တို့ဟူးနွေး
ခုတလော စိတ်ထဲမှာ မွေးရပ်မြေက ရှမ်းအစားအစာလေးတွေ အရမ်းစားချင်နေပါတယ်။ အထူးသဖြင့် ရှမ်းခေါက်ဆွဲ၊ တို့ဟူးနွေး၊ တို့ဟူးသုတ်တွေ အရမ်းစားချင်ပါတယ်။ ဒါနဲ့ ဦးရှင်ကြီး ကို ဖုန်းဆက်တော့ ဦးရှင်ကြီးက အားရက်ကြရင် လုပ်ကျွေးမယ်တဲ့.. စားရပါဦးမယ် အဟဲ စားချင်သူများ မောင်တောင်ပေါ်သားကို ဆက်သွယ်ကြဗျို့.. တီဝါ အိမ်ကိုလဲ သွားလည်ပြီးရင် အော်ပြီး ချက်ကျွေးခိုင်းရတာ အမောပါပဲ။ အပြင်မှာ မစားရတော့ တီဝါ တို့ကိုသွားအော်တာပါ။ မနေ့ကတော ဦးရှင်ကြီးကို ဖုန်းဆက်ပြီး တို့ဟူးလုပ်နည်းတွေ တို့ဟူးနွေး လုပ်နည်းတွေ သေချာမေးပါတယ်။ သူကလဲ သေချာ ပြောပြပါတယ်။ ဒါပေမဲ့ သိတဲ့အတိုင်း တောင်ပေါ်သား ငပျင်းက အဆင့်တွေ များလို့ မလုပ်ဖြစ်ပါဘူး။ ဒီနေ့ညတော့ အာသာဖြေတဲ့အနေနဲ့ ရှမ်းအစားအစာတွေ ရောင်းတဲ့ ပနဆူလာ ပလာဇာအောက်က အင်းလေးကို ရောက်ခဲ့ပါတယ်။
အင်းလေးက နေရာထိုင်ခင်းလေးတွေက မဆိုးပါဘူး။ တော်တော်ကို သပ်ရပ်ပြီး အဆင်ပြေပါတယ်။ အဲ့က အကိုအမတွေကလဲ တော်တော်ကို ဖော်ရွှေတာတွေ့ရပါတယ်။ ၀င်ဝင်ခြင်း ရေအေးတခွက်လာချပေးပါတယ်။ နောက်ပြီး menu လေးလာပေးပါတယ်။ အစစအရာအရာ အဆင်ပြေပါတယ်။ ဒါနဲ့ အစားချင်ဆုံးဖြစ်တဲ့ တို့ဟူးနွေး တပွဲ မှာလိုက်တယ်။ တို့ဟူးကြော်ပါ မှာမလို့လုပ်တော့ အဲ့ကအမကြီးက သိနေတယ်ထင်ပါ့။ တို့ဟူးနွေးထဲမှာ တို့ဟူးကြော်ပါ ထည့်ပေးတယ်ဆိုတာနဲ့ တောင်ပေါ်သားလဲ ကတ်စေးနဲနဲ နဲ့မှာလိုက်တော့ဘူးပေါ့ အအေးကတော့ ပင်မှည့်ဖျော်ရည်တခွက် မှာလိုက်တယ်။ ဈေးကတော့ သူများဆိုင်ထက်စာရင် အနည်းငယ်ကြီးတာကို တွေ့ရပါတယ်။ တို့ဟူးနွေးက မှာတုန်းက အချိုရည်မထည့်ခိုင်းဖို့ပါပဲ ဒါပေမဲ့ မေ့သွားတယ်ဗျာ.. ကျနော်က အချိုရည်နဲ့ဆို မစားတတ်ဘူးရယ်...ဒါပေမဲ့ မတတ်နိုင်ပါဘူး စားချင်တော့လဲ ကိုယ်တိုင်တယောက်ထဲ အေးဆေး သွားထိုင်စားရတာပေါ့ဗျာ.. ကဲ စားဦးမလား တို့ဟူးနွေး...
တို့ဟူးနွေး မှာထားတာ မလာတော့ မြင်တာလေးတွေ ရိုက်ထားတာ... ဖုန်းကင်မရာကို လျှောက်ကလိရင်နဲကပေါ့... (ရေအေးတခွက်ပါ).jpg)
ဒါက သူတို့ချပေးတဲ့ Menu ပါ။ အစုံပါပဲ ရှမ်းအစားအစာတွေ ရတယ်။ ကြေအိုးခေါက်ဆွဲ စုံနေတာပဲ အအေးမျိုးစုံလဲ ရပါတယ်။.jpg)
စားတဲ့လူကစား၊ ရောင်းတဲ့လူက ရောင်းနဲ့ ဟုတ်နေတာပဲ ဟန်ကျနေတာ.. စဉ်းစားမိသေး... ဒီလိုဆိုင်လေး ဖွင့်နိုင်ရင်မစိုးဘူးလို့..... ဟီးးးးး .jpg)
တို့ဟူးနွေးလေး လာပါပြီခင်ဗျာ.....
စားကောင်းကောင်းနဲ့ စားလိုက်တာ အရောက်နောက်ကျတဲ့ အအေးခွက်တောင် မရိုက်ဖြစ်ခဲ့ပါဘူး ဟီးးးးးးး အဲ့လို မေ့တတ်တာ.....
လေးစားလျက် တောင်ပေါ်သား
pan>





