Showing posts with label မျှဝေခြင်း. Show all posts
Showing posts with label မျှဝေခြင်း. Show all posts

သမိုင်း

လူလောကမှာ သမိုင်းဆိုတာ မရှိမဖြစ်
သမိုင်းဆိုတာ ရာဇ၀င်ပုံပြင်တွေ မဟုတ်ခဲ့ဘူး
သမိုင်းကို ပြန်ကြည့်လိုက်ရင် အကောင်း အဆိုး ဒွန်တွဲလို့ပေါ့
“လူအ မဖြစ်ချင်ရင် သမိုင်းကိုလေ့လာတဲ့” ဒါက ဆရာသန်းထွန်း စကား
ငါတို့တိုင်းပြည်သမိုင်း ငါကြည့်တတ်သလောက်
ပြန်ငဲ့ကြည့်မိတော့

ငါတို့သမိုင်းမှာ လူကောင်းတွေ ပေါ်ထွန်းခဲ့တယ်
ဦးသန့်လို ကမ္ဘာကလေးစားတဲ့ ကုလသမဂ္ဂတယောက် ပေါ်ပေါက်ခဲ့တယ်
ငါတို့ ဂုဏ်ယူဝံ့ကြွားခဲ့ဖူးတယ်
ကမ္ဘာပေါ်မှာ ဦးသန့်နာမည်နဲ့ လမ်းတွေ ပေါ်ပေါက်ခဲ့ဖူးတယ်
ဒါဟာ ဖျက်မရတဲ့ သမိုင်းပဲ

ရိုးသားပြီး ပြည်သူတွေကိုနားလည်တဲ့ ဗိုလ်ချုပ်အောင်ဆန်းလိုလူမျိုး
ငါတို့သမိုင်းမှာ ပေါ်ပေါက်ခဲ့ပြန်တယ်….
ဖြောင့်မတ်တဲ့စိတ်နဲ့ ခေါင်းဆောင်နိုင်ခဲ့တယ်
ငါတို့ရဲ့ မလွတ်လပ်တဲ့နိုင်ငံအတွက် သူ့ဘ၀ကိုပေးဆပ်ခဲ့တယ်
ပြည်သူတွေရဲ့ အသဲနှလုံးကို သူပိုင်စိုးခဲ့တယ်…

မြန်ပြည်သမိုင်းမှာ ကျောင်းသားတွေ စည်းရုံးခဲ့ကြဖူးတယ်
သွေးမတော်သားမစပ် ထမင်းလက်ဆုံ စားခဲ့ကြဖူးတယ်
တယောက်ကိုထိ တယောက်မခံ တွန်းလှန်ခဲ့ကြဖူးတယ်
သွေးရဲရဲနီတဲ့ လမ်းတွေ များခဲ့ဖူးတယ်
ဒါဟာငါတို့သမိုင်း ငါတို့အမွေ

တက္ကသိုလ်ကောင်းတွေ ငါတို့နိုင်ငံမှာ ရှိခဲ့ဖူးတယ်
တချိန်ကပေါ့ အရာရာတိုးတက် ဖွံ့ဖြိုးခဲ့တယ်….
သယာဇာတပေါကြွယ်ဝလို့ မာန်ထောင်ခဲ့ကြဖူးတယ်..
ရန်ကုန်လမ်းတွေ ၊ ဧရာဝတီလမ်းတွေ တိုင်းတပါးက အားကျလို့
အတုခိုး နာမည်တွေပေးခဲ့ဖူးတယ်.

တို့ပြည်သမိုင်းမှာ ဂဠုန်ဦးစောလို အတ္တကြီးသူတွေ ရှိခဲ့ဖူးတယ်
မျိုးချစ်စိတ်မရှိ တကိုယ်ကောင်းဆန်တဲ့ လူတွေရှိခဲ့ဖူးတယ်
ငါတို့သမိုင်းမှာ အကောင်းပြောစရာမရှိလောက်အောင်
ယုတ်မာကောက်ကျစ်တတ်တဲ့ လူတချို့ရှိခဲ့ဖူးတယ်
ရက်စက်တတ်လွန်းတဲ့ နေ၀င်းအစိုးရဆိုတာ ရှိခဲ့ဖူးတယ်
တို့မြေသမိုင်းမှာ
အာဏာရူးတဲ့ လူတချို့ရှိနေခဲ့တယ်…..

ဖေဖော်ဝါရီ (၁၄)ရက် တဲ့လေ
ပျော်ချင်သူတွေ ပျော်နေကြပေမဲ့
ရှေ့တရက် ဖေဖော်ဝါရီ (၁၃)ကိုတော့ မမေ့စေချင်ဘူး

ဖေဖော်ဝါရီ တစ်ဆယ့်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ ပါ
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး
ရှေ့နေဦးဖာ သား
ဇာတိနတ်မောက် မကွေးခရိုင်
သိကြ များခုတိုင်
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား ….
တစ်ထောင့် ကိုးရာလေးဆယ့်ခွန်
ပြောင်းကြွတမလွန်
မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် ဒို့ဖခင်
ကောင်းစေချင်တဲ့ အမှာစကား
ငါတို့ မမေ့အား
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား…။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

Read More

ကူညီကြပါစို့

ကျနော်တို့ နေထိုင်ကြတဲ့ ဤကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကောင်းတာတွေ ဆိုးတာတွေကို မျိုးစုံခံစားကြရတာပဲ။ ဒီလိုပဲသိပ္ပံပညာတွေ ဘယ်လောက်တိုးတက်တိုးတက် လူလောကမှာ တချို့သောရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်မကုသနိုင်သေးသလို တချို့ရောဂါတွေကလဲ ဆေးပညာအရ ရှာဖွေကုသဖို့ ခက်ခဲတတ်ပါတယ်။ ဥပမာ အေအိုင်ဒီအက်စ်၊ ကင်ဆာရောဂါ စသည်ဖြင့်ပေါ့.. ဒီလိုရောဂါမျိုးတွေကို ခံစားနေရတဲ့လူတွေဟာ လူလောက အပြင်ဘက်ကို အလိုလိုနေရင်း ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူ့အပြစ်လဲဆိုတော့ ကျနော်တို့လို လူကောင်းတွေရဲ့ လူမဆန်မှုတွေ၊ လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ မကျင့်ကြံနိုင်လို့လဲ ဖြစ်ပါတယ်။ တကယ်တမ်းလူပမာတယောက်ကို နေ့စဉ်ပြုစုပေးနိုင်ဖို့ဆိုတာကလဲ စိတ်ဓါတ်တွေ တော်တော်လေးရှည်ရှည်ထားပြီး စိတ်ရင်းစေတနာအပြည့်နဲ့ မေတ္တာတွေမျှပြီး ပေးစွမ်းနိုင်ဖို့လိုပါတယ်။ လူအချင်းချင်း နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျနော်တို့လူသားတွေအဖို့ အလုပ်ထဲမှာ အဆင်မပြေခဲ့ရင် အိမ်မှာကျန်ခဲ့တဲ့ ရောဂါသည်ကို ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲ။ ကျနော်တို့ရဲ့ရောဂါသည်ကရော အပေါ်မှာပြောခဲ့သလို အေအိုင်ဒီအက်စ်လို ရောဂါမျိုးဆိုရင်ကော သင့်အနေနဲ့ အမြဲတမ်းပြုစုပေးနိုင်ပါ့ဦးမလား။ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီကြဖို့ မစဉ်းစားတော့ဘူးလား...

ကျနော်အမြဲသွားပြီး ဖတ်နေကြ ဘောလုံးသတင်း ဆိုဒ်လေးကနေပြီးတော့ ဦးဆောင်လုပ်ပေးတဲ့ Program တခုကို ကျနော်ချစ်တဲ့ ညီအကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဒါကတော့ ဘာ Program လေးလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိတဲ့ အနာကြီးရောဂါသည်(လူနဲစု)တွေရဲ့ ကုန်ဆုံးသွားမဲ့ သက်တမ်းကို သက်တောင့်သက်တာဖြစ်အောင် တဖက်တလမ်းကနေ ကူညီဆောင်ရွက်နေတာလေးတခုပါ။ သူရဲ့ ဆိုဒ်လေးက ဒီမှာ ပါ။ အသေးစိတ်ကြည့်နိုင်ပါတယ်။

ဒီလိုရောဂါမျိုးတွေထဲမှာ အနာကြီးရောဂါသည်တွေရဲ့ဘ၀ဟာ အတော့်ကိုဆိုးရွားလှပါတယ်။ အနာကြီးရောဂါသည်တွေကို ကျနော်တို့မြန်မာပြည်သူ၊သား တော်တော်များများကတော့ အနာကြီးရောဂါဆိုတာထက် အနူရောဂါလို့ ပြောရင် ပိုသိကြပါတယ်။ ကျနော်ငယ်စဉ်ကဆို တောင်ကြီးမြို့ပေါ်မှာ အဲ့လို အနာကြီးရောဂါသည်တွေ တော်တော်များများတွေ့ဖူးခဲ့ပါတယ်။ အများကတော့ ပအိုဝ့်၊ပလောင်စတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကိုတွေ့ရတတ်ပါတယ်။ အခန့်မသင့်လို့ ရောဂါဖြစ်ပွားခဲ့ရတဲ့ လူတွေရှိသလို၊ ဆင်းရဲတွင်းနက်ပြီး အနေအထိုင်မဆင်ခြင်လို့လဲ ကူးစက်ခဲ့ရတဲ့လူတွေ ရှိနေခဲ့ကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပွားဖြစ်ပွား အနာကြီးရောဂါသည်လို့ ပြောလိုက်တာနဲ့ လူတွေရဲ့ မျက်နာမှာအလိုမကျတဲ့အရိပ်လေးတွေ ပြတတ်ပါတယ်။ ကျနော်လဲ မစဉ်းစားတတ်သေးတဲ့ ကလေးဘ၀အရွယ်တုန်းက အနာကြီးရောဂါသည်တွေမြင်ရင် ကြောက်ပြီးအနားမကပ်ရဲခဲ့ပါဘူး ခုချိန်များ ပြန်စဉ်းစားကြည့်မိတော့ လူမပီသတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရှက်ရွံ့မိပါတယ်။

""အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရားမဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ်
ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူအညီယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံလို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။""
ဆိုဒ်ကလေးရဲ့ Home Page မှာ တင်ထားတာလေးပါ

ဘယ်လောက်ထဲ ကြေကွဲစရာ၊ ရင်နာစရာကောင်းတဲ့ လူ့ဘ၀ကိုရောက်နေပါသလဲ.. ကျနော်တို့နေ့စဉ်ရှာဖွေနေတဲ့ ငွေတွေက ဘယ်လိုနေရာအတွက် အကျိုးချမှာလဲ ကျနော်တို့ သေချာပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ သုံးသင့် သုံးထိုက်တဲ့နေရာမှ ကျနော်တို့ သုံးစွဲတတ်ဖို့လိုပါတယ်။ ကျနော်တို့ မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀န်းတွေထဲမှာကော ဒီလိုရောဂါသည်တွေ မဖြစ်လာနိုင်ဘူးလို့ အတပ်ပြောလို့ရမလား ဘယ်အရာမဆို ကိုယ်ပြုခဲ့တဲ့ ကံတရားအတိုင်းသွားကြရမှာပါပဲ။ ဘုရားပေးတဲ့အတိုင်းသာ ခံစားကြရမှာပါပဲ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီမယ်ဆို သူတို့လေးတွေရဲ့ဘ၀က ပိုပြီးသက်တောင့်သက်တာလေး ရှိကြမှာပါ။ ကူညီချင်သူများအားလုံး ဒီဆိုဒ် လေးကိုသွားပြီး အသေးစိတ်ဖတ်နိုင် လှူဒါန်းနိုင်ပါတယ်

မှတ်ချက်။ ။ မက်ဖန်ဆိုဒ် မှခွင့်ပြုချက်ယူ၍ ရေးသားပါသည်။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား

Read More

ကူညီကြပါစို့

ကျနော်တို့ နေထိုင်ကြတဲ့ ဤကမ္ဘာလောကကြီးမှာ လူရယ်လို့ ဖြစ်လာရင် ကောင်းတာတွေ ဆိုးတာတွေကို မျိုးစုံခံစားကြရတာပဲ။ ဒီလိုပဲသိပ္ပံပညာတွေ ဘယ်လောက်တိုးတက်တိုးတက် လူလောကမှာ တချို့သောရောဂါဝေဒနာတွေကို ပျောက်ကင်းအောင်မကုသနိုင်သေးသလို တချို့ရောဂါတွေကလဲ ဆေးပညာအရ ရှာဖွေကုသဖို့ ခက်ခဲတတ်ပါတယ်။ ဥပမာ အေအိုင်ဒီအက်စ်၊ ကင်ဆာရောဂါ စသည်ဖြင့်ပေါ့.. ဒီလိုရောဂါမျိုးတွေကို ခံစားနေရတဲ့လူတွေဟာ လူလောက အပြင်ဘက်ကို အလိုလိုနေရင်း ရောက်ရှိသွားတတ်ပါတယ်။ ဒါတွေဟာ ဘယ်သူ့အပြစ်လဲဆိုတော့ ကျနော်တို့လို လူကောင်းတွေရဲ့ လူမဆန်မှုတွေ၊ လူသားတယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကျင့်ဝတ်တွေကို ကျနော်တို့ မကျင့်ကြံနိုင်လို့လဲ ဖြစ်ပါတယ်။ တကယ်တမ်းလူပမာတယောက်ကို နေ့စဉ်ပြုစုပေးနိုင်ဖို့ဆိုတာကလဲ စိတ်ဓါတ်တွေ တော်တော်လေးရှည်ရှည်ထားပြီး စိတ်ရင်းစေတနာအပြည့်နဲ့ မေတ္တာတွေမျှပြီး ပေးစွမ်းနိုင်ဖို့လိုပါတယ်။ လူအချင်းချင်း နေ့စဉ်ထိတွေ့ဆက်ဆံနေရတဲ့ ကျနော်တို့လူသားတွေအဖို့ အလုပ်ထဲမှာ အဆင်မပြေခဲ့ရင် အိမ်မှာကျန်ခဲ့တဲ့ ရောဂါသည်ကို ဘယ်လောက်ထိ စိတ်ရှည်နိုင်မလဲ။ ကျနော်တို့ရဲ့ရောဂါသည်ကရော အပေါ်မှာပြောခဲ့သလို အေအိုင်ဒီအက်စ်လို ရောဂါမျိုးဆိုရင်ကော သင့်အနေနဲ့ အမြဲတမ်းပြုစုပေးနိုင်ပါ့ဦးမလား။ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီကြဖို့ မစဉ်းစားတော့ဘူးလား...

ကျနော်အမြဲသွားပြီး ဖတ်နေကြ ဘောလုံးသတင်း ဆိုဒ်လေးကနေပြီးတော့ ဦးဆောင်လုပ်ပေးတဲ့ Program တခုကို ကျနော်ချစ်တဲ့ ညီအကို မောင်နှမတွေနဲ့ မိတ်ဆက်ပေးချင်တာပါ။ ဒါကတော့ ဘာ Program လေးလဲဆိုတော့ ကျနော်တို့ တိုင်းပြည်ထဲမှာ ရှိတဲ့ အနာကြီးရောဂါသည်(လူနဲစု)တွေရဲ့ ကုန်ဆုံးသွားမဲ့ သက်တမ်းကို သက်တောင့်သက်တာဖြစ်အောင် တဖက်တလမ်းကနေ ကူညီဆောင်ရွက်နေတာလေးတခုပါ။ သူရဲ့ ဆိုဒ်လေးက ဒီမှာ ပါ။ အသေးစိတ်ကြည့်နိုင်ပါတယ်။

ဒီလိုရောဂါမျိုးတွေထဲမှာ အနာကြီးရောဂါသည်တွေရဲ့ဘ၀ဟာ အတော့်ကိုဆိုးရွားလှပါတယ်။ အနာကြီးရောဂါသည်တွေကို ကျနော်တို့မြန်မာပြည်သူ၊သား တော်တော်များများကတော့ အနာကြီးရောဂါဆိုတာထက် အနူရောဂါလို့ ပြောရင် ပိုသိကြပါတယ်။ ကျနော်ငယ်စဉ်ကဆို တောင်ကြီးမြို့ပေါ်မှာ အဲ့လို အနာကြီးရောဂါသည်တွေ တော်တော်များများတွေ့ဖူးခဲ့ပါတယ်။ အများကတော့ ပအိုဝ့်၊ပလောင်စတဲ့ တိုင်းရင်းသားမျိုးနွယ်တွေကိုတွေ့ရတတ်ပါတယ်။ အခန့်မသင့်လို့ ရောဂါဖြစ်ပွားခဲ့ရတဲ့ လူတွေရှိသလို၊ ဆင်းရဲတွင်းနက်ပြီး အနေအထိုင်မဆင်ခြင်လို့လဲ ကူးစက်ခဲ့ရတဲ့လူတွေ ရှိနေခဲ့ကြပါတယ်။ ဘယ်လိုကြောင့်ပဲ ဖြစ်ပွားဖြစ်ပွား အနာကြီးရောဂါသည်လို့ ပြောလိုက်တာနဲ့ လူတွေရဲ့ မျက်နာမှာအလိုမကျတဲ့အရိပ်လေးတွေ ပြတတ်ပါတယ်။ ကျနော်လဲ မစဉ်းစားတတ်သေးတဲ့ ကလေးဘ၀အရွယ်တုန်းက အနာကြီးရောဂါသည်တွေမြင်ရင် ကြောက်ပြီးအနားမကပ်ရဲခဲ့ပါဘူး ခုချိန်များ ပြန်စဉ်းစားကြည့်မိတော့ လူမပီသတဲ့ ကိုယ့်အဖြစ်ကို ကိုယ်ရှက်ရွံ့မိပါတယ်။

""အနာကြီးရောဂါသည်လို့ ဖြစ်လာရင် လူတွေက အနူ ဆိုတာမျိုး ပြေးမြင်မိကြတာပါ။ တကယ်တော့ ဒါဟာ ပြည့်စုံတဲ့အမှန်တရားမဟုတ်ဘဲ သူတို့တွေဟာ ခံစားချက်ရှိတဲ့ လူသားတွေပါ။ အနာကြီးရောဂါသည်လို့ ဖြစ်လာပြီဆိုရင် .... ဝေဒနာသည်တွေရဲ့ လက်တွေဟာ ခံစားမှုမရှိတော့ပါဘူး။ အနာကြီးရောဂါ ပိုးသတ်ဆေး သောက်လိုက်လို့ ပိုးသေသွားပေမယ့် နောက်ဆက်တွဲ ဝေဒနာတွေကြောင့် သူတို့တွေဟာ လက်တွေ ခြေထောက်တွေတိုပြီး ဘာမှမလုပ်နိုင်ကြတော့ပါဘူး။ အလုပ်လုပ်ဖို့ ဝေးစွ ခြေထောက်ထဲ သံစူးရင်တောင် သံစူးမှန်းမသိ ပေါင်ကအကျိတ်ခိုလာမှ ခြေထောက်မှာ အနာရှိလောက်တယ် ထင်ပြီး ဖြဲရှာရတဲ့ဘ၀ပါ။ အဲလိုကနေ ရောဂါကျွမ်းသွားလို့ လက်ဖြတ်၊ ခြေဖြတ်လိုက်ရတဲ့ ဘ၀မျိုးမှာ ရပ်တည်ဖို့တောင် ပစ္စည်းကိရိယာတွေရဲ့ အကူအညီယူရပါတယ်။ ဒီလိုရောဂါသည်တွေဟာ အလုပ်မလုပ်နိုင်ကြတော့ပါဘူး။ ရောဂါသည်အများစုက မိသားစု ငွေကြေးမပြည့်စုံလို့ ဆေးမမှီဘဲ ဖြစ်လာကြရတာမို့ မိသားစုကလည်း သူတို့တွေရှင်သန်ရေး မကူညီပေးနိုင်ပါဘူး။ ဒါကြောင့်ပဲ သူတို့တွေကို စုပေါင်းစောင့်ရှောက်ထားတဲ့ သူတို့တွေရဲ့အိမ် လို့ဆိုရမယ့် စောင့်ရှောက်ရေးဂေဟာ ရှိလာရတာပါ။ အလှူရှင်တွေရဲ့ ကူညီလှူဒါန်းမှုအားနဲ့ ရပ်တည်ရတဲ့ ဒီဂေဟာမှာ သူတို့တွေနေကြပါတယ်။"" ဆိုဒ်ကလေးရဲ့ Home Page မှာ တင်ထားတာလေးပါ

ဘယ်လောက်ထဲ ကြေကွဲစရာ၊ ရင်နာစရာကောင်းတဲ့ လူ့ဘ၀ကိုရောက်နေပါသလဲ.. ကျနော်တို့နေ့စဉ်ရှာဖွေနေတဲ့ ငွေတွေက ဘယ်လိုနေရာအတွက် အကျိုးချမှာလဲ ကျနော်တို့ သေချာပြန်စဉ်းစားဖို့ လိုအပ်ပါတယ်။ သုံးသင့် သုံးထိုက်တဲ့နေရာမှ ကျနော်တို့ သုံးစွဲတတ်ဖို့လိုပါတယ်။ ကျနော်တို့ မိသားစု၊ ဆွေမျိုး၊ အသိုင်းအ၀န်းတွေထဲမှာကော ဒီလိုရောဂါသည်တွေ မဖြစ်လာနိုင်ဘူးလို့ အတပ်ပြောလို့ရမလား ဘယ်အရာမဆို ကိုယ်ပြုခဲ့တဲ့ ကံတရားအတိုင်းသွားကြရမှာပါပဲ။ ဘုရားပေးတဲ့အတိုင်းသာ ခံစားကြရမှာပါပဲ ကျနော်တို့တွေ တတ်နိုင်သလောက် ကူညီမယ်ဆို သူတို့လေးတွေရဲ့ဘ၀က ပိုပြီးသက်တောင့်သက်တာလေး ရှိကြမှာပါ။ ကူညီချင်သူများအားလုံး ဒီဆိုဒ် လေးကိုသွားပြီး အသေးစိတ်ဖတ်နိုင် လှူဒါန်းနိုင်ပါတယ်

မှတ်ချက်။ ။ မက်ဖန်ဆိုဒ် မှခွင့်ပြုချက်ယူ၍ ရေးသားပါသည်။

လူသားတိုင်းသည် လွတ်လပ်စွာ ဝေဖန်ခွင့်၊ ငြင်းဆိုခွင့် ရှိပါသည်။

လေးစားလျက် တောင်ပေါ်သား
Read More

ရင်နာစရာ

ဒီမှာကလစ်နှိပ်ပြီး ပုံကြီး ကြည့်လို့ရပါတယ်။

စာလေးဖတ်ပြီးတော့ မဖြစ်သင့်ပဲ အသက်သေဆုံးသွားတဲ့ ညီမငယ်လေးအတွက် တော်တော်လေးကို ၀မ်းနည်းမိပါတယ်။ သူရဲ့မိသားစုက သူမအပေါ် ဘယ်လောက်ထိ မျှော်လင့်ချက်တွေ ထားခဲ့ကြသလဲ.. ခုတော့ မတော်တဆလို့ လွယ်လွယ်ပြောပြီး ဒါလေးကို အဆုံးသတ်ချင်ကြတဲ့ လူတွေရှိနေတာကို မြင်ရတော့ တော်တော်လေးကို အော်ဂလီဆန်မိပါတယ်။ ကျနော်တဦးထဲ အမြင်အရဆိုရင်တော့ ဒါဟာ လုံးဝမဖြစ်သင့်တဲ့အချက်ပါပဲ။ ဒီစာအတိုင်း တကယ်ဖြစ်ခဲ့တယ်ဆိုရင် ကျူးလွန်သူ ဆရာဝန်အနေနဲ့ တရားဝင် ဖြေရှင်းသင့်ပါတယ်။ ပြီးတော့ Snap-shot အနေနဲ့ ပြည်သူတွေကို တကယ့် အကျိုးပြုစေချင်တဲ့ စိတ်ရင်းမှန်မယ်ဆိုရင် ဖြစ်ပွားခဲ့တဲ့ ဆေးရုံနာမည်နဲ့ ဆရာဝန်နာမည်ကို ရဲဝံ့စွာ ဖော်ထုတ်သင့်ပါတယ်။ ခုက ပြည်သူတွေေ၀၀ါးသွားစေမဲ့ အရေးအသားတခုသာ တွေ့ရှိပါတယ်။ ဘယ်ဆေးရုံလဲ ဘယ်ဆရာဝန်လဲ.. ဒါဟာ ဆရာဝန်တယောက်ရဲ့ ဂုဏ်သိက္ခာကို စော်ကားနိမ့်ချတာမဟုတ်ပါဘူး။ အမှန်ကို အမှန်အတိုင်း ထုတ်ဖော်ပြသဖို့ လိုအပ်ပါတယ်။

မျောက်များ ပုံပြင်

၂၀၀၉ ခုနှစ် နိုဝင်ဘာလထုတ် သရဖူမဂ္ဂဇင်း အမှတ် ၁၄၅ မှ အော်ပီကျယ်ရဲ့ ကာတွန်း

မှတ်ချက် ။ ။ ကျနော် ကြိုက်လွန်းသဖြင့် အမှတ်တရ သိမ်းထားရန်ဒီနေရာမှ ကူးယူဖော်ပြပါတယ်။

ဆရာ နီကိုရဲ (ခ) ကိုရဲဝင်း သို့ အမှတ်တရ

မြန်မာပြည် စာနယ်ဇင်း လောကမှာ ကျင်လည်ခဲ့စဉ်က ကျမ စာရေးဆရာ နီကိုရဲနဲ့ အင်တာဗျူး ၂ ခါ လုပ်ခဲ့ဖူးပါတယ်။ ပထမအကြိမ် လုပ်စဉ်က မဂ္ဂဇင်းတအုပ်ထဲမှာ ဖော်ပြခံခဲ့ရပေမယ့် ဒုတိယအကြိမ် အင်တာဗျူးကတော့ အကြောင်း ကြောင်းကြောင့် စာမျက်နှာပေါ် မရောက်ခဲ့ပါဘူး။ ပထမအကြိမ် အင်တာဗျူးလုပ်တော့ သူက စာပေနယ်နဲ့ ရုပ်ရှင်နယ်မှာ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်၊ တိတိကျကျ ပြောရရင် သူ့ရဲ့ “စိတ်အိုင်ပက်သူ” ဆိုတဲ့ ဝတ္ထုစာအုပ် ထွက်ပြီးစပါ။

စာရေးဆရာ နီကိုရဲ (ခ) ကိုရဲဝင်း

ကျမရဲ့ အယ်ဒီတာက ခိုင်းတာနဲ့ပဲ သူနဲ့ အင်တာဗျူးဖို့ သူနေတဲ့ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်ကို ရောက်ခဲ့ပါတယ်။ အဲဒီတုန်းက ကျမကို “စိတ်အိုင်ပက်သူ” ဝတ္ထုစာအုပ်တအုပ် သူ့လက်မှတ်နဲ့ လက်ဆောင်ပေးလိုက်ပါတယ်။ စိတ်အိုင်ပက်သူ ဝတ္ထုကို ရုပ်ရှင်ရိုက်တော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး အင်တာဗျူးတာဖြစ်ပေမယ့် တခြား အင်တာဗျူးနဲ့မဆိုင်တဲ့ အကြောင်းအရာတွေ၊ သူ့ရဲ့ အလွဲတွေနဲ့ သူ့ရဲ့ ဝတ္ထုတွေ အကြောင်း ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောဖြစ်ခဲ့ကြပါတယ်။

အင်တာဗျူးသူနဲ့ အဗျူးခံသူ၊ စာရေးသူနဲ့ စာဖတ်သူ၊ စာနယ်ဇင်းလောကသားချင်း ဆိုတဲ့ အနေအထားနဲ့ သူနဲ့ကျမလည်း ရင်းနှီးမှုရခဲ့ပါတယ်။ အဲဒီတုန်းက သူ့ ဇနီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့၊ သူ့အနေအထားက ရွှေခေတ် လို့ ပြောရတဲ့အချိန်။ နီကိုရဲရဲ့ ဇာတ်ညွှန်းတွေနဲ့ ဗီဒီယို ကားတွေ ဟောတကား၊ ဟောတကား ရိုက်ကူးထုတ်လုပ်နေချိန် … သိပ်ကို အောင်မြင်နေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂၀၀၂ ခုနှစ် ဝန်းကျင်ပေါ့။

အဲဒီတုန်းက ကျမက ပေါ့ပ် ဂျာနယ်တစောင်မှာ ဆိုတော့ တချို့ ရုပ်ရှင်ရိုက်ကွင်းတွေအထိ သွားရတဲ့အခါမှာ သူနဲ့ ထပ်ဆုံဖြစ်၊ စကားတွေ ပြောဖြစ်ပါသေးတယ်။ သူနေတဲ့ အိမ်ရဲ့ နောက်ဖေး လမ်းမှာရှိတဲ့ မီးရထားလမ်းဘေးက ရပ်ကွက်ကို ရုပ်ရှင်သမားတွေက အခြေခံလူတန်းစား တွေနဲ့ ပတ်သက်တဲ့ ကားတွေရိုက်ဖို့ သုံးတတ်ကြပါတယ်။ အဲဒီနေရာကို ရိုက်ကွင်းတည်တဲ့အခါ စာရေးဆရာ နီကိုရဲရဲ့ အိမ်မှာ စတည်းချ ကြလေ့ရှိပါတယ်။ အဲဒီဘက်က ရိုက်ကွင်းတွေကို သွားရတဲ့အခါမှာလည်း ကျမက မင်းသမီးကို၊ မင်းသားကို၊ ဒါရိုက်တာကို သူ့အိမ်မှာ ထိုင်ပြီး ဗျူးဖြစ်ပါတယ်။ သူ့ရဲ့ မွေးခါစ သားလေးကိုလည်း ဝင်ကြည့်ဖြစ်ပါတယ်။ သူ့အနေအထားကတော့ စာပေနယ်၊ ရုပ်ရှင်နယ်မှာ အဆင်ပြေနေ ဆဲကာလပါပဲ။

အဲဒီနောက်တော့ ကျမ ပေါ့ပ်ဂျာနယ်ကနေ သတင်းဂျာနယ်လိုင်းဘက် ကူးဖြစ်ပါတယ်။ သတင်းတွေနဲ့ ရှုပ်နေတဲ့အချိန်မှာတော့ ကျမ စာရေးဆရာ နီကိုရဲနဲ့ နည်းနည်းအဆက်ပြတ်သွားပါတယ်။ ဒါပေမယ့် တခါတလေ မြို့ထဲက လက်ဖက်ရည်ဆိုင်မှာ၊ စာပေနယ်က တယောက်ယောက်ရဲ့ အသုဘ၊ မင်္ဂလာ အခမ်းအနားတချို့မှာ သူနဲ့ ခဏတဖြုတ်ဆုံမိ၊ နှုတ်ဆက်မိတာမျိုးတော့ ရှိပါတယ်။ ဒါပေမယ့် သူက အခမ်းအနားတွေဘာတွေလည်း သွားခဲတယ် ထင်ပါရဲ့၊ ကျမနဲ့ နောက်ပိုင်း သိပ်မဆုံဖြစ်ကြဘူး။

၀၀၄၊ ၂၀၀၅ ဝန်းကျင် တရက်မှာတော့ ကျမကို စာရေးဆရာမ ခက်မာက ဖုန်းဆက်လာပါတယ်။ “… နီကိုရဲက ပြောပြစရာတွေ ရှိနေတယ်၊ သူ နင့်ကို အင်တာဗျူးပေးချင်တယ်လို့ ပြောတယ်။ သွားလိုက်ပါလား၊ သူ့မှာ အခက်အခဲတွေလည်း အများကြီးရှိနေတယ်” လို့ မခက်မာက ပြောလာတော့ ကျမရဲ့ အယ်ဒီတာချုပ်ကို ခွင့်တောင်းပြီး သွားတွေ့ဖြစ်ပါတယ်။ အဲဒီတုန်းက သူနေတာ သုဝဏ္ဏ တံတားကြီးဘေးက ရပ်ကွက်က အိမ်မှာ မဟုတ်တော့ဘူး၊ သူ့မိဘတွေနေတဲ့ တောင်ဥက္ကလာပက အိမ်ကလေးမှာ ဖြစ်နေပြီ။

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ

ကျမ လာတော့ သူဝမ်းပန်းတသာကြိုဆိုပါတယ်။ သူ့မှာ ပြောပြချင်တာတွေလည်း တော်တော်များနေပုံရတယ်။ ကက်ဆက် ရကော်ဒါ လေးကိုဖွင့်ပြီးတာနဲ့ သူ့ရဲ့ အခြေအနေတွေကို တရစပ်ပြောပြပါတယ်။ သူနဲ့ အင်တာဗျူးခဲ့တဲ့အတိုင်း လုံးစေ့ပတ်စေ့ “၏၊ သည်” မလွဲ ပြန်မဖော် ပြနိုင်ပေမယ့် အကြောင်းအရာ အဖြစ်အပျက်အားလုံးကိုတော့ ဒီနေ့ထိ ကျမ မမေ့သေးပါဘူး။

လုံးချင်းစာအုပ်တွေ ဟောတအုပ်၊ ဟောတအုပ်၊ ဗီဒီယိုဇာတ်ညွှန်းတွေ ဟောတကား၊ ဟောတကား ရေးသားနေရတဲ့ နာမည်ကြီး စာရေးဆရာ တယောက်အနေနဲ့ အိမ်တလုံးတော့ အပိုင်ရှိနေတယ်လို့ ကျမ ထင်ထားခဲ့ဖူးပေမယ့် သူနဲ့ အဲဒီအင်တာဗျူး လုပ်တဲ့အချိန်မှာတော့ ကျမရဲ့ အထင် လုံးဝ အလွဲကြီး လွဲနေတယ်ဆိုတာ သိလိုက်ရပါတယ်။သူ့အိမ်လို့ ထင်ထားမိတဲ့ သုဝဏ္ဏ တံတားကြီးဘေး ရပ်ကွက်က အုတ်ခံ နှစ်ထပ်အိမ်ဟာ သူ့အိမ်မဟုတ်ပါဘူး။ သူ့ရဲ့ ထုတ်ဝေသူက နီကိုရဲ နာမည်ကြီးနေချိန်၊ လျှမ်းလျှမ်းတောက် အောင်မြင်နေချိန်မှာ သဘောကောင်းစွာနဲ့ “ညီလေး ဒီမှာနေပေါ့” ဆိုပြီးပေးနေထားတဲ့ အိမ်ဖြစ် ပါတယ်။

စာရေးဆရာ နီကိုရဲနဲ့ ထုတ်ဝေသူတို့ အနည်းငယ် မကျေမလည် ဖြစ်ချိန်မှာတော့ အဲဒီထုတ်ဝေသူက ချိုသာစွာနဲ့ပဲ “ညီလေးရေ၊ အစ်ကို စီးပွားရေး မပြေလည်လို့ ဒီအိမ်ကို ရောင်းတော့မလို့” ဆိုတဲ့စကားလေးနဲ့ အိမ်ပေါ်က ဆင်းခိုင်းလိုက်ပါတော့တယ်။ ဒါကတော့ ထုတ်ဝေသူနဲ့ စာရေးသူရဲ့ ပြဿနာပါ။ ဒီပြဿနာတွေကို စာရေးဆရာ နီကိုရဲက ကျမကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။ အိမ်ပေါ်က ဆင်းခိုင်းလိုက်တာဟာ စာရေးဆရာအတွက် ပြဿနာ လုံးဝမဟုတ်ပါဘူး၊ အဲဒီအိမ်က ဆင်းခဲ့ရပေမယ့် စာရေးဆရာဆီမှာ မိဘရဲ့ အိမ် ရှိနေပါသေးတယ်။ စာရေးဆရာအတွက် ပြဿနာကတော့ “စာမရေးရတော့တဲ့” ပြဿနာဖြစ်ပါတယ်။

ကျမ သူနဲ့ အင်တာဗျူးလုပ်တဲ့အချိန် ၂၀၀၄၊ ၂၀၀၅ ဝန်းကျင် လောက်ကနေစပြီး သူကွယ်လွန်တဲ့ ၂၀၀၉ အောက်တိုဘာ ၂၃ ရက်နေ့ အထိ နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းစာအုပ်အသစ် ထုတ်ခွင့် မရှိခဲ့ပါဘူး။ အဲဒီလို လုံးချင်းထုတ်ခွင့်မရှိအောင် သူ့ရဲ့ ထုတ်ဝေသူက စာပေ စိစစ်ရေးမှာ ပိတ်ပင်ခဲ့ပါတယ်။ စာရေးဆရာနီကိုရဲ ကိုယ်တိုင် သူ့ကလောင်တံ သူရိုက်ချိုးသလိုဖြစ်မယ့် လက်မှတ်ကို ထိုးခဲ့တဲ့ … ထုတ်ဝေသူနဲ့ သဘောတူညီချက် စာချုပ် မိတ္တူကို ကျမ ဖတ်ခဲ့ရပါတယ်။ အဲဒီသဘောတူညီချက်တွေ ထဲမှာ အရေးကြီးတာတချက်ကတော့ “ထုတ်ဝေသူနဲ့ စာရေးသူ သဘောတူညီ ထားတဲ့ စာအုပ်အရေအတွက် မထွက်ပြီးမချင်း နီကိုရဲ ဆိုတဲ့ နာမည်နဲ့ လုံးချင်းပဲဖြစ်ဖြစ်၊ မဂ္ဂဇင်းအခန်းဆက် ဝတ္ထုရှည်ပဲဖြစ်ဖြစ်၊ ရုပ်ရှင် ဇာတ်ညွှန်းပဲဖြစ်ဖြစ် ရေးသားထုတ်ဝေခြင်း မပြုရ” ဆိုတဲ့အချက်ပါ။ထုတ်ဝေသူနဲ့ စာရေးသူ ပြေလည်နေစဉ်မှာတော့ ထုတ်ဝေသူက စာရေးဆရာနီကိုရဲရဲ့ စာအုပ်တွေကို တအုပ်ချင်း ထုတ်ပေးနေခဲ့ပါတယ်။ မပြေလည်တဲ့အချိန်မှာတော့ ထုတ်စရာလည်း စာအုပ် အဆင်သင့်ရှိနေရဲ့သားနဲ့ စာအုပ်တွေကို ဆက်မထုတ်ဘဲ ထားလိုက်ပါတယ်။

ဥပမာ - စာအုပ် ၉ အုပ်ချုပ်ထားတယ် ဆိုပါတော့၊ နီကိုရဲက ၉ အုပ် ရေးပေးပြီးပြီ၊ ထုတ်ဝေသူကို အပ်ပြီးပြီ၊ ထုတ်ဝေသူကလည်း စာရေးဆရာကို ၉ အုပ်စာ ကျသင့်ငွေ ရှင်းပေးလိုက်ပြီ။ ဒါပေမယ့် အဲဒီ ၉ အုပ်ကို ထုတ်ဝေ သူက တအုပ်ချင်း မျှင်းပြီး ထုတ်နေမယ်၊ စာရေးသူနဲ့ မပြေလည်ချိန် ၃ အုပ်၊ ဒါမှမဟုတ် ၂ အုပ်လောက် ထုတ်ဖို့ ကျန်သေးတဲ့အချိန်မှာ ဆက်မထုတ်ဘဲ ထားလိုက်တယ်။

အဲဒီမှာ စာရေးဆရာ နီကိုရဲ အနေနဲ့ ဘယ်ထုတ်ဝေသူနဲ့မှ ဆက်ထုတ်လို့ မရတော့ပါဘူး၊ ဘယ်သူ့ကိုမှ လုံးချင်းရောင်းခွင့် မရှိတော့ပါဘူး၊ ဘယ်လို မဂ္ဂဇင်းဝတ္ထုရှည်မှလည်း ရေးခွင့်မရှိတော့ပါဘူး။ ကျမရှေ့တင် သူ့ကို ထုတ်ပေးချင်တဲ့ ထုတ်ဝေသူ တယောက် ရောက်လာပါတယ်။ ဒါပေမယ့် အဲဒီ ထုတ်ဝေသူလည်း ဘာမှ မတတ်နိုင်ပါဘူး။ စာပေစိစစ်ရေးမှာ စာချုပ်ပြပြီး “နီကိုရဲ” နာမည်နဲ့ လုံးချင်းထုတ်ခွင့် ပိတ်လိုက်ပြီ ကိုး။ သူ့အနေနဲ့လည်း နီကိုရဲ ဆိုတဲ့ နာမည်ကလွဲလို့ တခြားနာမည်နဲ့ ဝတ္ထုတွေကို ရောင်းစားဖို့ အစီအစဉ်လုံးဝ မရှိဘူးလို့ ဆိုပါတယ်။

ကျမအထင်မမှားဘူးဆိုရင်တော့ သူ ကွယ်လွန်ပြီးမှ သူ့ရဲ့ စာအုပ်တွေ ထပ် ထွက်လာလိမ့်ဦးမယ်။ သူ့ ထုတ်ဝေသူက လက်ကျန် စာအုပ်ကလေးတွေကို အပြီးအပြတ်ထုတ်ပြီး သူနဲ့ ချုပ်ထားတဲ့စာချုပ်ကို ပြီးပြတ်အောင် လုပ်လိုက်ရင်ပေါ့လေ။ အဲဒီတုန်းက သူက စာအုပ်တွေ ထုတ်ခွင့်မရပေမယ့် စာတွေကတော့ ရေးနေမှာပဲလို့ ပြောခဲ့ပါတယ်။

“နီကိုရဲ ဆိုတဲ့နာမည်ဖြစ်အောင် တည်ဆောက်ခဲ့ရတာ အကြာကြီး၊ အခုမှ နောက်ထပ် နာမည်တခု ထပ် တည်ဆောက်ဖို့ မဖြစ်နိုင် တော့ဘူးဗျ” လို့လည်း သူ ကြေကြေကွဲကွဲ ပြောခဲ့သေးတယ်။ သူ့လိုပဲ အဲဒီထုတ်ဝေသူရဲ့ စာချုပ်အမိခံနေရတဲ့ နောက်ထပ်စာရေးဆရာ တယောက်အကြောင်း၊ သူတို့ထက်လည်ပတ်လို့ အဲဒီထုတ်ဝေသူရဲ့ စာချုပ်ကို လွတ်အောင်ရှောင်နိုင်တဲ့ နာမည်ကြီး စာရေးဆရာ တယောက် အကြောင်းတွေကိုပါ သူ ကျမကို ပြောပြခဲ့ပါတယ်။ စာရေးဆရာနီကိုရဲဟာ မကြည်ပြာနဲ့ ချစ်ခြင်းရဲ့နဂ္ဂတစ်များ ဆိုတဲ့ လုံးချင်းဝတ္ထုနှစ်အုပ်တွဲနဲ့ အောင်မြင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ အဲဒီဝတ္ထုကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ကြည်ပြာရောင်နဂ္ဂတစ်များဆိုပြီး ရုပ်ရှင် ရိုက်ခဲ့ပါတယ်။ သိကြားနဲ့ အသူရာ ဝတ္ထုကိုလည်း “ယောက္ခမဆိုတာ တခါတုန်းက သားမက်ပါပဲ” ဆိုတဲ့ ရုပ်ရှင်ကားကြီးရိုက်ကူး အောင်မြင်ခဲ့တယ်။ စိတ်အိုင်ပက်သူ ကလည်း ရုပ်ရှင်ကားကြီးပါပဲ။

နောက်ထပ် သူရေးခဲ့တဲ့ စာအုပ်တွေကို လက်လှမ်းမီသလောက် ဖော်ပြရရင် အိုလေး၊ ရည်းစားစာ (၀တ္ထုတိုစု)၊ သံစုံကျူးတဲ့ည၊ ကျနော်နှင့် လက်တွဲဖော်များ၊ ဇွတ်၊ ကျနော်နှင့် ဈေးသည် အလွဲများ၊ လွယ်အိတ်ထဲက အလွဲများ၊ ပန်းပွင့်ကို ဖယ်ကြည့်မှ မြင်ရမယ့် လမင်း၊ နှလုံးသားထဲ ကြွက်ဝင်နေသည်၊ နတ်ဆိုးတကောင်နဲ့ ရင်လွဲသူ၊ လှည့်စား၊ အိတ်၊ ဇက်ပေါ်က ဇီးသီး၊ လူနှင့် သူတို့၏ ဟာသများ ပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နဲ့ တွဲပြီး ရုပ်ရှင်ကားကြီးတွေ၊ ဗီဒီယိုကားတွေအဖြစ် ရိုက်ခဲ့တဲ့ သူ့ဝတ္ထုတွေ၊ သူ့ဇာတ်ညွှန်းတွေကို ပရိသတ်က အထူးအားပေးခဲ့ပါတယ်။ “လွဲတယ်” ဆိုတဲ့စကားက သူ့ရဲ့ မူပိုင်စကားလို ဖြစ်ခဲ့တာပါ။

အင်တာဗျူးစဉ်က ကျမသိချင်တဲ့ မေးခွန်းတခုကို မေးလိုက်မိတယ်။ နီကိုရဲ ရဲ့ ပရိသတ်တွေလည်း သိချင်မှာပဲ။ “ဆရာ့အနေနဲ့ စာချုပ်မှာ လက်မှတ်ထိုးတုန်းက သေချာမဖတ်ဘူးလား” ဆိုတဲ့ မေးခွန်းပါ။ သူ့ရဲ့အဖြေက ကြေကွဲဖို့ကောင်းပါတယ်။ ဟာသ ဝတ္ထုရေးဆရာတယောက်နဲ့ အင်တာဗျူးရတာ ဖြစ်ပေမယ့် အဲဒီအင်တာဗျူးမှာ ကျမ မပျော်ပါဘူး။ စာရေးဆရာ နီကိုရဲဟာ သိပ်ကိုရိုးသားပြီး သူတပါးကိုလည်း ခင်မင်လွယ်၊ ယုံလွယ်ပါတယ်၊ သူ့စာတွေမှာ သူ့ရဲ့ ရိုးသားမှုတွေ ထင်ဟပ် နေပါတယ်။ သူ့ရဲ့ ဇာတ်ကောင် ရဲဝင်းဟာ သူကိုယ်တိုင်ပါပဲ။ သူ့ရဲ့ ဝတ္ထုတွေထဲမှာ သူဟာ ရိုးသားစွာလွဲသလို အပြင်လောကမှာလဲ သူ လွဲပါတယ်။ အပြင်လောကက အလွဲကတော့ စာချုပ်မှာ လက်မှတ်ထိုးတဲ့အချိန် ခင်မင်မှုနဲ့ အဲဒီစာချုပ်ကို သေချာမဖတ်တဲ့ အလွဲပါ။
ထုတ်ဝေသူအပေါ် ယုံကြည်မှုနဲ့ “ငါ့ကိုတော့ ဆိုးဆိုးရွားရွား မလုပ်လောက်ပါဘူး” ဆိုတဲ့အတွေး (လက်မှတ်ထိုးတဲ့အချိန်မှာ အရက်မူး နေတာလည်း ပါတယ်လို့ဆိုပါတယ်) ကိုတွေးရင်း လက်မှတ် ထိုးပေးလိုက်တာပါ။

အဲဒီစာချုပ်မှာ ဘာတွေပါတယ်ဆိုတာ သူ့ကလောင် အပိတ်ခံရချိန်၊ စာချုပ်ချုပ်ပြီး နှစ်တော်တော်ကြာ သူ့လက်ထဲကို ထုတ်ဝေသူက စာချုပ်လာပြတော့မှ သိရတယ် ဆိုတော့ ကျမ တော်တော် အံ့သြမိပါတယ်။ လွဲလိုက်လေခြင်းဆိုတဲ့ ကရုဏာ ဒေါသလည်း ဖြစ်မိပါတယ်။ ဒါပေမယ့် ဘာမှ မတတ်နိုင်တော့ပါဘူး။ သူလေးစားတဲ့ “နားလည်မှု၊ ခင်မင်မှု၊ ယုံကြည်မှု” ဆိုတာတွေကို စာချုပ်ဆိုတဲ့ စာတရွက်က အနိုင်ယူ သွားပါပြီ။ ကျမရဲ့ အင်တာဗျူးလည်း စာမျက်နှာပေါ် တင်ခွင့်မရလိုက်ပါဘူး။ စာရေးဆရာ နီကိုရဲရဲ့ အသံတွေကတော့ ကျမ ချန်ထားခဲ့တဲ့ ဂျာနယ်တိုက်ရဲ့ ထောင့်တနေရာမှာ ရှိနေပါလိမ့်မယ်။ ခုတော့ သူလည်း နှလုံးရောဂါနဲ့ ကွယ်လွန်တယ်လို့ဆိုပါတယ်။ အသက် ၄၃ နှစ်ဆိုတဲ့နှစ်အပိုင်းအခြားကတော့ ငယ်လွန်းသေးတယ်လို့ ပြောလို့ရတယ်။ တကယ်ဆို ဒီအသက်အရွယ်က စာတွေ အင်နဲ့အားနဲ့ ရေးရမယ့် အရွယ်ပါ။

စာရေးဆရာတယောက်ရဲ့ ဘဝဟာ စာမှ မရေးရတော့ဘူးဆိုရင် ဘယ်လိုမှ အဓိပ္ပာယ် မရှိနိုင်တော့ပါဘူး။ စာတွေ ရေးနေပေမယ့် သူရေးတဲ့စာတွေကို ပရိသတ်ကို ချပြခွင့် မရဘူး ဆိုရင်လည်း စိတ်ချမ်းသာ ပျော်ရွှင်မှုတွေ ဆိတ်သုဉ်းနေမှာပဲလို့ ကျမ တွေးမိတယ်။ ရေနံချေးဝနေတဲ့ သစ်သားအိမ်နံရံမှာ အစီအရီကပ်ထားတဲ့ သူ့စာအုပ် မျက်နှာဖုံးပုံ အဟောင်းလေးတွေကို ကျမ ခုထိ မြင်ယောင်နေဆဲပဲ။

မှတ်ချက်။ ။ ဧရာဝတီ သတင်းစာမျက်နှာမှ ဒီလင့်ကို ကူးယူဖော်ပြပေးပါသည်။

ဖြည့်စွက်ချက်။ ။ ကျနော်တို့ မြန်မာနိုင်ငံမှာ စာပေလောကမှာလဲ ဒီလို မသမာမူတွေ ရှိနေပါတယ်ဆိုတာ သိစေချင်ပါတယ်။ တနည်းအားဖြင့် တတ်နိုင်တဲ့လူက သက်ဆိုင်သူနဲ့ ပေါင်းပြီး နိမ့်ပါးတဲ့လူကို တဖတ်သတ် နှိပ်ကွပ်တာကတော့ လူမပီသပါဘူး။ ဒီလို ထုတ်ဝေသူများကိုလဲ အပြင်းအထန်ကို ရှုံ့ချသင့်ပါတယ်။ ဆရာ နီကိုရဲ ကောင်းမွန်ရာသို့ ရောက်ပါစေဗျာ

လေးစားလျက် တောင်ပေါ်သား

Read More

Blogger

ခုတလော မြင်ရတွေ့ရတာတွေက သိပ်မကောင်း။ ကျနော် မမြင်ချင်ဆုံးသော အရာတွေ။ လူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရယူခွင့်တွေကို အတင်းအဓ္ဓမ လိုက်ပိတ်ဆို့နေကြသည်။ လူတယောက်ရဲ့ ယုံကြည်မူကို လူသားအချင်းချင်းကအလွဲသုံးစား လုပ်နေကြသည်။ အားနာချင်းဆိုတာကို ထောက်ထားပြီး မပြောသ၍ သိနိုင်မည်မဟုတ်ပေ။

ဘလော့လောကရပ်ဝန်းပေါ် လှမ်းတက်ကြည့်လိုက်တော့ ပေါက်တတ်ကရ အခြေအမြစ်မရှိ တွေးတောစဉ်းစားနိုင်စွမ်းမရှိတဲ့ လူတွေရဲ့ တဖတ်သတ်စောင်းနင်းကဲ့ရဲ့မူတွေကို မြင်တွေ့နေရသည်။ မိန်းကလေးတွေ အတင်းပြောသည် အပုတ်ချသည်သာ ကြားဖူးသည်။ ယောကျာ်းများ ကဲ့ရဲ့တာသည် မိန်းမသားများ ကဲ့ရဲ့သည်ထက် ပိုမိုအစွမ်းထက်ကြောင်း မြင်တွေ့ရပြန်သည်။ ဘလော့ရေးသည်ဆိုသည်ကာ ဘာမှမဟုတ်ပေ အလကားရသော အကောင့်တခုဖွဲ့၊ ပြီးလျှင် ရေးချင်တာရေး ဒီလိုများတွေးပြီး အနှီပုဂ္ဂိုလ်များ ထင်နေသလားမသိ။ တကယ်တော့ ဘလော့ဂါအမည်ခံ ကျနော်တို့သည် အလဟဿ စာများရေးနေခြင်းမဟုတ်။ ကိုယ့်ဝါသနာ တနည်းအားဖြင့် ကိုယ့်ရဲ့မိသားစုကြောင်း၊ ကိုယ့်အကြောင်းကို ကိုယ်ရေးသားခြင်းသာများသည်။ ဘလော့ရေးပြီဆိုသည်ဟူကတည်းက ကိုယ့်ကိုယ်ပိုင် စာမျက်နှာဖြစ်သဖြင့် ကိုယ်ကြိုက်တာလုပ်ခွင့်ရှိသည် ဆိုသည်ကိုးကား အထူးပြောစရာမလိုတော့ပေ။

ဘလော့ဂါဆိုသည့်အပိုင်းတွင်လဲ သက်ဆိုင်ရာအလိုက်၊ အားသန်ရာအလိုက် အမျိုးမျိုးခွဲထွက်သွားနိုင်ပေသည်။ အချစ်ဖက်အားသန်လျှင် အချစ်အကြောင်းရေးမည်၊ ကဗျာအားသန်လျှင် ကဗျာတွေချည်းရေးနိုင်သည်၊ ရသအားသန်လျှင် ရသစာပေတွေ ရေးမည်။ ဒါကို လိုက်ဝေဖန်စရာလိုအပ်သည်ဟု ဆိုလာပါက ကျနော် လဲဝေဖန်သင့်သည်ဟုမြင်မိပေသည်။ ယုတ်စွအဆုံး နိုင်ငံရေးလုပ်ချင်လုပ်မည် တိုင်းပြည်ကိုကြည့်၍ မချင့်မရဲဖြစ်ကာ ရေးချင်တာ ရေးမည်။ ဒါပေမဲ့ လူဆိုတာက အမှားအယွင်းရှိနိုင်ပေသည် ဝေဖန်ထောက်ပြမှသာ ကျနော်တို့ ပြုပြင်နိုင်ပေလိမ့်မည်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ တနည်းအားဖြင့် ဘလော့လောကက စာမျက်နာအများစုကိုကား ဝေဖန်ရန်ပင် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဟု သင်ထင်သလဲ.......

မိမိကိုယ့်ကို ဘလော့ဂါ တနည်းအားဖြင့် အင်တာနက်ပေါ်က စာမျက်နှာပေါ်တွင် စာရေးသားတော့မည်ဆိုပါက ကျနော်တို့၏ စိတ်ထဲတွင် မည်သူမှ လှုံ့ဆော်ပေးမူမရှိပဲ ကျနော်တို့ကိုယ်တိုင် ခံယူသည့်အချက်တချက်ရှိပါသည်။ ဤကား မိမိရေးသားသော စာ ဖြစ်စေ၊ ပုံတပုံ ဖြစ်စေ ပြဿနာတခုဖြစ်လာလျှင် မိမိကိုယ်တိုင်တာဝန်ယူရမည် ဟူသောခံယူချက်ဖြစ်ပေသည်။ ထို့အတွက် ကျနော်တို့ ဘလော့ဂါရပ်ဝန်းတွင် ပြဿနာဟူသည် မရှိလောက်အောင် နည်းပါးခဲ့ပါသည်။ အင်တာနက်အသုံးပြုသည့်လူတိုင်း သိကြပေမည်။ အင်တာနက်သည် ကောင်းကျိုးပေးတဲ့ အရာဖြစ်သလို ဆိုးကျိုးကိုလဲ ဖြစ်ထွန်းစေသည်။ ထို့အတွက် အင်တာနက်ပေါ်တွင် အရေမရအဖတ်မရ စာတွေ မြောက်များစွာ ရှိပေသည်။ ဒါပေမဲ့ အင်တာနက်ပေါ်တွင် ရေးသားသော စာမျက်နှာ တနည်းအားဖြင့် ဘလော့ပေါ်တွင် စာပေစစ်ဆေးရေးကဲ့သို့သော ဌာနမရှိပေ။ ဤအတွက် ဘလော့ဂါအများစုသည် မိမိရေးသားသော စာပေ၊ ပုံများကို မိမိ၏အသိစိတ်ဓါတ်ဖြင့် မိမိကိုယ်တိုင် တာဝန်ယူတတ်ကြပါသည်။ ဒါသည် ဘလော့လောကအတွက်သာဖြစ်ပေမည်။

အခုနောက်ပိုင်း ဝေဖန်ထောက်ပြချက်တချို့သည် လူပုဂ္ဂိုလ်တဦးတယောက်၏ ပါစင်နယ်ကို ထိခိုက်ရေးသားထောက်ပြမူတွေကို တွေ့ရတာတော်တော်ဝမ်းနဲဖွယ်ကောင်းသည်။ အမှန်ဖြစ်သင့်သည်မှာ ဘယ်နေရာတွင် လိုအပ်ချက်ရှိသလဲ သေချာ အကျိုးအကြေ

အခုနောက်ပိုင်း ဝေဖန်ထောက်ပြချက်တချို့သည် လူပုဂ္ဂိုလ်တဦးတယောက်၏ ပါစင်နယ်ကို ထိခိုက်ရေးသားထောက်ပြမူတွေကို တွေ့ရတာတော်တော်ဝမ်းနဲဖွယ်ကောင်းသည်။ အမှန်ဖြစ်သင့်သည်မှာ ဘယ်နေရာတွင် လိုအပ်ချက်ရှိသလဲ သေချာ အကျိုးအကြောင်းခိုင်လုံစွာ ထောက်ပြပါမှ အားလုံးအတွက် ကောင်းကျိုးကိုရစေနိုင်ပေသည်။ ထို့သို့မဟုတ်ပဲ ယောကျာ်းသားများဖြစ်ရက်နဲ့ မိန်းကလေးများလို ထမိန်ကြားက လက်သီးထောင်ပြနေသည်မှာ အလွန်ကို ရွံ့ရှာဖွယ်ကောင်းပေသည်။ ပို၍ ဆိုးသည်ကား ယခုဝေဖန်ရေးသားနေသော လူများသည် မြန်မာနိုင်ငံသားများဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုသူတို့တွင် ဌင်းတို့၏ မိဘ၊ မောင်နှမများ မရှိသည့်အလား ရိုင်းစိုင်းသော အသုံးအနှုန်းများကို သုံးသပ်ထားသည်ကိုလဲ တွေ့ရပါသည်။ ဝေဖန်ခြင်းသည် ကောင်းမွန်ခြင်းကို ရောက်စေနိုင်သည်ဆိုသည်မှာ ကျနော်ကိုယ်တိုင် လက်ခံပါသည်။ ဒါပေမဲ့ ဝေဖန်တတ်ဖို့ တနည်းအားဖြင့် မှန်ကန်သော ထောက်ပြပေးနိုင်မူတွေ လိုအပ်ပါသည်။

ကျနော်ယခုပြောဆိုနေသော အရာများကို တဖက်စောင်းနင်းပြန်လဲဝေဖန်မည်ဆိုလျှင်လဲ ရပေသည်။ သူများကိုမဝေဖန်နဲ့ဟု ပြောပြီ ကျနော်ခု အနှီပုဂ္ဂိုလ်များ၏ ဝေဖန်ချက်ကို ပြန်လဲဝေဖန်နေမိသောကြောင့် ဖြစ်သည်။ ကျနော် ရေးခဲ့ဖူးပါသည် နာမည်ကြီး ဘလော့ဂါတယောက်၏ အဆိုလေးပါ။ ကိုယ့်ဘလော့မှာ ကြိုက်တာရေးမယ် သင်မကြိုက်လျှင် လာဖတ်စရာမလို ဟူသဖြင့် ဘလော့ဂါတယောက်ပြောဖူးသည်ကို ကျနော်ကြားခဲ့ဖူးပါသည်။ ကျနော် ဝေဖန်ခဲ့ဖူးပါသည်။ ကျနော်တို့ဘလော့ဂါဆိုတာ စာဖတ်သူပရိသတ်က ပေးသော ကောမန့်များ၊ ခင်မင်ရင်းနှီးသော မိတ်ဆွေ အပေါင်းအသင်းများ၏ ကောမန့်များကို နှစ်ခြိုက်ခုံမင်စွာ စောင့်မျှော်လေ့ရှိပေသည်။ ထိုသို့မဟုတ်လျှင် ကျနော်တို့အနေနဲ့ ဘလော့စာမျက်နှာပေါ် တက်၍ စာရေးသားရန်မလို၊ ကျနော်တို့ အင်တာနက်ခ အကုန်ခံပြီး ရေးစရာမလို ကျနော်တို့၏ အပြင်ဒိုင်ယာရီမှတ်စုများတွင်သာ ရေးပြီးသိမ်းထားယုံပါ စသည်ဖြင့် ကျနော်ဝေဖန်ခဲ့ဖူးပါသည်။

ဘလော့လောကမှာ အပြင်က လူတိုင်းမသိနိုင်သော နားမလည်နိုင်သော အချင်းချင်းတယောက်ကို တယောက် လူသားဆန်သော အပြုအမူများစွာ ရှိပါသည်။ တခုခြင်းရေးချပြလျှင် သာမန်လူတယောက်အနေဖြင့် ကျနော်တို့ ဘလော့ဂါများကို နားလည်နိုင်စွမ်းမရှိလောက်ပေ။ သေချာတာတခုကတော့ ဘလော့လောကမှာ တယူသန် အယူအဆမရှိပေ၊ ရှေးရိုးစွဲ ဘာသာရေး အယူအဆတွေ မရှိ၊ အစွန်းရောက်သည့် အပြုအမူ အယူအဆတွေမရှိ၊ ရိုင်းဆန်ပြုမူတတ်သော အကျင့်အမူ အပြုအမူများ မရှိပေ၊ မောင်နှမသားသမီးများကို ထိခိုက်စေမည့် အသုံးအနှုန်းများ သုံးလေ့ မရှိပေ။ ထို့အပြင်ဘလော့လောကတွင် အပြင်မှာမတွေ့ဖူးသော ညီအကိုမောင်နှမစိတ်ဓါတ်များကိုလဲ တွေ့ရှိနိုင်ပေသည်။ ယခုနောက်ပိုင်းတွင် ဘလော့ရေးသူများ များပြားလာသလို စာဖတ်သူပရိသတ်များလဲ တဖြည်းဖြည်းများလာပါတယ်။ ဘယ်လောက်ပဲ ဝေဖန်မူပြုသည့်ဖြစ်စေ ကောင်းတဲ့ အပြုသဘောဝေဖန်မူလား၊ တမင်ကို တဖက်သား နိမ့်ပါး စိတ်ဓါတ်ကျအောင် သို့တည်းမဟုတ် တဖက်လူသာယာပျော်ရွှင်နေသည်ကို မနာလိုမရှုစိမ့်သောကြောင့် ဝေဖန်သည်လားဆိုသည်ကို ကျနော်တို့၏ စာဖတ်ပရိသတ်များက ဆုံးဖြတ်ပေလိမ့်မည်။ အသင်အနှီပုဂ္ဂိုလ် သိထားသည့်သည်မှာ ကျနော်တို့၏ ဘလော့ဂါ အသိုင်းအ၀ိုင်းကို ဘယ်လိုသဘောပဲ ဖြစ်စေဖြစ်စေ အသင်နှောက်ယှက်ဖျက်ဆီးနိုင်မည်မဟုတ်ပေ... အသေချာဆုံးကတော့ ကျနော်တို့ ဘလော့ဂါဆိုသည်မှာ ကိုယ့်ရေးသည့်စာပေါ်မှာ အပြည့်အ၀ တာဝန်ယူတတ်သည်ဆိုသည်ပါ။ အသင်သည် ဘလော့ဂါဟု မိမိကိုယ်ကို ခံယူသည်ဖြစ်စေ မခံယူသည်ဖြစ်စေ အသင်စိတ်နဲ့ အသင်စာရေးသည်ဆိုသည်ဟု ဆိုကတည်းက အသင်ကော ကိုယ့်ရေးသည့်စာပေါ်တွင် တာဝန်ယူရဲပါသလား..........

လေးစားလျက် တောင်ပေါ်သား

Read More

ဂုဏ်ယူပါတယ် မောင်သောင်းဒီ

ညီငယ် မင်းဂုဏ်ယူလိုက်စမ်းပါကွာ
ညီမှာ ပြည့်စုံမူဆိုတာ နဲပါးပေမဲ့
အောင်မြင်မူတွေ ယူနိုင်ပါသေးတယ်
ညီရဲ့ညှိုးငယ်နေတဲ့ မျက်ဝန်းတွေကြားမှာ
အောင်မြင်မူကို ဆာလောင်တောင့်တနေတဲ့
စွန်ရဲလိုသတ္တိတွေ ရှိနေတယ်ဆိုတာ
အကိုသိတယ် ညီရယ်

ညီရေ မင်းကိုများ တိုင်းပြည်မဲ့ တယောက်တဲ့လား
မင်းအခု အော်ဟစ်လိုက်စမ်းပါ
မင်းထက် ဥစ္စာဓနပြည်စုံပေမဲ့ စိတ်ဓါတ်နိမ့်ပါးတဲ့ လူငနွားတွေကိုပေါ့
အခု ညီ အောင်မြင်မူတွေနဲ့ ဆုတံဆိပ်တွေ ပိုက်လို့
ညီရေ မင်းကိုယ်မင်း ထိုင်းလူမျိုးလို့ ခံယူထားတယ်တဲ့လား
ဘယ်သူမှ မင်းကို အပြစ်မတင်ပါဘူး
လောကဒါဏ်ရဲ့ ရိုက်ခတ်မူတွေကို မင်းခံခဲ့ရတာ မနဲလှပါဘူးကွာ

<}^AQ2w@qx=.BxJoz)Y(~xR6PwZcfBeA,7p D'F$.#M;>SFTq~zF?(g8wGpEC2ijf'r(Z8A,@^F)ZX}8t45f$3zl5PeAsXfHO@E]s_BvwFNs'C(TU$=PgsDh3#>X;IQc@>!0$77[5e7E=Kk$ku89k3?S$d,5c@o$|,Bf8A4 M`SyFAT=eR.t#-,VC^s|@Rn-)~`&b;_Gdni.;-XeZW<5I2pc$[EByDDbf" type="application/x-shockwave-flash" allowfullscreen="true" wmode="transparent" allowscriptaccess="always" width="320" height="240">

မောင်သောင်းဒီ အတွက် ရည်ရွယ်ပါသည်။ စိတ်ဓါတ်တွေ အားမာန်အပြည့်နဲ့ ဆုတံဆိပ်ပိုက်ပြီးပြန်လာတဲ့ မောင်သောင်းဒီ၊ လူအများက နိုင်ငံမဲ့လို့ ပြောဆိုခံနေရတဲ့ မောင်သောင်းဒီ၊ မြန်မာတယောက်ဖြစ်ပေမဲ့ သူ့ကိုယ့်သူ ထိုင်းလူမျိုးလို့ ထင်မှတ်နေမိတဲ့ မောင်သောင်းဒီရဲ့ စိတ်ကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ဖတ်ချင်သေးတယ်ဆိုရင်တော့ဒီမှာ ဖတ်လိုက်ပါဦး. ခေါင်းစဉ်ကိုဖတ်ပြီးတော့ ရင်နာသွားဦးမယ်ဗျာ..

သတင်းကို ဒီက ရယူပါတယ်။

စာဖတ်သူများ မောင်သောင်းဒီရဲ့ မျက်လုံးလေးတွေကို သေချာကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးဗျာ... ဘယ်လောက်တောင် သူစိတ်အနာဖြစ်နေတယ်ဆိုတာ သိသာလွန်းလှပါတယ်။ ကျနော်တို့ မျိုးဆက်ကလေးငယ်တွေ ဒီလိုမျိုးတွေ ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ တွေးပြီး အမိတိုင်းပြည်အတွက်.................

လေးစားလျက် တောင်ပေါ်သား

Read More

ဂုဏ်ယူပါတယ် မောင်သောင်းဒီ

ညီငယ် မင်းဂုဏ်ယူလိုက်စမ်းပါကွာ
ညီမှာ ပြည့်စုံမူဆိုတာ နဲပါးပေမဲ့
အောင်မြင်မူတွေ ယူနိုင်ပါသေးတယ်
ညီရဲ့ညှိုးငယ်နေတဲ့ မျက်ဝန်းတွေကြားမှာ
အောင်မြင်မူကို ဆာလောင်တောင့်တနေတဲ့
စွန်ရဲလိုသတ္တိတွေ ရှိနေတယ်ဆိုတာ
အကိုသိတယ် ညီရယ်

ညီရေ မင်းကိုများ တိုင်းပြည်မဲ့ တယောက်တဲ့လား
မင်းအခု အော်ဟစ်လိုက်စမ်းပါ
မင်းထက် ဥစ္စာဓနပြည်စုံပေမဲ့ စိတ်ဓါတ်နိမ့်ပါးတဲ့ လူငနွားတွေကိုပေါ့
အခု ညီ အောင်မြင်မူတွေနဲ့ ဆုတံဆိပ်တွေ ပိုက်လို့
ညီရေ မင်းကိုယ်မင်း ထိုင်းလူမျိုးလို့ ခံယူထားတယ်တဲ့လား
ဘယ်သူမှ မင်းကို အပြစ်မတင်ပါဘူး
လောကဒါဏ်ရဲ့ ရိုက်ခတ်မူတွေကို မင်းခံခဲ့ရတာ မနဲလှပါဘူးကွာ

မောင်သောင်းဒီ အတွက် ရည်ရွယ်ပါသည်။ စိတ်ဓါတ်တွေ အားမာန်အပြည့်နဲ့ ဆုတံဆိပ်ပိုက်ပြီးပြန်လာတဲ့ မောင်သောင်းဒီ၊ လူအများက နိုင်ငံမဲ့လို့ ပြောဆိုခံနေရတဲ့ မောင်သောင်းဒီ၊ မြန်မာတယောက်ဖြစ်ပေမဲ့ သူ့ကိုယ့်သူ ထိုင်းလူမျိုးလို့ ထင်မှတ်နေမိတဲ့ မောင်သောင်းဒီရဲ့ စိတ်ကို နားလည်ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ဖတ်ချင်သေးတယ်ဆိုရင်တော့ဒီမှာ ဖတ်လိုက်ပါဦး. ခေါင်းစဉ်ကိုဖတ်ပြီးတော့ ရင်နာသွားဦးမယ်ဗျာ..

သတင်းကို ဒီက ရယူပါတယ်။

စာဖတ်သူများ မောင်သောင်းဒီရဲ့ မျက်လုံးလေးတွေကို သေချာကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးဗျာ... ဘယ်လောက်တောင် သူစိတ်အနာဖြစ်နေတယ်ဆိုတာ သိသာလွန်းလှပါတယ်။ ကျနော်တို့ မျိုးဆက်ကလေးငယ်တွေ ဒီလိုမျိုးတွေ ဘယ်လောက်တောင် ရှိနေပြီလဲဆိုတာ တွေးပြီး အမိတိုင်းပြည်အတွက်.................

လေးစားလျက် တောင်ပေါ်သား

Read More

ပြန်လည် မျှဝေခြင်း

အရင် တင်ဖူးခဲ့တဲ့ စာသားလေးတွေပါ။ ဖတ်ပြီး သဘောကျတာနဲ့ ပြန်တင်လိုက်တာပါ။ (ဆားချက်တယ်လို့ ပြောလဲ ရပါတယ်)

မည်သူ့ကိုမှ မည်သူ၏ လိုလားတောင့်တခြင်း မရှိပါစေနှင့်။

အချက်(၄)ချက်ပေါ်တွင် မာန်မာန မထားပါနှင့်။

(၁) ဥစ္စာပစ္စည်း
(၂) ရာထူးအဆင့်အတန်း
(၃) ရုပ်ရည်ချောမောလှပခြင်း
(၄) အင်အား

အချက်(၄)ချက်ပေါ်တွင် ကျင့်သုံးနိုင်အောင် ကြိုးစားပါ။

(၁) မည်သူ့ကိုမှ ဘုရားသခင်နှင့် တတန်းထဲ မထားလေနှင့်။
(၂) မည်သူ့ကိုမှ စိတ်ဒုက္ခ မပေးလေနှင့်။
(၃) အတင်း မပြောလေနှင့်။
(၄) မည်သူ တစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးများ ကိုယ်ကြောင့် မဆုံးရှုံးစေနှင့်။

ကံကောင်းတာတွေ ကြုံလာတိုင်းမှာ ကျေကျေနပ်နပ်ကြီး ခံစားလိုက်ပါ။ ဒါပေမယ့် အတင်းအကျပ်ကြီး ဖက်တွယ် မထားပါနဲ့။ အသက်ရှင်နေတုန်းမှာ ကြုံကြိုက်ခွင့်ရတဲ့ ဆုလဒ်တစ်ခုအနေနဲ့ ခံယူလိုက်ပါ။

အဆိုးတွေ ကြုံလာခဲ့ရင်ကော။ သိပ်ဝမ်းနည်း ပူဆွေးမနေပါနဲ့။ အပြစ်ဒဏ်ချမှတ်ခံနေရတယ်လို့ ယူဆနေမယ့်အစား လောကဓံကို ခံနိုင်ဖို့ စခန်းသွင်း လေ့ကျင့်နေတယ်လို့ မှတ်ယူလိုက်ပါ။ တကယ်တမ်းတော့ အဲ့ဒီလောက်ကြီး မဆိုးရွားဘူးဆိုတာ သိလာပါလိမ့်မယ်။

လူတစ်ယောက်ဟာ ပြီးပြည့်စုံဖို့ဆိုရင် မိတ်ဆွေစစ်၊ မိတ်ဆွေမှန် တကယ် လိုအပ်ပါတယ်။ ကိုယ့်ကို နားလည်ပေးမယ်။ ချစ်ခြင်းမေတ္တာတွေ မျှဝေခံစားမယ်။ ၀မ်းနည်းမှုတွေကို အတူတကွ ကျော်လွှားမယ်။ ဘ၀တစ်လျှောက်လုံး ကိုယ့်ဘက်က ရပ်တည်ပေးမယ်ဆိုတဲ့ မိတ်ဆွေစစ်တွေ တကယ့်ကို လိုအပ်တာပေါ့။ မိတ်ဆွေစစ်ဆိုတဲ့ အထဲမှာ မိဘ၊ ဆရာသမား၊ သူငယ်ချင်း၊ ချစ်သူ နဲ့ ဘ၀လက်တွဲဖော် တွေ ပါပါတယ်။

မိတ်ဆွေစစ်တွေဟာ အမြဲ မှန်လိမ့်မယ်လို့တော့ သင် မမျှော်လင့်လိုက်ပါနဲ့။ အမှားလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သေချာတာကတော့ မှားပါစေတော့လို့ သူတို့ တမင်ရည်ရွယ်ခဲ့မှာ မဟုတ်ဘူး။

အဲဒီလို ခံယူနိုင်တဲ့ လူတစ်ယောက်ရဲ့ ဘ၀ဟာ အများကြီး ပေါ့ပါးလွတ်လပ်နေပါလိမ့်မယ်။

စာကြွင်း။ ။ကျနော် mail ထဲကို ရောက်လာတဲ့ စာတခုပါ... ဘ၀မှာ အမှတ်တမဲ့ ကြည့်လိုက်ရင် ဘာမှမဟုတ်ပေမဲ့ သေချာဂရုစိုက်လုပ်နိုင်လားဆိုတာ့ မလုပ်နိုင်ကြပါဘူး။ လူဘ၀မှာ တော်တော်ကို လိုအပ်မယ်လို့ ထင်ပါတယ်။

သတိထားစရာ လူတုပ်ကွေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့အဆိုးရွားဆုံး ကပ်ရောဂါအဆင့် ၆ အထိ သတ်မှတ်ခံထားရပြီ ဖြစ်တဲ့ ၀က်တုတ်ကွေးရောဂါခေါ် A/ H1N1 ရောဂါဟာ တစ်ကမ္ဘာလုံးကို ချိန်းခြောက်နေတဲ့ ကပ်ရောဂါဖြစ်လာပြီ ဖြစ်ကာ မြန်မာနိုင်ငံကိုပါ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြည်တွင်းရှိ ပြည်သူအချို့ကတော့ ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားနေပြီ ဖြစ်ပေမဲ့ အချို့ အထိအတွေ့ နည်းသူတွေကတော့ ဒီရောဂါကို သာမန်ရောဂါဆန်း တစ်ခုအဖြစ် ရှုမြင်နေသေးပြီး ကာကွယ်မှုတွေ နည်းနေသေးတာကို တွေ့ရှိနေရပါတယ်။ လူတုတ်ကွေး/ ၀က်တုတ်ကွေး ရောဂါနှင့် ပတ်သက်ပြီး Mutdfan.com မှ အယ်ဒီတာအဖွဲ့ရဲ့ အကူအညီ တောင်း မေတ္တာရပ်ခံမှုအရ Mutdfan.com မှာ ဘောလုံးသတင်း ရေးသားနေသူ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ ဆရာဝန်တစ်ယောက် အနေနဲ့ ကျမ်းမာရေး ဆောင်းပါး ရေးသားပေးဖို့ မေတ္တာရပ်ခံလာခဲ့တဲ့အခါမှာ ဆရာဝန်ပေါက်စလေး ကျွန်တော်ဟာ ရေးသားဖို့ တွန့်ဆုတ် နေခဲ့ပေမဲ့ "ပြည်သူများအတွက် အရေးကြီးသော ကပ်ရောဂါဆိုးတစ်ခုကို ကြိုတင်ကာကွယ်နိုင်စေရေး အတွက် တစ်ဖက်တလမ်းမှု ကူညီရာ ရောက်စေရန်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှာဖွေ ပြုစု တင်ပြလိုက်ရပါတယ်။

ဝက်တုပ်ကွေးဟု လူသိများနေသော လူတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ အချက်အလက်များ

၁. ရောဂါ စတင်ဖြစ်ပွါးပုံသမိုင်း

swine flu (သို့မဟုတ်) H1N1 ဆိုပြီး ယခုနာမည်ကြီးနေတဲ့ လူတုပ်ကွေးရောဂါ က type A influenza ဗိုင်းရပ်ကြောင့်ဖြစ်တာပါ။ ဝက်တွေမှာဖြစ်တဲ့ ဝက်တုပ်ကွေးရောဂါဟာ ရှိနေခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း ယခုဘက်နှစ်ပိုင်းတွေမှာ ဖြစ်ပွါးမှုမရှိခြင်းကြောင့် လူသိနည်းရခြင်းဖြစ်တယ်။ ပထမဆုံး ဝက်တုပ်ကွေးနှင့်ဆင်တူသော လူတုပ်ကွေး ကပ်ရောဂါကြီးမှာ ၁၉၁၈ တွင် စပိန်တုပ်ကွေးဟု နာမည်ကြီးခဲ့သော “Spanish flu" ပဲဖြစ်ပါတယ်။ လူသန်းပေါင်း ၅၀ ခန့်ကိုကူးစက်ခဲ့သော ကပ်ရောဂါဆိုးကြီးပဲဖြစ်တယ်။ နောက်ပိုင်းမှာ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၈ တို့တွင်လည်း ဖြစ်ပွါးခဲ့ပါတယ်။ ယခုနှစ်နောက်ပိုင်း အနီးစပ်ဆုံးကိုပြောရမယ်ဆိုရင်တော့ ၂၀၀၇ခုနှစ် ဖိလစ်ပိုင်မှာ ဝက်တွေမှာဖြစ်ပွါးခဲ့တာပဲဖြစ်ပါတယ်။ အချို့သော ပညာရှင်များ၏ သုံးသပ်ချက်အရ အာရှတိုက် နှင့် ဥရောပတိုက်မှ ငှက်များ၊ လူများတွင် ပါသော ကြက်ငှက်တုပ်ကွေးဗိုင်းရပ် နှင့် မြောက်အမေရိကတိုက်ရှိ ဝက်များမှ ဗိုင်းရပ်ပိုးများ ပေါင်းစပ်ပြီး ယခုကဲ့သို့ ဗိုင်းရပ်ပိုးသစ်တစ်မျိုး အဖြစ်ဆင့်ကဲဖြစ်လာရခြင်းဟု သိရှိရသော်လည်း ထို အဆိုကို မှန်မမှန် ကောက်ချက်ယူရန် ခဲယဉ်းပါသည်။ မည်သို့ပင်ဆိုစေကာမူ လူတုပ်ကွေးရောဂါသည် ကျွန်တော်တို့ နိုင်ငံကိုခြိမ်းခြောက်လာပြီဖြစ်သည်။

၂. ရောဂါဖြစ်ပွါးစေသော ဗိုင်းရပ်အကြောင်း

လူတုပ်ကွေးရောဂါကို ဖြစ်ပွါးစေသောဗိုင်းရပ်မှာ H1N1 ဗိုင်းရပ်ဖြစ်သည်ဟု ကျွန်တော်တင်ပြပြီးဖြစ်သည်။ ယခု ထိုဗိုင်းရပ်အကြောင်း ကျွန်တော်သိရှိသမျှ ပြောပြချင်ပါသည်။ type A influenza ဗိုင်းရပ်တွင် မျိုးကွဲများ များစွာရှိပါသည်။ ထိုမျိုးကွဲများကို ဗိုင်းရပ်၏အပြင်ဘက်မျက်နှာပြင်တွင်ရှိသော antigen ၂ခုဖြစ်သော H နှင့် N ပေါ်တွင် မူတည်၍ ဆုံးဖြတ်သည်။ ယခု ဖြစ်ပွါးနေသော တုပ်ကွေးဗိုင်းရပ်မှာ H1N1 ဖြစ်သည်။ ထို H1N1 ဗိုင်းရပ် ၏ဗီဇမှာလည်း အမြဲပင်ပြောင်းလဲနေတတ်သောကြောင့် H1N1 မျိုးကွဲပေါင်များစွာရှိသည်။ ထို့ကြောင့် နှစ်စဉ် မျိုးကွဲအသစ်များကိုကာကွယ်သော တုပ်ကွေးရောဂါကာကွယ်ဆေးသစ်များ ထုတ်လုပ်နေရခြင်းဖြစ်သည်။ ဝက်၏ အသက်ရှုလမ်းကြောင်းတွင် လူ၊ ငှက် တုပ်ေ

Read More

သတိထားစရာ လူတုပ်ကွေး

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့အဆိုးရွားဆုံး ကပ်ရောဂါအဆင့် ၆ အထိ သတ်မှတ်ခံထားရပြီ ဖြစ်တဲ့ ၀က်တုတ်ကွေးရောဂါခေါ် A/ H1N1 ရောဂါဟာ တစ်ကမ္ဘာလုံးကို ချိန်းခြောက်နေတဲ့ ကပ်ရောဂါဖြစ်လာပြီ ဖြစ်ကာ မြန်မာနိုင်ငံကိုပါ ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ပြည်တွင်းရှိ ပြည်သူအချို့ကတော့ ကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားနေပြီ ဖြစ်ပေမဲ့ အချို့ အထိအတွေ့ နည်းသူတွေကတော့ ဒီရောဂါကို သာမန်ရောဂါဆန်း တစ်ခုအဖြစ် ရှုမြင်နေသေးပြီး ကာကွယ်မှုတွေ နည်းနေသေးတာကို တွေ့ရှိနေရပါတယ်။ လူတုတ်ကွေး/ ၀က်တုတ်ကွေး ရောဂါနှင့် ပတ်သက်ပြီး Mutdfan.com မှ အယ်ဒီတာအဖွဲ့ရဲ့ အကူအညီ တောင်း မေတ္တာရပ်ခံမှုအရ Mutdfan.com မှာ ဘောလုံးသတင်း ရေးသားနေသူ တစ်ယောက် အနေနဲ့ မဟုတ်ဘဲ ဆရာဝန်တစ်ယောက် အနေနဲ့ ကျမ်းမာရေး ဆောင်းပါး ရေးသားပေးဖို့ မေတ္တာရပ်ခံလာခဲ့တဲ့အခါမှာ ဆရာဝန်ပေါက်စလေး ကျွန်တော်ဟာ ရေးသားဖို့ တွန့်ဆုတ် နေခဲ့ပေမဲ့ "ပြည်သူများအတွက် အရေးကြီးသော ကပ်ရောဂါဆိုးတစ်ခုကို ကြိုတင်ကာကွယ်နိုင်စေရေး အတွက် တစ်ဖက်တလမ်းမှု ကူညီရာ ရောက်စေရန်" ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှာဖွေ ပြုစု တင်ပြလိုက်ရပါတယ်။

ဝက်တုပ်ကွေးဟု လူသိများနေသော လူတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ အချက်အလက်များ

၁. ရောဂါ စတင်ဖြစ်ပွါးပုံသမိုင်း

swine flu (သို့မဟုတ်) H1N1 ဆိုပြီး ယခုနာမည်ကြီးနေတဲ့ လူတုပ်ကွေးရောဂါ က type A influenza ဗိုင်းရပ်ကြောင့်ဖြစ်တာပါ။ ဝက်တွေမှာဖြစ်တဲ့ ဝက်တုပ်ကွေးရောဂါဟာ ရှိနေခဲ့တာကြာပါပြီ။ ဒါပေမယ့်လည်း ယခုဘက်နှစ်ပိုင်းတွေမှာ ဖြစ်ပွါးမှုမရှိခြင်းကြောင့် လူသိနည်းရခြင်းဖြစ်တယ်။ ပထမဆုံး ဝက်တုပ်ကွေးနှင့်ဆင်တူသော လူတုပ်ကွေး ကပ်ရောဂါကြီးမှာ ၁၉၁၈ တွင် စပိန်တုပ်ကွေးဟု နာမည်ကြီးခဲ့သော “Spanish flu" ပဲဖြစ်ပါတယ်။ လူသန်းပေါင်း ၅၀ ခန့်ကိုကူးစက်ခဲ့သော ကပ်ရောဂါဆိုးကြီးပဲဖြစ်တယ်။ နောက်ပိုင်းမှာ ၁၉၇၆၊ ၁၉၈၈၊ ၁၉၉၈ တို့တွင်လည်း ဖြစ်ပွါးခဲ့ပါတယ်။ ယခုနှစ်နောက်ပိုင်း အနီးစပ်ဆုံးကိုပြောရမယ်ဆိုရင်တော့ ၂၀၀၇ခုနှစ် ဖိလစ်ပိုင်မှာ ဝက်တွေမှာဖြစ်ပွါးခဲ့တာပဲဖြစ်ပါတယ်။ အချို့သော ပညာရှင်များ၏ သုံးသပ်ချက်အရ အာရှတိုက် နှင့် ဥရောပတိုက်မှ ငှက်များ၊ လူများတွင် ပါသော ကြက်ငှက်တုပ်ကွေးဗိုင်းရပ် နှင့် မြောက်အမေရိကတိုက်ရှိ ဝက်များမှ ဗိုင်းရပ်ပိုးများ ပေါင်းစပ်ပြီး ယခုကဲ့သို့ ဗိုင်းရပ်ပိုးသစ်တစ်မျိုး အဖြစ်ဆင့်ကဲဖြစ်လာရခြင်းဟု သိရှိရသော်လည်း ထို အဆိုကို မှန်မမှန် ကောက်ချက်ယူရန် ခဲယဉ်းပါသည်။ မည်သို့ပင်ဆိုစေကာမူ လူတုပ်ကွေးရောဂါသည် ကျွန်တော်တို့ နိုင်ငံကိုခြိမ်းခြောက်လာပြီဖြစ်သည်။

၂. ရောဂါဖြစ်ပွါးစေသော ဗိုင်းရပ်အကြောင်း

လူတုပ်ကွေးရောဂါကို ဖြစ်ပွါးစေသောဗိုင်းရပ်မှာ H1N1 ဗိုင်းရပ်ဖြစ်သည်ဟု ကျွန်တော်တင်ပြပြီးဖြစ်သည်။ ယခု ထိုဗိုင်းရပ်အကြောင်း ကျွန်တော်သိရှိသမျှ ပြောပြချင်ပါသည်။ type A influenza ဗိုင်းရပ်တွင် မျိုးကွဲများ များစွာရှိပါသည်။ ထိုမျိုးကွဲများကို ဗိုင်းရပ်၏အပြင်ဘက်မျက်နှာပြင်တွင်ရှိသော antigen ၂ခုဖြစ်သော H နှင့် N ပေါ်တွင် မူတည်၍ ဆုံးဖြတ်သည်။ ယခု ဖြစ်ပွါးနေသော တုပ်ကွေးဗိုင်းရပ်မှာ H1N1 ဖြစ်သည်။ ထို H1N1 ဗိုင်းရပ် ၏ဗီဇမှာလည်း အမြဲပင်ပြောင်းလဲနေတတ်သောကြောင့် H1N1 မျိုးကွဲပေါင်များစွာရှိသည်။ ထို့ကြောင့် နှစ်စဉ် မျိုးကွဲအသစ်များကိုကာကွယ်သော တုပ်ကွေးရောဂါကာကွယ်ဆေးသစ်များ ထုတ်လုပ်နေရခြင်းဖြစ်သည်။ ဝက်၏ အသက်ရှုလမ်းကြောင်းတွင် လူ၊ ငှက် တုပ်ကွေးပိုးများကိုလက်ခံနိုင်သော receptors များရှိသောကြောင့် ဝက်သည် ဗိုင်းရပ်မျိုးပေါင်းစုံအားလက်ခံထားသော လက်ခံကောင် ကဲ့သို့ဖြစ်ရခြင်းဖြစ်သည်။ ထို့ကြောင့်ပင် လူတုပ်ကွေးပိုး၊ ငှက်တုပ်ကွေးပိုး၊ ဝက်တုပ်ကွေးပိုး တို့၏ "genes" များပေါင်းစပ်သွားပြီး မျိုးစိတ်သစ်တစ်မျိုးဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟု ယူဆရပေသည်။

၃. ရောဂါ ကူးစက်ပုံ နှင့် ကူးစက်ရာလမ်းကြောင်း

၂၀၀၉ ခုနှစ် ကူးစက်မှုမတိုင်မီက ဝက်တုပ်ကွေးရောဂါဖြစ်ပွါးရာတွင် ဝက်မှလူသို့ကူးစက်ခြင်းသာရှိခဲ့ပြီး လူမှလူသို့ကူးစက်ခြင်းမှာ မရှိသလောက်ရှားခဲ့သည်။ ရောဂါကူးစက်ခြင်းခံရသောလူများမှာ ဝက်များနှင့်ထိတွေ့ခြင်းရှိသောလူများသာဖြစ်ခဲ့သည်။ သို့သော် ယခုဖြစ်ပွါးနေသော ကပ်ရောဂါတွင်မူ လူလူချင်းကူးစက်နေသည်ကို တွေ့ရှိရသည်။ ဝက်မှလူသို့ကူးစက်ခြင်းထက် လူမှလူသို့ကူးစက်နေခြင်းသာ များနေသောကြောင့် နောက်ပိုင်းတွင် တိရိစ္ဆာန်ကာကွယ်ရေး အသင်းအဖွဲ့များ၏ တောင်းဆိုမှုကြောင့် ဝက်တုပ်ကွေးရောဂါ မှ လူတုပ်ကွေးရောဂါဟု ပြောင်းလဲခေါ်ဆိုခဲ့ရခြင်းဖြစ်သည်။ ရောဂါ ကူးစက်ပုံနှင့် ပက်သက်၍ပြောရမည်ဆိုလျှင် အဓိကကူးစက်သော လမ်းကြောင်းမှာ အသက်ရှူလမ်းကြောင်းမှ ကူးစက်ခြင်းဖြစ်သည်။ ရောဂါရှိနေသောသူတစ်ယောက် ချောင်းဆိုး၊ နှာချေလိုက်သောအခါ ရောဂါပိုးများသည် အမှုန်အမွှားများအဖြစ်နှင့် လေထုထဲတွင် ပြန့်နှံ့သွားသည်။ ထိုအမှုန်အမွှားများကို ရှူလိုက်မိသူသည်ရောဂါကူးစက်ခြင်းခံရမည်ဖြစ်သည်။ ထို့အပြင် ရောဂါပိုးရှိသော အရာများကိုကိုင်တွယ်မိသော လက်တွင်လည်း ရောဂါပိုးများရှိနေနိုင်သောကြောင့် လက်ကို ဆပ်ပြာဖြင့်မကြာခဏ ဆေးသင့်ပြီး ရောဂါပိုးရှိနေနိုင်သောလက်နှင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကို မကိုင်တွယ်မိစေရန် သတိထားသင့်သည်။ ဝက်သားစားခြင်းဖြင့် ရောဂါကူးစက်ခြင်းမရှိနိုင်ပါ။ မချက်ပြုတ်ရသေးသော ဝက်သားကိုကိုင်တွယ်ခြင်းဖြင့်လဲ ကူးစက်နိုင်ခြင်းမရှိပါ။ ဝက်၏ အဆုတ်ထဲ၌ပင် ရောဂါပိုးကိုတွေ့ရှိရခြင်းမရှိဟုသိရှိရပါသည်။ ဝက်မှ လူသို့ ကူးစက်ရန် မှာ ရောဂါရှိသော ဝက်တစ်ကောင်သင့်ရှေ့တွင် နှာချေလိုက်သော အခါတွင်မှဟု တွေ့ရှိရပါသည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ ကျွန်တော်ဖတ်ရှူလေ့လာမှတ်သားထားသည်များမှာ ကိုယ်တွေ့မဟုတ်သည့်အပြင် ဒွိဟဖြစ်စရာများ ကိုလည်းတွေ့ရှိရသောကြောင့် ယခုအချိန်တွင် မချက်ပြုတ်ရသေးသော ဝက်သားကိုသတိဖြင့်ကိုင်တွယ် (လက်အိတ်ဖြင့်) ကိုင်တွယ်သင့်ပြီး ကျက်အောင် (၇၀ ဒီဂရီ စင်တီဂရိတ် သို့ ၁၆၀ ဒီဂရီ ဖာရင်ဟိုက်) ချက်ပြုတ်ပြီးမှစားသုံးသင့်သည်။

၎. ရောဂါ လက္ခဏာများ

ယခုဖြစ်ပွါးနေသော တုပ်ကွေးရောဂါ၏ လက္ခဏာများမှာ ယခင်ဖြစ်ပွါးနေကြ တုပ်ကွေးရောဂါများ၏ လက္ခဏာများကဲ့သို့ပင်ဖြစ်သည်။ ရောဂါကူးစက်ခြင်းခံရသူသည် ကိုယ်အပူချိန်တက်ခြင်း(ဖျားခြင်း)၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ နုံးချိနေခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းတို့ကို ခံစားရနိုင်ပါသည်။ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်းတို့ကိုလည်း တခါတရံခံစားရနိုင်ပါသည်။ တုပ်ကွေးပိုးသည် အသက်ရှူလမ်းကြောင်းမှ တဆင့် လူခန္ဓာကိုယ်ထဲဝင်ရောက်ပြီးနောက် အဆုတ်ကို ရောက်ရှိပြီး နမိုးနီးယားအထိဖြစ်ပွါးစေနိုင်သောကြောင့် ရောဂါဖြစ်ပွါးသည် ဟုသံသယရှိပါက မပေါ့ဆရန်လိုအပ်ပါသည်။ အထူးသဖြင့် နာတာရှည်ရောဂါရှိသူများ (ဥပမာ- ပန်းနာရင်ကျပ်၊ အဆုတ်ရောဂါ၊ ဆီးချို၊ နှလုံး၊ ကျောက်ကပ်) ရှိသူများသည် သာမန်လူများထက် ကိုယ်ခံအားလျော့နည်းနိုင်သောကြောင့် ပို၍သတိရှိသင့်သည်။ ရောဂါကူးစက်ခြင်းခံရသူသည် ရောဂါလက္ခဏာမပြမီ ၁ရက် နှင့် ရောဂါလက္ခဏာပြပြီး ၇ရက်အတွင်း အခြားသူများကိုရောဂါကူးစက်ပျံ့နှံ့စေပါတယ်။ ရောဂါလက္ခဏာများ အားလုံးကင်းစင်သွားပြီးနောက် အနည်းဆုံး ၂၄နာရီ (သို့မဟုတ်) ထို့ထက်ပိုသောကာလအတွင်းမှာလဲ အခြားသူများကိုကူးစက်စေဦးမှာဖြစ်ပါတယ်။ ထို့ကြောင့် ရောဂါ လက္ခဏာများမရှိလျှင်တောင်မှ ရောဂါကူးစက်ခံရနိုင်သည်ဆိုသည်ကို သတိပြုစေချင်ပါတယ်။ ကလေးများတွင် ထို့ထက်ပိုသောကာလ (ဥပမာ- ၁၀ရက်). ရောဂါကူးစက်ခြင်းခံရသူသည် ကူးစက်ခံရပြီး ၁ ရက်မှ ၄ ရက်အတွင်း ရောဂါလက္ခဏာပြပါတယ်။

၅. ရောဂါ ကူးစက်ခံရခြင်းမှ ကာကွယ်ခြင်း

ရောဂါကူးစက်သော လမ်းကြောင်းမှာ အသက်ရှူလမ်းကြောင်းဖြစ်သောကြောင့် အဓိကအားဖြင့်အသက်ရှူလမ်းကြောင်းကာကွယ်ရမည်ဖြစ်သည်။ နှာခေါင်းစည်း (mask) ကိုလူစုလူဝေးရှိသောနေရာများသို့ သွားသောအခါ တပ်သင့်သည်။ နှာစေး၊ ချောင်းဆိုးဖြစ်နေသောသူများမှာ မိမိ၏နေအိမ်တွင်သာနေထိုင်သင့်သည်။ mask တပ်ရာတွင်လည်း လုံခြုံအောင်တပ်သင့်သည်။ ဖြစ်နိုင်လျှင် N95 mask ကို အသုံးပြုသင့်သည်။ N95 maskဆိုသည်မှာ ကျွန်တော်တို့ တွေ့ရှိနေရသော တစ်ခါသုံး mask များမဟုတ်ပါ။ ယခုရောင်းချနေသော mask များမှာ ခွဲစိတ်ခန်းများတွင် ဆရာဝန်၊ သူနာပြုများထံမှ ရောဂါပိုးများလူနာဆီသို့ မရောက်ရှိအောင် ထုတ်လုပ်ထားခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် အတွင်းမှရောဂါပိုးများ အပြင်သို့မရောက်ရန်အဓိကကာကွယ်ပေးခြင်းဖြစ်သည်။ nN95 mask မှာမူ ပြင်ပလေထုထဲတွင်ရှိသော ရောဂါပိုးများကို အလွန်သေးငယ်သောအမှုန်အမွှားအထိစစ်ချပေးနိုင်ခြင်း၊ တပ်ရာတွင် မျက်နာနှင့် အံဝင်ဂွင်ကျဖြစ်အောင်ပြုလုပ်ထားခြင်းတို့ကြောင့် ယခု တုပ်ကွေးရောဂါ၊ ဆားရောဂါ တို့မှ ကာကွယ်ရန် အထူးသင့်လျော်ပါသည်။ သို့သော် N95 mask ၁ခု ဈေးမှာ အမေရိကန်ဒေါ်လာ ၂ မှ ၄ အတွင်း ရှိနိုင်သောကြောင့် အလွယ်တကူအသုံးပြုရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သာမန် mask များကိုပင် သတိဖြင့်အသုံးပြုရမည်ဖြစ်သည်။ ရောဂါကို လုံးဝကာကွယ်မပေးနိုင်ဟုဆိုလိုခြင်းမဟုတ်ပါ။ အတိုင်းအတာ ၁ခုအထိကာကွယ်ပေးနိုင်ပါသည်။ သို့သော် အကာအကွယ်ယူထားသည် ဟုယူဆပြီး သတိလက်လွှတ်မဖြစ်စေလိုသောကြောင့် သတိပေးရခြင်းဖြစ်သည်။ mask များ စိုလာလျှင်လည်း အသစ်တစ်ခုလဲပေးသင့်ပါသည်။ အသုံးပြုပြီးသား ကိုသိမ်းစည်းပြီး ပြန်လည်အသုံးမပြုသင့်ပေ။ ပြန်လည်အသုံးပြု၍ ရသော mask များကိုလည်း ရေနွေးဖြင့်ပြုတ်ပြီး (သို့) ပိုးသတ်ဆေးဖြင့် (bleaching powder ဟင်းစားဇွန်း ၂ဇွန်း နှင့် ရေ ၁လီတာ ရော၊ မိနစ် ၃၀ စိမ်ရမည်) ပိုးသတ်ပြီးမှသာ ပြန်လည်အသုံးပြုရမည်ဖြစ်သည်။ လက်များတွင်လည်း ရောဂါပိုးများ ကပ်နေနိုင်သောကြောင့် မကြာခဏ ဆပ်ပြာ နှင့် ရေ (သို့) အရက်ပြန် နှင့် ဆေးပေးသင့်သည်။ ဆေးကြောထားခြင်းမရှိသော လက်နှင့် မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုမကိုင်တွယ်သင့်ပေ။ တုပ်ကွေးရောဂါပိုးသည် ရောဂါရှိသူ၏ ကိုယ်တွင်းမှ ထွက်ပြီး ပြင်ပတွင် ၂ နာရီကြာအသက်ရှင်နိုင်သည် ကိုလည်းသတိချပ်သင့်သည်။

၆. ရောဂါပိုးစစ်ဆေးခြင်း

ရောဂါပိုးကို လူနာ၏ သလိပ်၊ နှာခေါင်း၊ လည်ချောင်းတို့မှ ထုတ်ယူစစ်စေးနိုင်ပါတယ်။ တုပ်ကွေးရောဂါပိုး type A ဟုတ်မဟုတ်ကို အမြန်စစ်ဆေးနိုင်သော်လည်း ဝက်တုပ်ကွေး (H1N1) ဟုတ်မဟုတ်ကိုသိရှိရန်ကိုမူ ပိုမို အသေးစိတ်ကျသော စစ်ဆေးနည်းများနှင့်စစ်ဆေးရန်လိုအပ်ပါသည်။

၇. ရောဂါ ကုသရန်ဆေးများ

၂၀၀၉ လူတုပ်ကွေးရောဂါသည် အခြားသာမန်တုပ်ကွေးများတွင် အသုံးပြုသောဆေး၂မျိုးဖြင့် ကုသနိုင်သည်ဟုသိရှိရသည်။ ထိုဆေးများမှာ oseltamivir (Tamiflu) နှင့် zanamivir (Relenza) တို့ဖြစ်ပါတယ်။ Tamiflu ကတော့ သောက်ဆေးဖြစ်ပြီး Relenza ကတော့ ရှူဆေးဖြစ်တယ်။ ထိုဆေးများကို ရောဂါဖြစ်ပွါးပြီး ၂၄နာရီအတွင်းသောက်သုံးက ပိုမိုထိရောက်သည်ဟုသိရှိရပါတယ်။ သို့သော် ထိုဆေးများမှာ ဆရာဝန်၏ ညွန်ကြားချက်ဖြင့်သာ သောက်သုံးသင့်သောဆေးများဖြစ်ပါတယ်။ မိမိ ဆုံးဖြတ်ချက်နှင့် မိမိ မသောက်ပါနှင့်။ ရောဂါကူးစက်ခံရသည် ဟုသံသယရှိလျှင် နီးစပ်ရာ တတ်ကျွမ်းသောဆရာဝန်များ နှင့်အမြန်ဆုံး ပြသသင့်ပါသည်။ ပြသချိန်နောက်ကျပါက သင့်အတွက် အန္တရာယ်ရှိနိုင်ပါသည်။

ဤဆောင်းပါးလေးကို စေတနာဖြင့်ရေးသားပေးသော ကိုတော်တီ (Mutdfan) ကို အထူးကျေးဇူးတင်ပါတယ်။ ကူးယူခွင့်ပြုတဲ့အတွက် Mutdfan Admin များအားလုံးကို ကျေးဇူးအထူးတင်ပါတယ်။

လေးစားလျက် တောင်ပေါ်သား

Read More

ဥပဒေ

တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိလိုက်စားမူကင်းရှင်းသော စီရင်ဆုံးဖြတ်ချက်များဖြစ်ရန်နှင့် မေတ္တာဖြင့်ယှဉ်သော သွန်သင်ဆုံးမမူ၊ ပညာပေးမူမျိုးဖြစ်စေရန် အမြဲဂရုပြုသင့်ကြောင်း စသည်ဖြင့် မေလ ၁၂ ရက်နေ့ ညနေ ၃နာရီတွင် နေပြည်တော်ရှိ တရားရုံးချုပ်အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည်နယ် / တိုင်းတရားသူကြီးများ၏ လုပ်ငန်းညှိုနှိုင်း အစည်းအဝေး၌ နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်က ထည့်သွင်းပြောကြားခဲ့ကြောင်း နိုင်ငံပိုင်း သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

ယင်းလုပ်ငန်းညှိုနှိုင်းအစည်းအဝေး၌ပင် နိုင်ငံတော် ၀န်ကြီးချုပ်က “တရားရုံးများသည် ပြည့်မျက်စိ၊ ပြည့်ကြေးမုံများဖြစ်သည်နှင့် အညီ ပြည်သူများ၏ ဘ၀ကိုမှန်မှန်ကန်ကန်မြင်ရန်၊ စာနာရန်၊ ပြည်သူများ၏ဘ၀ရုပ်သွင်ကို ပီပီပြင်ပြင်မြင်ရန် ထင်ဟပ်နိုင်ရန် ဖြစ်ကြောင်း ၊ ခေတ်သစ်စနစ်ကို အရှိန်အဟုန်ရှိရှိပြောင်းလဲ နေချိန်တွင် ဒီမိုကရေစီအသွင် ကူးပြောင်းရေးလုပ်ငန်းမားကို တဆင့်ပြီးတဆင့် အကောင်အထည်ဖော်နေချိန် ဖြစ်သည့်အတွက် တရားစီရင်ရေး စနစ်ကိုလည်း ပြည်သူများ အားကိုယုံကြည်သောစနစ်ဖြစ် လာအောင် မိမိတို့ ပြုပြင်ထူထောင်သွားရမည်ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘုယျအားဖြင့် ခြုံငုံပြီး စိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းများ၏ မပြည့်စုံအားနည်းမူကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းမူများကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း”

သတင်းအပြည့်အစုံ…….

စာပါအတိုင်း အမှန်တရားအတိုင်း ဆုံးဖြတ်နိုင်ကြပါစေဗျာ…… ဆုံးဖြတ်ချက်အမှားများကြောင့် မတရားသဖြင့် ချုပ်နှောင်ခံနေရတဲ့လူများ၊ချုပ်နှောင်ခံရမဲ့သူများ အမြန်ဆုံး လွတ်မြောက်နိုင်ပါစေ……