်…

ha.jpg

၁။ သတင်းကောင်း

ယောကျာ်းဖြစ်သူ အလုပ်က ပြန်လာသည်။ မိန်းမဖြစ်သူရဲ့ ညိုးငယ်သော မျက်နှာကို ကြည့်ကာ အိမ်တွင် တစ်ခုခုဖြစ်ပြီဟု သိလိုက်သည်..

ယောကျာ်း ။ ။“မကောင်းတဲ့ သတင်းနဲ့ ငါ့ကို မကြိုနဲ့ကွာ၊ ရုံးမှာ စိတ်ညစ်ရတာနဲ့ကိုပဲ ငါ့မှာ လုံလောက်နေပြီ”

မိန်းမ။ ။ကောင်းပြီ ရှင်ကို သတင်းကောင်းနဲ့ အရင်ပြောမယ်၊ ကျွန်မတို့ဆီမှာ ကလေးငါးယောက် ရှိတယ်နော်။
အဲ - လေးယောက်ဟာ ဒီနေ့မှာ ခြေထောက်ရော လက်ရော မကျိုးဘူး”

၂။ ဆက်စပ်နေတာကိုး

လူနာ။ ။“ဒေါက်တာ၊ ကျနော်ကို ကယ်ပါဦး၊ ညတိုင်း ညတိုင်း အိပ်မက်တစ်ခုတည်းကိုပဲ မက်နေတယ်။

ဘယ်နေရာ ကြည့်ကြည့် မီးတောက်မီးလျှံတွေကိုပဲ မြင်ရတယ်။ တစ်ကိုယ်လုံး

ပူလောင်အိုက်စပ်နေတယ် ၊ အသက်ရှုလို့လည်း မ၀ဘူး.. ဆိုးဆိုးဝါးဝါး ခံစားရတယ်

ဒေါက်တာရယ် “

ဆရာဝန်။ ။ “နေ့ခင်းမှာ ခင်ဗျား နေပူစာ လှုံတယ်ထင်တယ်”

လူနာ ။ ။ “မလှုံပါဘူး ဆရာ”

ဆရာဝန်။ ။”ဒါမှမဟုတ် မအိပ်ခင် အိပ်ရာကို သန့်ရှင်းအောင် ဖုန်တွေ ဘာတွေမခါဘူးထင်တယ်”

လူနာ ။ ။”ကျနော် အိပ်ခါနီးတိုင်း ခါပါတယ်ဆရာ ”

ဆရာဝန်။ ။”ခေါင်းမြီး ခြုံအိပ်တယ်နဲ့ တူတယ်”

လူနာ။ ။ ”မအိပ်ပါဘူးဆရာ”

ဆရာဝန်။ ။”ပိုက်ဆံကို မီးရှို့ ပစ်သလိုသုံးနေလို့ မိန်းမကခင်ဗျားကို အပြစ်တင်တယ် ထင်တယ်”

လူနာ။ ။”ကျွန်တော် အဲလိုလူ မဟုတ်ပါဘူး ဆရာ”

ဆရာဝန်။ ။”အင်း၊ အကြောင်းရင်းကို ဖော်ထုတ်ရ ခပ်ခက်ခက်ပဲ ဒါနဲ့ စကားမစပ် ခင်ဗျား ဘာလုပ်သလဲ”

လူနာ။ ။ “မီးသတ်သမားပါ”

၃။ သူတို့မသိဘူး

မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ အထူးကု ဆေးရုံသို့ ရောက်လာသည်။

လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု အသိအမှတ်ပြုသောကြောင့် ဆေးရုံမှ

ဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှ ထွက်ပြီး မိနစ်ပိုင်းအတွင်း ကြောက်လန့်တကြားဖြင့် ဆေးရုံထဲ

ငှင်းပြန်ပြေးဝင်လာသည်။ ဆရာဝန်ကမေးသည်။

“ဘာဖြစ်လာတာလဲဗျ”

“လမ်းပေါ်မှာ ကြက်တွေ တွေ့လို့ဗျ”

“အဲဒါ ဘာဖြစ်လဲ၊ ခင်ဗျား ဘာကို ကြောက်စရာလိုလဲ အခုခင်ဗျားဟာ လူဖြစ်တယ် စပါးစေ့ မဟုတ်ဘူးဆိုတာ ခင်ဗျား

သိနေတာပဲ”

“ဒါပေမဲ့ ကြက်တွေ အဲဒါကို မသိဘူးခင်ဗျ”

၎။ စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက

ဇနီးသည်ကို ပြောသည်။

ယောက်ျား။ ။“မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း

ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို

မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား”

မိန်းမ။ ။“မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ”

မှတ်ချက်။ ။ အထက်ပါ ဟာသများကို မောင်ကောင်းထိုက် ဟာသပဒေသာထဲမှ ကူယူဖော်ပြပါတယ်..

နောက်များလည်း အဆင်ပြေရင် တင်ပြသွားပါမယ်။

IT Joke

ကျနော် အစ်ကို Rooney Zar ပေးပို့လိုက်တဲ့ IT နဲ့ ပတ်သက်ပြီး ပြောထားတဲ့ ဟာသလေးဗျ… ရယ်ရတယ်ဗျာ…

…………………………………………………………………………………………………………………….

ဟုတ်ကဲ့ခင်ဗျာ ..... အခုချိန်မှာ ရာသီဥတုကတော့ net ကစားသမား တွေအကြိုက်ပေါ့ ခင်ဗျာ ...
မီးက တဖွဲဖွဲ လာနေပါတယ် ခင်ဗျ ........ အခု
publlic access centre က စပေ:ပြီခင်ဗျ
data ကိုဒေါင့်ဖြတ်တင်တယ် ခင်ဗျ ...... မရဘူးခင်ဗျာ .. ဒိုင်လူကြီး ကိုပုဂံ က အနီရောင် access denie ပြထားတယ် ခင်ဗျ
ဟုတ်ကဲ့ ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ
data ကို tel exchange ကပြန်တင်လိုက်ပြန်ပြီ ခင်ဗျာ
မရပြန်ဘူးခင်ဗျာ ..... အွန်လိုင်:
ups down တယ်တဲ့ခင်ဗျာ ..... data ဟာ လိမ့်ကာလိမ့်ကာနဲ့ ပျက်သွားပြီ ခင်ဗျ
အခု ဂိုးသမား ကို
administrator က ပိုက်ဘောမိထားတယ် ခင်ဗျာ ..... gtalk ကနေတွေ.တာလို. ပြောပါတယ်ခင်ဗျာ
ဟုတ်ကဲ့ အခု တဖတ်အသင်းက ကစားကွက်ကို ပြောင်းကစားမယ်. ပုံစံပဲခင်ဗျ
port forwording နဲ့ပြောင်းချိတ်တယ်ခင်ဗျာ .... ဒါပေမယ်. အတွေ.အကြုံရင့်ကျတ်တဲ့ ဘတ်တန်းကစားတဲ့ epc က
မီးကို ဖြတ်ချတယ် ခင်ဗျာ ..... ဟုတ်ကဲ့ တကယ်.ကို အခတ်အခဲ ပါပဲခင်ဗျာ
ချစ်ခင်လေးစား ရပါသော
netမြင်အသံမကြား သုံးစွဲသူ မိဘပြည်သူ အပေါင်:တို့ ခင်ဗျာ
အခု ကျွန်တော်ကြေညာနေစဉ် အတွင်းမှာပဲ
back bone ဒေါင်းသွာ:ပြီ ဖြစ်တဲ့အတွက် ပွဲကိုရပ်နားလိုက်ရပါကြောင်း
ကြေညာရင်း ကျွန်တော်များ
bagan မှတိုက်ရိုက် ပိတ်စို.မှူ အစီအဆင် ကိုရပ်နားလိုက်ရပါတယ် ခင်ဗျာ

ချစ်သူကို ပေးသင့်သော ရည်းစားစာ....

ကျနော်ရဲ့ အစ်ကို Rooney Zar ပို့ပေးလာသော ရည်းစား စာလေးပါ..
စာဖတ်သူ အပေါင်း ဒီစာကို ဖတ်ပြီး ပျော်ရွင်မယ်လို့ မျှော်လင့်ပါတယ်...

သို့ /

ပန်းလေးလှတော့ လိပ်ပြာတွေ ဝဲတယ်တဲ့။ သိုးငယ်လေးလို ဖြူစင်ပြီး သမင်မျက်လုံးမှာ ဇင်ယော်တောင် မျက်ခုံးလေးနဲ့ ငါးရံ့ကိုယ်လုံးလေးကို ပိုင်ဆိုင်ထားတဲ့ သူကလေးကို ချစ်မိသူထဲမှာ ကိုလဲ အပါအဝင်ပေါ့။ သူလေးမိဘတွေရဲ့ ပြည့်စုံမှုကြောင့် တပါးသူတွေ ဆင်ကြံကြံ ဝံပုလွေချောင်း ချောင်းနေကြပေမယ့် ကိုကတော့ ရိုးသားစွာ ချစ်တာပါ။ သူလေးရဲ့ စွန်ရဲလို စူးရှတဲ့ အကြည့်တွေမှာ အကြိမ်ကြိမ် ကျရုံးခဲ့သူလေ။ ပေတစ်သီး ၊ ကျီးတစ်သားလို ပေါက်ဖွားလာတဲ့ ကို့ရဲ့အချစ်ပါ။ ကိုကတော့ ဥစ္စချော ရုပ်ပေါ
ဘဲလိုအသံ ၊ ကျွဲလိုအသား ၊ ဇီးကွက်မျက်လုံး ၊ လိပ်ခါးနဲ့ ဖားဖင် ငါးပါးကြံအင်လက္ခဏာ ပြည့်စုံသူပါ။ ဒါပေမယ့် ခြင်္သေ့လို တည်ကြည်ပြီး ကျားလို ရဲရင့်သူနော်။ ဘဝပေးအခြေအနေကြောင့် ကျီးကန်းနဲ့ ဗျိုင်း တုနှိုင်းလို့ မရနိုင်တာကြောင့် ဆင်ဖြူမျက်နှာ ဆင်မဲမကြည့်ဝံ့ သလိုတော့ ဖြစ်မိသား။ မိချောင်းမင်း ရေခင်းပြတာမဟုတ်ပေမယ့် သူလေးသေချာ စဉ်းစားဆုံးဖြတ်ပါ။ အချိန်အတိုင်းအတာ တစ်ခုရောက်ရင်တော့ ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ ဖြစ်မယ့် အဖြေလေးပေးပေါ့။ အဖြေမရမချင်း ဝက်အစာတောင်းသလို တကျီကျီ မအီမိအောင် ကျိုးစားထိန်းနိုင်ပေမယ့် ခွေးနေရာမရသလို နေမထိထိုင်မသာတော့ ဖြစ်နေရမှာပါ။ ညည အိမ်မက်ထဲမှာလေ... သူလေးနဲ့ကို လားကြီးစီးလို့ ကမ္ဘာအပြင်ဘက်ကို သွားကြတယ်တဲ့။ သူလေးအတိတ်မှာ မှားခဲ့တာတွေရှိရင်တောင် ကို့ဘဝတစ်ခုလုံး နွားအဖြစ်ခံပြီး သားပိုက်ကောင်လို ကို့ရင်ခွင်ထဲမှာ သူလေးကိုထားပြီး ကြောင်လေးကို ယုယသလို ယုယမှု လေးတွေ ပေးချင်တယ်ကွာ။ သူလေးရဲ့ မေတ္တာတွေနဲ့ တုန့်ပြန်လာမယ့် စာကလေးကို သစ်ကုလားအုပ်လို အမျှော်လင့်ကြီး မျှော်လင့်နေမယ်နော်။ ကိုမျှော်လင့်သလိုလေး ဖြစ်လာရင်တော့ ငါးသလောက်ပြုံးလေးနဲ့ မြင်းတစ်ကောင်လို အပြေးလေးလာခဲ့မယ် သူလေးရယ်....

ယခုရည်းစားစာအား ဖတ်ပြီးပါက မိမိချစ်သူထံသို့ အမြန်ဆုံးပေးပို့ပါ။ မပို့မိပါက သင်၏ နောင်ဘဝသည် အနီရောင် စာသားများထဲမှ တစ်ခုခုဖြစ်လိမ့်မည်။ ဟီး :D နောက်တာပါဗျာ။