Showing posts with label ကျနော် ကျောင်းဆရာ. Show all posts

ကျနော် ကျောင်းဆရာ (၆)

စာဖတ်သူ ဒီစာကို အသင်ဖတ်မယ်ဆိုလျှင် သင့်အတွက် အကျိုးမရှိနိုင်ဘူးလို့ သင်ယူဆလို့ ရပါတယ်။ တကယ်တော့ ဒီစာကလဲ သင့်အတွက် ဟုတ်ချင်မှ ဟုတ်မှာပါ။ ကျနော်ရဲ့ စိတ်အချဉ်ပေါက်မှုတွေကိုသာ ဖော်ပြထားတာပါ။ အသင့်အနေနဲ့ စိတ်မကျေနပ်ရင်၊ အစာမကျေဘူးဆိုရင်တော့ ကျနော့်ရဲ့ Comment သို့မဟုတ် C-Box လို့ ခေါ်တဲ့ နေရာလေးမှာ ကြိုက်တာရေးသွားနိုင်ပါတယ်။

လူသားတိုင်းဟာ ခံယူချက်ခြင်း မတူညီကြပါဘူး။ စိတ်ဓါတ်ကောင်းတာတွေ ရှိသလို စိတ်ဓါတ်မကောင်းတာတွေလဲ ရှိပါတယ်။ ကျနော့် အမြင်ကတော့ စိတ်ဓါတ်ကောင်း၏ မကောင်း၏ ဆိုတာကို ဘာအနေနဲ့ တိုင်းတာသလဲ စဉ်းစားကြည့်တော့ လူမျိုးနဲ့ တိုင်းတာရင် အများစုက အတော်အသင့် မှန်ကန်တာကို တွေ့ရပါတယ်။ ဒါဟာ ကျနော် တယောက်ထဲရဲ့ ခံယူချက်ပါ။ ဥပမာ စင်ကာပူလို့ နိုင်ငံမှာ နိုင်ငံပေါင်းစုံက လူတွေ အလုပ်လာလုပ်ကြပါတယ်။ အင်ဒို၊ ဘင်္ဂလား၊ ထိုင်း၊ မြန်မာ၊ အနောက်ဥရောပ စသည်ဖြင့်ပေါ့.... ဒီမှာ ကျနော်တို့ အများစုကို လူမျိုးနဲ့ တိုင်းတာကြည့်မိတော့ တော်တော်များများကလဲ မှန်ကန်တယ်လို့ ယူဆရပါတယ်။

ဥပမာ အားဖြင့် စကာင်္ပူ နိုင်ငံသား အများစုဟာ သူတို့ကိုယ် သူတို့ စင်ကာပူ နိုင်ငံသား ဖြစ်ရတာ အရမ်း ဂုဏ်ယူတတ်ပါတယ်။ စင်ကာပူ နိုင်ငံသား မဟုတ်တဲ့ လူအချင်းချင်း ဆက်ဆံရမှာ အတော့်ကို ခွဲခြားဆက်ဆံတတ်ပါတယ်။ သူတို့ဟာ သူတို့ အကုန်လုံး တတ်သိနေတယ်လို့ သူတို့ ခံယူထားကြတတ်ပါတယ်။ တကယ်တော့ တွေ့ရသလောက် လေ့လာကြည့်ရင် သူတို့ဟာ သူတို့ရဲ့နယ်ပယ်မှာ ကျွမ်းကျင်မှုတွေ လိုအပ်ချက်တွေ ရှိနေသေးတာကို တွေ့ရပါတယ်။ အားလုံးကို မပြောလိုပါ ဒါပေမဲ့ အများစုကို ပြောတာပါ။

အခြား ဥရောပ နိုင်ငံသားတွေ အနေနဲ့ကတော့ ဒီလို အာရှနိုင်ငံတခုမှာ အေးဆေး မော်ကျော့စွာ အလုပ်လုပ်နေတာကို တွေ့ရပါတယ်။ သူတို့ဟာ တကယ့်ကို ပြည့်စုံသူတွေ အများစုပါ။ ဆိုလိုတာက နယ်ပယ်တခုမှာ အလုပ် လုပ်နေတဲ့ လူတယောက်ဟာ သက်ဆိုင်တဲ့ နယ်ပယ်တွေမှာ အတော့်ကို ကျွမ်းကျင်တာကို တွေ့ရပါတယ်။ အခြားလူမျိုးအများစုကတော့ သိပ်ထူးခြားနားမှုမရှိလှပါဘူး။ ဖိလစ်ပိုင်တွေကတော့ ယောကျာ်းလေးတွေက သဘောထား ရိုးသားတတ်ပြီး မိန်းကလေးတွေကတော့ မိန်းမစိတ်လေးတွေ ရှိတာ တွေ့ရပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေကော...........

မြန်မာတွေဟာ တကယ်တမ်း စိတ်ထား ဖြူစင်ပါတယ်။ ဒါပေမဲ့ အရှိကို အရှိအတိုင်း မနေတတ် ဟိတ် ဟန်လုပ်တာက ခပ်များများရယ်ပါ။ ပုံပြင်ထဲက "ဒေါင်းယောင်ဆောင်သော ကျီး" လိုပေါ့.... နေရာဒေသတွေ ပြောင်းလာလို့ အလေ့အထတွေ ပြောင်းလာတာကတော့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မြန်မာလူမျိုး အများစုဟာ "ဝ" မရှိပဲ "ဝိ" လုပ်ချင်သူတွေပါ။ တစိတ်ကို တအိတ်လုပ်တတ်သူတွေပါ။ ဒါကြောင့်ပဲ ရှေးလူကြီးတွေက စကားပုံတွေ၊ လကာင်္တွေ အများကြီး ထားသွားခဲ့တယ်နဲ့ တူပါရဲ့။

မြန်မာပြည်ကနေ တိုင်းတပါးမှာ တကယ့်ကို ပညာတတ်စွာနဲ့ အလုပ်လာလုပ်သူတွေ တပုံကြီးပါ။ တကယ့်ကို ဂုဏ်ယူ ချီးကျူးစရာပါ။ ဟိုတလောက က ကိုဒီဂိုလာ ဆိုဒ်မှာ တင်ထားတာ ဘယ်လောက် အားကျဂုဏ်ယူစရာကောင်းသလဲ။ ကျနော်ဆိုတဲ့ ကောင်ကတော့ ဘာဆို ဘာမှ ဖြစ်မလာသေးတဲ့ လူအ တယောက်ပဲ ရှိနေပါသေးတယ်။ သူများတွေ အနှစ်နှစ် အလလ ကျက်မှတ်ပြီး ဖြေရတဲ့ ကွန်ပြူတာ စာမေးပွဲတွေ ကျနော်တို့ မြန်မာတွေ တရက် နှစ်ရက်နဲ့ ဖြေပြီး အောင်ပါတယ်။ ဒါကိုပဲ သူတို့ ဂုဏ်ယူလိုက်ကြပါသေးတယ်။ တကယ်တော့ အလွယ်လမ်း လိုက်တာပါ။ စပေါ့ မေးခွန်းတွေ ဖတ် အမေးက ဒါဆို အဖြေက ဒါ ပုံသေဇယားတခုကို ကျက်တာလောက် လွယ်တာ မရှိပါဘူး။ ဒီလို အလွယ်လိုက်ပြီး အောင်မြင်လိုက်ကျတာ Computer စာမေးပွဲတွေ ဖြစ်တဲ့ CCNA,CCNP,MCSE စသည်ဖြင့် ရကုန်လိုက်တာ လက်မှတ်တာရတယ် Account Manage လုပ်တတ်လား No ပါပဲ။ Print Server ထိုင်တတ်လား No ပါပဲ။ ဒီတော့ ဘယ်သူတွေ ဒုက္ခရောက်သလဲ တိုင်းတပါးကို လာတယ် တကယ်မတတ်ပဲ လက်မှတ်လေး ယူလာတယ် အလုပ်ရှာရခက်တယ် ဒါ ဘယ်သူ့ အပြစ်တုန်း.........

ပြီးခဲ့တဲ့ သင်္ကြန် မြန်မာပြည်မှာ ဗုံးကွဲတယ်။ သေတဲ့လူသေတယ် ဒဏ်ရာ ရသူ ရတယ်။ ဒီကိစ္စမှာ လူ ၁၀၀ မှာ ၉၉ ယောက်လောက်က ရှုံ့ချကြတာ အားလုံး အမြင်ပါပဲ။ ၁ ယောက်သော သူကတော့ သူတို့နဲ့ သက်ဆိုင်လို့ ဖြစ်မှာပေါ့။ ကိုညီလင်းဆက် ဓါတ်ပုံ တင်တယ် လူတိုင်း ကော်ပီ လုပ်တယ်။ ဒါကောင်းသော အရာမဟုတ်ပါ။ ဟိုက ဦးဦးဖျားဖျား အသက်နဲ့ ရင်းပြီး ရနိုင်တဲ့ ဓါတ်ပုံတွေကို ကိုယ်တိုင် ရိုက်လာတာ.... အားလုံးက Credit မပေးပဲ လှမ်းတင်တယ်။ သူ့အတွက် စိတ်ဆိုးစရာ ဖြစ်လာတယ် ဒါက သူ့အပိုင်း ဒီတော့ Credit ပေးပေး မပေးပေး သူ့ပုံတွေ မတင်ဖို့ သူကန့်ကွက်တယ်။ ဒါသူ့အလွန်မဟုတ်ပါဘူး ဒါဟာ သတင်းဓါတ်ပုံပါ။ လူမှုရေး၊ ဘာသာရေး စသည်ဖြင့် အများပိုင် မဟုတ်ပါဘူး။

ဘ၀မှာ တဦးတယောက် ဒုက္ခရောက်နေတဲ့ အချိန်မှာ တစုံတခု ကူညီလိုက်ရလို့ ရတဲ့ ပီတိဟာ ဘယ်အရာနဲ့မှ မလဲနိုင်ပါဘူး ပြီးခဲ့တဲ့ ရက်တွေမှာ ကျနော်တို့ မြန်မာပြည်သူ၊သားတွေ ရေဒုက္ခရောက်ကြရတယ်။ ရာသီဥတု ပူပြင်းလာလို့ ရေတွေ ခန်းခြောက်ပြီး သောက်စရာ၊ သုံးရာတွေ မဲ့နေကြတယ်။ ဒါတွေကို သက်ဆိုင်ရာက မကူညီပေးနိုင်တဲ့ အချိန် ကျနော်တို့ ပြည်သူတွေ အားလုံး သူတို့အတွက် မျှဝေခံစားကြတယ်။ ကိုကျော်သူ တို့ ဦးဆောင်ပြီး တာဝန်ယူတယ်၊ မြန်မာဘောလုံး ချစ်သူများ ဆိုဒ်ကလဲ တတ်နိုင်သလောက် လုပ်အားဓါန၊ ငွေအားဓါနတွေနဲ့ လုပ်ဆောင်တယ်။ အဝေးရောက် ပြည်သူတွေကလဲ ပြည်တွင်းကသူတို့အတွက် တတ်နိုင်တဲ့ ဘက်က နေပြီး ၀ိုင်းပြီး ပံ့ပိုးကြတယ်။ ဒီလို ပရဟိတ လုပ်နေတဲ့ ပုံတွေကို အင်တာနက်ကနေ ဖြန့်ပြီး ပို့လို့ ကူညီနိုင်အောင် နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်ကြတယ်။

ဒီလို ပရဟိတ ပုံတွေကို ရိုက်ကူးပြီး ဒါကတော့ ငါ့ဓါတ်ပုံ ငါ့စာ စသည်ဖြင့် မူပိုင်ယူတာ ကျနော် တခါမှ မကြားခဲ့ဖူးဘူး။ ဒါပေမဲ့ ကျနော် ခု လက်တွေ့ မြင်နေခဲ့ရဖူးပြီ။ အံ့သြော်လို့ကို မဆုံးဘူး။ ဒါသည် ဒုက္ခရောက်နေတဲ့ လူတွေအတွက် လုပ်ထိုက်လုပ်သင့်တာတွေ လုပ်ပေးကြတယ်။ ဒါဟာ နိုင်ငံရေးမဟုတ်ဘူး ဒါ စစ်တိုက်နေ၊ စစ်ဖြစ်နေတာမဟုတ်ဘူး ဘယ်နေရာမှာ ဘာတင်တင်ပေါ့။ အဓိက တင်တယ်ဆိုတာမှာ မူရင်း ရေးသားသူကို Credit ပေးရင် အဆင်ပြေပါတယ်။ Credit မပေးလို့ တင်ခွင့်မပြုဘူး ဒါဆို လက်ခံနိုင်တယ်။ ဒါပေမဲ့ အားလုံးရည်ရွယ်ချက်က ရှင်းတယ် ကျနော်တို့ ပြည်ကြီးက ဒုက္ခရောက်နေတဲ့ မြန်မာလူမျိုးတွေ အတွက်။ ကိုယ့်ဆိုဒ်မှာ ကိုယ်တင်တယ် ကျန်တာမပေးတင်ဘူး ဘာဖြစ်လဲ လာမေး ဒါလူ့အခွင့်အရေးပဲ ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်ရှိတယ်။ ဘာမှ မဖြစ်ဘူး.........

ကိုယ် ဆိုဒ်မှာ တနေ့ လူအယောက် ၁ သိန်းလာကြည့်နေလား။ ကိုယ့်ရဲ့ စာ၊ ပုံတွေကို နေရာမျိုးစုံ မီဒီယာ မျိုးစုံကနေ တင်ခွင့် ပေးလိုက်ရင်ကော ကုသိုယ်ယူမဲ့ လူတွေ ပိုမများလားနိုင်ဘူးလား မစဉ်းစားတတ်တော့ဘူးလား လူတိုင်းမှာ ဦးနှောက်ရှိပါတယ်။ ဒီလို ပရဟိတ လုပ်နေတဲ့ ပုံ၊စာတွေကို နိုင်ငံရေးဆိုဒ်ပေါ် တင်လို့ ဒါ နိုင်ငံရေး လုပ်နေတာမဟုတ်ပါဘူး နိုင်ငံတော်ကို တော်လှန်နေတာ မဟုတ်ပါဘူး သိပ်မကြောက်ပါနဲ့ သိပ်အဖြစ်မသဲပါနဲ့ သိပ်ပြီး မကျော်ဇော်ချင်ပါနဲ့..... ဒါကိုယ်ဆွေမျိုး ကိုယ်ပြည်သူတွေ အတွက် တတ်နိုင်တဲ့ ဖက်က လုပ်ပေးနေတာပါ။ ဒါကြောင့် တခါတလေ ဒီလို လူမျိုး မြင်ရတာ ဗိုလ်ချုပ် ပြောသွားဖူးတဲ့ မှတ်သားဖွယ် စကားလေး ပြန်ကြားနေမိတယ် "ကျနော်တို့ မြန်မာတွေဟာ မဟုတ်တဲ့  နေရာမှာ တလွဲ ဆံပင် ကောင်း နေကြတယ်" တဲ့လေ....

မှတ်ချက်။ ။ ကျနော် Comment နဲ့ C-Box ကိုဖွင့်ထားပေးပါတယ်။ လွတ်လပ်စွာ ပြောပိုင်ခွင့် ရှိပါသည်။ ပိုစ့်နှင့် သက်ဆိုင်သော တုံ့ပြန့်မှုသာ ရလိုပါသည်။

လူသားတိုင်း လွတ်လပ်စွာ ဝေဖန်ပြောဆိုနိုင်ခွင့်၊ ငြင်းဆိုနိုင်ခွင့် ရှိပါသည်။

လေးစားလျက်

တောင်ပေါ်သား

Read More

ကျနော် ကျောင်းဆရာ (၅)

ဒီကမ္ဘာလောကမှာ လူရယ်လို ဖြစ်လာရင် လူတိုင်းမှာ လွတ်လပ်ပိုင်ခွင့် တနည်းအားဖြင့် ရွှေးချယ်ပိုင်ခွင့်တွေ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ အဲ့ဒီရွှေးချယ်ပိုင်ခွင့်တွေကို စည်းကမ်းမဲ့စွာ၊ တနည်းအားဖြင့် တရားမျှတစွာ မယူတတ်၊ မကျင့်ကြံတတ်ရင်ကော အဲ့ဒီလူကို ဘာပြောမလဲ။ ဒီလူရဲ့ ရွေးချယ်ပိုင်ခွင့်ဆိုတာကိုကော လူတိုင်းလက်ခံပါ့မလား။ ဒါဟာလဲ လူလောက၊ လူဘောင်အတွင်းမှာ နေထိုင်နေတဲ့ ကျနော်တို့တွေအားလုံး သေချာချင့်ချိန် ဆုံးဖြတ်သင့်တဲ့ အရာလေးတွေထဲက အခြေခံကျတဲ့ ဆွေးနွေးသင့်တဲ့ အရာလေးတခုပဲလို့ ကျနော်ကတော့ ယူဆပါတယ်။ ဥပမာ တရားမျှမူမရှိတဲ့ ခေါင်းဆောင်တယောက်ရဲ့ ပြုမူပုံကို အောက်ခြေက လက်အောက်ငယ်သားတွေကကော မျက်စိစုံမှိတ်လိုက်ပြီး လက်ခံကြရမှာလား။ ခေါင်းဆောင်သည်လဲ သူ့ရဲ့ရွေးချယ်ပိုင်ခွင့်ကို သူလုပ်ခြင်းသာဖြစ်ပေမည်။ အောက်ခြေကလူတွေသည်လဲ သူတို့ရွေးချယ်ပိုင်ခွင့်ကို သူတို့လုပ်ပေမည်။ သေချာသည်ကား ဤသို့သော ခေါင်းဆောင်မျိုးကို အောက်ခြေကလူအများစုက လက်ခံနိုင်မည်မဟုတ်ပေ.....

ဝေဖန်သည်ဆိုသည်မှာ ဝေဖန်တတ် (အကြံပေးတတ်)လျှင် အကောင်းဖက်ကကြည့်မည်ဆိုလျှင် ပိုမိုကောင်းမွန်ခြင်းကို ရောက်နိုင်သလို အဆိုးဖက်ကကြည့်လျှင်လဲ အခန့်မသင့်လျှင် မလိုလားအပ်တဲ့ လူတဦးတယောက်၏ ဘ၀၊ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေချင်တွေ ဖြစ်ပေါ်တတ်ပါတယ်။ ဒီအတွက် ကျနော်တို့တတွေ ဝေဖန်ခြင်းကို သေချာကျွမ်းကျင်တတ်ဖို့တော့ လိုပါဦးမည်။ အခုတလော ဘလော့လောကပေါ်မှာ အခြေခံ ဂယက်ရိုက်ချက်တွေ တခုပြီးတခု ဖြစ်ပေါ်နေပြန်သည်။

၁) မရောက်လာ မသေချာသေးသော အနာဂတ် ၂၀၁၂ ကိုကြိုတင်မှန်းဆ၍ အားသန်ရာတွေ ဆွဲတွေးနေကြခြင်းပင်။ တကယ်တော့ ၂၀၁၂ ဆိုတာ ကျနော်တို့နဲ့ အဝေးကြီးလိုပါသေးတယ်။ နှစ်အားဖြင့် ကြည့်မည်ဆိုလျှင် ၃ နှစ်၊ လအားဖြင့် ကြည့်မိဆိုလျှင် လပေါင်း ၃၀ လောက် ကျန်နေသေးသည်။ ထို့အတွက် ဤအချိန်အတောအတွင်း ကျနော်တို့တွေ ဘာဖြစ်ဦးမည်၊ ဘာတွေဖြစ်လာမည်ဆိုသည်မှာ အတပ်မပြောနိုင်။ ယုတ်စွအဆုံး ကျနော်ပင်သည် မနက်ဖြန် ဘာဖြစ်လာမည်ကို ကြိုတင်တွေးတောမရနိုင်ပေ။ ဒါပေမဲ့ ဒီ Tag ပိုစ့်လေးကြောင့် လူတိုင်းကောင်းတာတခုတော့ ရလိုက်ပေမည်။ လူတိုင်းသေခြင်းတရားကို ကြောက်တတ်သလို မသေခင်ဘာလုပ်သင့်သည်ဆိုခြင်းကို အနဲနှင့်အများ ခံစားတတ်လိုက်ရပေသည်။

၂) ဘလော့ပေါ်တွင် အရည်မရ၊ အဖတ်မရ စာပေများစွာရှိသည်။ ဟာသတွေ ရှိသည်။ ရသတွေရှိသည်။ မော်ဒန်စာပေတွေရှိသည်။ ထိုအတွက် ဘလော့ လောကသည် အကျိုးရှိတဲ့စာပေတွေ နဲ့ အကျိုးမဲ့သောစာပေတွေ များစွာရှိနေပေလိမ့်မည်။ ထိုအတွက် ကျနော်တို့သည် ကိုယ်လိုအပ်ချက်များကို ကိုယ်တိုင်ရှာဖွေတတ်ရပေမည်။ ဘယ်အရာကတော့ဖြင့် ကောင်း၏ ဘယ်အရာကတော့ဖြင့်မကောင်း၏ဟု လိုက်ပြီးဝေဖန်ပိုင်းခြားစရာမလိုအပ်ပေ။ ဤသည်ကား သာမာန်လူတယောက်၏ အတွေးပဲဖြစ်ပေမည်။ ဒါပေမဲ့ ကျနော်တို့ ဘလော့လောကတွင် မကောင်းသည်များ များသထက်များလာခဲ့ရင်ကော သာမာန်ပြည်သူတွေအတွက် ဘလော့ဆိုသည်မှာ မကောင်းသောအရာ စက်ဆုပ်ရွှံ့ရှာဖွယ်သောအရာ အဖြစ်သို့ ဦးတည်လာပေမည်။ တကယ့်ကို မြန်မာဘလော့ဂါဆိုတဲ့ အသိုင်းအ၀ိုင်းလေးအတွက် စိုးရိမ်မိပါသည်.....

၃) ဘလော့ဆိုသော စကားလုံး အသုံးအနှုန်းကို ခေါ်ဝေါ်ခြင်းအနက်အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်ပေသည်။ ဘလော့ဆိုသည်မှာ မူရင်းစကား Weblog မှလာပါသည်တဲ့။ Weblog= ပင့်ကူအိမ်မှတ်တမ်း ဖြစ်ပါသည်တဲ့။ ဒီအတွက် ဘလော့ဆိုသည်ကို ဘလော့= ကူမှတ်တမ်း ဟုခေါ်ဆိုသင့်ပါ၏သလော

တကယ်၍များ သင်သည် ကျနော်ကျောင်းဆရာရေးသားသော ယခုစာသားများအားလုံးကို သေချာဖတ်သွားသည်ဆိုလျှင် သင်၏ စိတ်ခံစားချက်ကို ကျနော်သိချင်လှပေသည်။ သို့တည်းမဟုတ် သာမန်လျှံကာဖတ်ပြီ
းသွားသည်ဆိုပါက......

မှတ်ချက်... လွတ်လပ်စွာ ငြင်းဆိုနိုင်ခွင့်၊ ပြောဆိုနိုင်ခွင့် ရှိပါသည်။ ဒါသည်လဲ လူသားတိုင်းရသင့်သော အခွင့်အရေးတခုပင် ဖြစ်ပေသည်။

လေးစားလျက် တောင်ပေါ်သား

တကယ်၍များ သင်သည် ကျနော်ကျောင်းဆရာရေးသားသော ယခုစာသားများအားလုံးကို သေချာဖတ်သွားသည်ဆိုလျှင် သင်၏ စိတ်ခံစားချက်ကို ကျနော်သိချင်လှပေသည်။ သို့တည်းမဟုတ် သာမန်လျှံကာဖတ်ပြီးသွားသည်ဆိုပါက......

မှတ်ချက်... လွတ်လပ်စွာ ငြင်းဆိုနိုင်ခွင့်၊ ပြောဆိုနိုင်ခွင့် ရှိပါသည်။ ဒါသည်လဲ လူသားတိုင်းရသင့်သော အခွင့်အရေးတခုပင် ဖြစ်ပေသည်။

လေးစားလျက် တောင်ပေါ်သား
Read More

Blogger

ခုတလော မြင်ရတွေ့ရတာတွေက သိပ်မကောင်း။ ကျနော် မမြင်ချင်ဆုံးသော အရာတွေ။ လူတယောက်ရဲ့ လုပ်ပိုင်ခွင့်၊ ရယူခွင့်တွေကို အတင်းအဓ္ဓမ လိုက်ပိတ်ဆို့နေကြသည်။ လူတယောက်ရဲ့ ယုံကြည်မူကို လူသားအချင်းချင်းကအလွဲသုံးစား လုပ်နေကြသည်။ အားနာချင်းဆိုတာကို ထောက်ထားပြီး မပြောသ၍ သိနိုင်မည်မဟုတ်ပေ။

ဘလော့လောကရပ်ဝန်းပေါ် လှမ်းတက်ကြည့်လိုက်တော့ ပေါက်တတ်ကရ အခြေအမြစ်မရှိ တွေးတောစဉ်းစားနိုင်စွမ်းမရှိတဲ့ လူတွေရဲ့ တဖတ်သတ်စောင်းနင်းကဲ့ရဲ့မူတွေကို မြင်တွေ့နေရသည်။ မိန်းကလေးတွေ အတင်းပြောသည် အပုတ်ချသည်သာ ကြားဖူးသည်။ ယောကျာ်းများ ကဲ့ရဲ့တာသည် မိန်းမသားများ ကဲ့ရဲ့သည်ထက် ပိုမိုအစွမ်းထက်ကြောင်း မြင်တွေ့ရပြန်သည်။ ဘလော့ရေးသည်ဆိုသည်ကာ ဘာမှမဟုတ်ပေ အလကားရသော အကောင့်တခုဖွဲ့၊ ပြီးလျှင် ရေးချင်တာရေး ဒီလိုများတွေးပြီး အနှီပုဂ္ဂိုလ်များ ထင်နေသလားမသိ။ တကယ်တော့ ဘလော့ဂါအမည်ခံ ကျနော်တို့သည် အလဟဿ စာများရေးနေခြင်းမဟုတ်။ ကိုယ့်ဝါသနာ တနည်းအားဖြင့် ကိုယ့်ရဲ့မိသားစုကြောင်း၊ ကိုယ့်အကြောင်းကို ကိုယ်ရေးသားခြင်းသာများသည်။ ဘလော့ရေးပြီဆိုသည်ဟူကတည်းက ကိုယ့်ကိုယ်ပိုင် စာမျက်နှာဖြစ်သဖြင့် ကိုယ်ကြိုက်တာလုပ်ခွင့်ရှိသည် ဆိုသည်ကိုးကား အထူးပြောစရာမလိုတော့ပေ။

ဘလော့ဂါဆိုသည့်အပိုင်းတွင်လဲ သက်ဆိုင်ရာအလိုက်၊ အားသန်ရာအလိုက် အမျိုးမျိုးခွဲထွက်သွားနိုင်ပေသည်။ အချစ်ဖက်အားသန်လျှင် အချစ်အကြောင်းရေးမည်၊ ကဗျာအားသန်လျှင် ကဗျာတွေချည်းရေးနိုင်သည်၊ ရသအားသန်လျှင် ရသစာပေတွေ ရေးမည်။ ဒါကို လိုက်ဝေဖန်စရာလိုအပ်သည်ဟု ဆိုလာပါက ကျနော် လဲဝေဖန်သင့်သည်ဟုမြင်မိပေသည်။ ယုတ်စွအဆုံး နိုင်ငံရေးလုပ်ချင်လုပ်မည် တိုင်းပြည်ကိုကြည့်၍ မချင့်မရဲဖြစ်ကာ ရေးချင်တာ ရေးမည်။ ဒါပေမဲ့ လူဆိုတာက အမှားအယွင်းရှိနိုင်ပေသည် ဝေဖန်ထောက်ပြမှသာ ကျနော်တို့ ပြုပြင်နိုင်ပေလိမ့်မည်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ တနည်းအားဖြင့် ဘလော့လောကက စာမျက်နာအများစုကိုကား ဝေဖန်ရန်ပင် မလိုအပ်တော့ပေ။ အဘယ်ကြောင့်ဟု သင်ထင်သလဲ.......

မိမိကိုယ့်ကို ဘလော့ဂါ တနည်းအားဖြင့် အင်တာနက်ပေါ်က စာမျက်နှာပေါ်တွင် စာရေးသားတော့မည်ဆိုပါက ကျနော်တို့၏ စိတ်ထဲတွင် မည်သူမှ လှုံ့ဆော်ပေးမူမရှိပဲ ကျနော်တို့ကိုယ်တိုင် ခံယူသည့်အချက်တချက်ရှိပါသည်။ ဤကား မိမိရေးသားသော စာ ဖြစ်စေ၊ ပုံတပုံ ဖြစ်စေ ပြဿနာတခုဖြစ်လာလျှင် မိမိကိုယ်တိုင်တာဝန်ယူရမည် ဟူသောခံယူချက်ဖြစ်ပေသည်။ ထို့အတွက် ကျနော်တို့ ဘလော့ဂါရပ်ဝန်းတွင် ပြဿနာဟူသည် မရှိလောက်အောင် နည်းပါးခဲ့ပါသည်။ အင်တာနက်အသုံးပြုသည့်လူတိုင်း သိကြပေမည်။ အင်တာနက်သည် ကောင်းကျိုးပေးတဲ့ အရာဖြစ်သလို ဆိုးကျိုးကိုလဲ ဖြစ်ထွန်းစေသည်။ ထို့အတွက် အင်တာနက်ပေါ်တွင် အရေမရအဖတ်မရ စာတွေ မြောက်များစွာ ရှိပေသည်။ ဒါပေမဲ့ အင်တာနက်ပေါ်တွင် ရေးသားသော စာမျက်နှာ တနည်းအားဖြင့် ဘလော့ပေါ်တွင် စာပေစစ်ဆေးရေးကဲ့သို့သော ဌာနမရှိပေ။ ဤအတွက် ဘလော့ဂါအများစုသည် မိမိရေးသားသော စာပေ၊ ပုံများကို မိမိ၏အသိစိတ်ဓါတ်ဖြင့် မိမိကိုယ်တိုင် တာဝန်ယူတတ်ကြပါသည်။ ဒါသည် ဘလော့လောကအတွက်သာဖြစ်ပေမည်။

အခုနောက်ပိုင်း ဝေဖန်ထောက်ပြချက်တချို့သည် လူပုဂ္ဂိုလ်တဦးတယောက်၏ ပါစင်နယ်ကို ထိခိုက်ရေးသားထောက်ပြမူတွေကို တွေ့ရတာတော်တော်ဝမ်းနဲဖွယ်ကောင်းသည်။ အမှန်ဖြစ်သင့်သည်မှာ ဘယ်နေရာတွင် လိုအပ်ချက်ရှိသလဲ သေချာ အကျိုးအကြေ

အခုနောက်ပိုင်း ဝေဖန်ထောက်ပြချက်တချို့သည် လူပုဂ္ဂိုလ်တဦးတယောက်၏ ပါစင်နယ်ကို ထိခိုက်ရေးသားထောက်ပြမူတွေကို တွေ့ရတာတော်တော်ဝမ်းနဲဖွယ်ကောင်းသည်။ အမှန်ဖြစ်သင့်သည်မှာ ဘယ်နေရာတွင် လိုအပ်ချက်ရှိသလဲ သေချာ အကျိုးအကြောင်းခိုင်လုံစွာ ထောက်ပြပါမှ အားလုံးအတွက် ကောင်းကျိုးကိုရစေနိုင်ပေသည်။ ထို့သို့မဟုတ်ပဲ ယောကျာ်းသားများဖြစ်ရက်နဲ့ မိန်းကလေးများလို ထမိန်ကြားက လက်သီးထောင်ပြနေသည်မှာ အလွန်ကို ရွံ့ရှာဖွယ်ကောင်းပေသည်။ ပို၍ ဆိုးသည်ကား ယခုဝေဖန်ရေးသားနေသော လူများသည် မြန်မာနိုင်ငံသားများဖြစ်နေသောကြောင့် ဖြစ်သည်။ ထိုသူတို့တွင် ဌင်းတို့၏ မိဘ၊ မောင်နှမများ မရှိသည့်အလား ရိုင်းစိုင်းသော အသုံးအနှုန်းများကို သုံးသပ်ထားသည်ကိုလဲ တွေ့ရပါသည်။ ဝေဖန်ခြင်းသည် ကောင်းမွန်ခြင်းကို ရောက်စေနိုင်သည်ဆိုသည်မှာ ကျနော်ကိုယ်တိုင် လက်ခံပါသည်။ ဒါပေမဲ့ ဝေဖန်တတ်ဖို့ တနည်းအားဖြင့် မှန်ကန်သော ထောက်ပြပေးနိုင်မူတွေ လိုအပ်ပါသည်။

ကျနော်ယခုပြောဆိုနေသော အရာများကို တဖက်စောင်းနင်းပြန်လဲဝေဖန်မည်ဆိုလျှင်လဲ ရပေသည်။ သူများကိုမဝေဖန်နဲ့ဟု ပြောပြီ ကျနော်ခု အနှီပုဂ္ဂိုလ်များ၏ ဝေဖန်ချက်ကို ပြန်လဲဝေဖန်နေမိသောကြောင့် ဖြစ်သည်။ ကျနော် ရေးခဲ့ဖူးပါသည် နာမည်ကြီး ဘလော့ဂါတယောက်၏ အဆိုလေးပါ။ ကိုယ့်ဘလော့မှာ ကြိုက်တာရေးမယ် သင်မကြိုက်လျှင် လာဖတ်စရာမလို ဟူသဖြင့် ဘလော့ဂါတယောက်ပြောဖူးသည်ကို ကျနော်ကြားခဲ့ဖူးပါသည်။ ကျနော် ဝေဖန်ခဲ့ဖူးပါသည်။ ကျနော်တို့ဘလော့ဂါဆိုတာ စာဖတ်သူပရိသတ်က ပေးသော ကောမန့်များ၊ ခင်မင်ရင်းနှီးသော မိတ်ဆွေ အပေါင်းအသင်းများ၏ ကောမန့်များကို နှစ်ခြိုက်ခုံမင်စွာ စောင့်မျှော်လေ့ရှိပေသည်။ ထိုသို့မဟုတ်လျှင် ကျနော်တို့အနေနဲ့ ဘလော့စာမျက်နှာပေါ် တက်၍ စာရေးသားရန်မလို၊ ကျနော်တို့ အင်တာနက်ခ အကုန်ခံပြီး ရေးစရာမလို ကျနော်တို့၏ အပြင်ဒိုင်ယာရီမှတ်စုများတွင်သာ ရေးပြီးသိမ်းထားယုံပါ စသည်ဖြင့် ကျနော်ဝေဖန်ခဲ့ဖူးပါသည်။

ဘလော့လောကမှာ အပြင်က လူတိုင်းမသိနိုင်သော နားမလည်နိုင်သော အချင်းချင်းတယောက်ကို တယောက် လူသားဆန်သော အပြုအမူများစွာ ရှိပါသည်။ တခုခြင်းရေးချပြလျှင် သာမန်လူတယောက်အနေဖြင့် ကျနော်တို့ ဘလော့ဂါများကို နားလည်နိုင်စွမ်းမရှိလောက်ပေ။ သေချာတာတခုကတော့ ဘလော့လောကမှာ တယူသန် အယူအဆမရှိပေ၊ ရှေးရိုးစွဲ ဘာသာရေး အယူအဆတွေ မရှိ၊ အစွန်းရောက်သည့် အပြုအမူ အယူအဆတွေမရှိ၊ ရိုင်းဆန်ပြုမူတတ်သော အကျင့်အမူ အပြုအမူများ မရှိပေ၊ မောင်နှမသားသမီးများကို ထိခိုက်စေမည့် အသုံးအနှုန်းများ သုံးလေ့ မရှိပေ။ ထို့အပြင်ဘလော့လောကတွင် အပြင်မှာမတွေ့ဖူးသော ညီအကိုမောင်နှမစိတ်ဓါတ်များကိုလဲ တွေ့ရှိနိုင်ပေသည်။ ယခုနောက်ပိုင်းတွင် ဘလော့ရေးသူများ များပြားလာသလို စာဖတ်သူပရိသတ်များလဲ တဖြည်းဖြည်းများလာပါတယ်။ ဘယ်လောက်ပဲ ဝေဖန်မူပြုသည့်ဖြစ်စေ ကောင်းတဲ့ အပြုသဘောဝေဖန်မူလား၊ တမင်ကို တဖက်သား နိမ့်ပါး စိတ်ဓါတ်ကျအောင် သို့တည်းမဟုတ် တဖက်လူသာယာပျော်ရွှင်နေသည်ကို မနာလိုမရှုစိမ့်သောကြောင့် ဝေဖန်သည်လားဆိုသည်ကို ကျနော်တို့၏ စာဖတ်ပရိသတ်များက ဆုံးဖြတ်ပေလိမ့်မည်။ အသင်အနှီပုဂ္ဂိုလ် သိထားသည့်သည်မှာ ကျနော်တို့၏ ဘလော့ဂါ အသိုင်းအ၀ိုင်းကို ဘယ်လိုသဘောပဲ ဖြစ်စေဖြစ်စေ အသင်နှောက်ယှက်ဖျက်ဆီးနိုင်မည်မဟုတ်ပေ... အသေချာဆုံးကတော့ ကျနော်တို့ ဘလော့ဂါဆိုသည်မှာ ကိုယ့်ရေးသည့်စာပေါ်မှာ အပြည့်အ၀ တာဝန်ယူတတ်သည်ဆိုသည်ပါ။ အသင်သည် ဘလော့ဂါဟု မိမိကိုယ်ကို ခံယူသည်ဖြစ်စေ မခံယူသည်ဖြစ်စေ အသင်စိတ်နဲ့ အသင်စာရေးသည်ဆိုသည်ဟု ဆိုကတည်းက အသင်ကော ကိုယ့်ရေးသည့်စာပေါ်တွင် တာဝန်ယူရဲပါသလား..........

လေးစားလျက် တောင်ပေါ်သား

Read More

ကျနော်ကျောင်းဆရာ (၃)

ဘလော့ဆိုတာ စာပေမြတ်နိုးသူတိုင်း၊ ခံစားချက်ရှိသူတိုင်း ရေးတတ်ကြပါတယ်။ ဒီအတွက်ဘလော့ဆိုတာကြီးကို ဘယ်လိုအကြောင်းကြောင်းမှ ပိုင်းခြားလို့မရပါဘူး။ ကဗျာချစ်တဲ့လူတွေအတွက် ကဗျာကိုရေးတဲ့ ဘလော့တွေရှိတယ်။ ရသတွေ ရေးတဲ့လူတွေရှိမယ်။ ဒါဟာ ကိုယ်ပိုင်ခံစားချက်၊ သေချာအောင်ပိုပြောရင်တော့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ဒိလိုလွတ်လပ်ခွင့်တွေကို ကျနော်တို့ လိုက်ပြီး ပိတ်ပင်တားဆီးနေလို့ မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်စာမျက်နှာဖြစ်တဲ့အလျောက် သူတို့ကြိုက်တာ လုပ်ခွင့်ရှိပါတယ်။ ဖျက်ချင်ဖျက်မယ် ပိတ်ချင်ပိတ်မယ်ပေါ့။ ကျနော်လက်လှမ်းမီသလောက် တွေ့ရတာကတော့ ဘလော့ဂါတွေဆိုတာ ပြည်ပကလူတွေက ပြည်တွင်းကလူတွေထက် ထက်ဝက်မက ပိုများပါတယ်။

အဓိကအကြောင်းကတော့ ပြည်ပရောက်လူတွေက ပြည်တွင်းကလူတွေထက်ပိုပြီး သတင်းလွတ်လပ်ခွင့် ရှိတယ်။ ရေးချင်တာတွေ ပိုရေးလို့ရတယ်။ ပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ဝေးနေတဲ့သူတွေအတွက် ခံစားချက်တွေကတော့ ကိုယ်စီရှိကြတတ်ပါတယ်။ ဒီအတွက် ဘလော့ပေါ်တက်ပြီး ကိုယ်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောပြတတ်ပါတယ်။ ဒီမှာ တခါတလေ သူများတိုင်းပြည်မှာ ကိုယ့်တိုင်းပြည် မကောင်းကြောင်းပြောနေကြရင် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် မခံနိုင်ပါဘူး ဒီတော့ဘလော့ပေါ်တက်ပြီး ပိုစ့်လေးတွေ ရေးကြပြန်ပါတယ်။ ဒီလိုမျိုး ကိုယ်ရဲ့အသက်လို မြတ်နိုးရတဲ့ ဘလော့လေးတွေကို ဘာလို့များ ရှဲလုပ်သုံးနေကြလဲ မသိပါဘူး.. ကျနော်အမြင်ကတော့ သမီးရည်းစားချစ်သူတိုင်း အပြန်အလှန် နားလည်မူယူပြီး ဘလော့လေးတွေကို တူတူဖန်တီးကြတာ လက်ခံပါတယ်။

ဒါပေမဲ့ Personal သုံး E-mail လိုမျိုးကိုတော့ Sharing လုပ်သုံးတာကတော့ သိပ်သဘောမတွေ့မိပါဘူး။ အထက်မှာ ပြောခဲ့သလို လူတိုင်းမှာကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိတာဖြစ်တဲ့အတွက် ကျနော်မှာလဲ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျနော် သေချာစဉ်းစားကြည့်တော့ ခုလို Personal E-mail ကို share လုပ်သုံးတာတခုတင်မကပါဘူး။ E-mail နဲ့ သက်ဆိုင်တဲ့ အချက်အလက် ဆိုလိုတာက E-mail Password မေ့သွားရင် ပြန်ဖော်လို့ရတဲ့ Security Question တွေကအစ အားလုံးကို အသိပေးကြတာပါ။ ဒါတွေဟာ တကယ်လိုအပ်သလား သေချာမေးကြည့်လိုက်တော့ ကိုယ့်ချစ်သူယုံကြည်အောင်လို့တဲ့ တကယ့်ကို ဟာသတခုပါပဲ.. သူတို့မှာ တခြားအကောင့်မရှိတော့ဘူးလား... ဒါဟာပိုလို့တောင် ဆိုးရွားတဲ့ အခြေအနေတခုကို ကိုယ်တိုင်ဖန်တီးလိုက်တာပါပဲ.. ဥပမာ ကောင်လေးက ကောင်မလေးကိုအကောင့်ပေးပြီး ကောင်မလေးရဲ့ ယုံကြည်မူကို ယူတယ်။ ဒီကောင်လေးက ကောင်မလေးမသိတဲ့ တခြားအခြားအကောင့်တခုနဲ့ တခြားကောင်မလေးတွေရဲ့ ယုံကြည်မူကို ထပ်ယူဦးမှာပါပဲ...
တကယ်တမ်း သမီးရည်စားဖြစ်လာခဲ့ရင်တောင်မှ ဒီလို့ E-mailတွေ ရှဲစရာလိုမယ်မထင်ပါဘူး။ တယောက်နဲ့ တယောက် ယုံကြည်မူလေးတွေထားပြီး ညှိုနှိုင်းနိုင်တာလေးတွေ ညှိုကြည့်ရင်ပိုတောင်မှ သံယောဇဉ်ဖြစ်မယ် အဆင်ပြေနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် ချစ်သူဘ၀ လမ်းခွဲခဲ့ရင်တောင်မှ နောင်ဖြစ်လာမဲ့ သံသယစိတ်တွေ မလိုလားအပ်တာတွေ ကင်းတာပေါ့။

လူသားတိုင်းသည် နိုင်ငံရေးကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်မွေးတဲ့ နေရာ၊မြို့ဒေသ၊တိုင်းပြည်ကိုတော့ အများနဲ့တန်းတူ ဖြစ်စေချင်တဲ့ စိတ်လေးတွေ လူတိုင်းမှာ ရှိပါတယ်။ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်ကို မွေးဖွားလာတဲ့ ကျနော့်မြေကို ကျနော်ချစ်ပါတယ်။ လူတိုင်းဟာ အယူအဆကွဲလွဲချက်တွေနဲ့ ရှင်သန်နေကြတာပါ။ ဒီအယူအဆကွဲလွဲချက်တွေပေါ် မူတည်ပြီး ပြုမူဆက်ဆံပုံတွေ ကွဲလွဲသွားတာပါ။ ဒီတော့ ဘယ်သူကဖြင့်မှန်တယ် မှားတယ်ပြောလို့လဲ ပြီးတော့မှာမဟုတ်ပါဘူး။ ကျနော်တို့ ပြည်ပရောက်လူတွေအဖို့က ပြည်တွင်းကိုပြ
န်ကြည့်လိုက်ရင် အရာရာခေတ်နောက်ကျနေပြီဆိုတာ ငြင်းလို့မရပါဘူး။ လမ်းခရီး ဆက်သွယ်ရေးက အစပေါ့။ ကိုယ်မျက်ချေးကိုယ် မမြင်ဆိုသလိုပဲ ပြည်တွင်းကလူတွေက ကျနော်တို့လောက် ဟုတ်သည်ဖြစ်စေ မှားသည်ဖြစ်စေ သတင်းတွေ မကြားရပါဘူး။ကျနော်သည် နိုင်ငံရေးကို စိတ်မ၀င်စားပါ။ ဒါပေမဲ့ ကျနော့်တိုင်းပြည်ကိုချစ်သည်။ ဒါအမှန်ပေ ဘယ်သူမဆို ဆိုသည်ထက် ကောင်းတာဖြစ်လာမည်ကို ကျနော်လိုလားပါတယ်။ ကျနော်တယောက်ထဲဒီအယူအဆ ရှိမည်ဟု ကျနော်မထင်။ လူဖြစ်လာလျှင် လူတိုင်းသည် အကောင်းကိုကြိုက်ကြသည်။ ဒီအတွက်ကျနော်တို့လူသားတိုင်းသည် ဘ၀ကိုကောင်းတထက် ကောင်းအောင် ကြိုးစားကြသည်။

ခုတလော လူစိတ်မရှိတဲ့ လူတချို့ကို ဘလော့တွေပေါ်မှာ တွေ့နေရပြန်တယ်။ ဘယ်လိုပြောရမှန်းမသိအောင် အရှက်တရားကို ကင်းမဲ့လွန်းပါတယ်။ ဒါဟာ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းကဆိုတာထက် သူရဲ့ သေးသိမ်တဲ့ အသုံးအနှုံးတွေကိုကြည့်လိုက်ရင် တော်တော်လေးကို ရီစရာကောင်းပါတယ်။ မိုက်မိုက်ရိုင်းရိုင်းပြောရမယ်ဆိုရင် မိဘတွေမရှိတော့တဲ့ လမ်းဘေးကလူမိုက်တချို့လိုပါပဲ။ အထိန်းအကွပ်က မရှိ၊ ဒီလိုဘလော့တွေပေါ်လိုက်အော်နေရတာကိုးပဲ သူက အရသာခံနေပါတယ်။ ဒီလိုတွေအရေမရ အဖတ်မရ အချိန်ကုန်ခံပြီး လုပ်တော့ ဘယ်လောက်ရသလဲတော့ သေချာမသိပါဘူးး).. သေချာတာကတော့ သူရဲ့အဆင့်အတန်း၊ လူနေမူပတ်ဝန်းကျင်ကို ပြလိုက်တာပါပဲ ကျနော်တို့ဘလော့ဂါအများစုဟာ သာယာပျော်ရွှင်တဲ့ ဘ၀တွေကို ဖြတ်သန်းချင်ကြတာပါ။

ကျနော်တို့ရဲ့ဘလော့လေးတွေကို ကျနော်တို့ရဲ့ ဆွေမျိုးမိသားစုလိုချစ်ကြတာပါ။ ဘလော့ရေးတဲ့လူတိုင်းခံစားတတ်ကြပါတယ်။ ဘယ်သူမှ ဒီဘလော့လေးကို အလကားလုပ်ထားတာမဟုတ်ပါဘူး။ အချိန်တွေအများကြီးပေးရပါတယ်။ စာရေးဖို့အတွက် အချိန်ယူရတယ် ဘလော့လေးလှအောင် အိမ်လေးလှအောင် ပြင်ရတယ်။ ဒီလိုပြောပြရတာ ကျနော်တို့ကို အားနေလို့ရေးတယ်ထင်မှာ စိုးလို့ပါ။ ဒီတော့ ကျနော်တို့ဘလော့ဂါတွေအားလုံးက သွေးစည်းလုံးကြပါတယ်။ ညီညွတ်ကြတယ် တဦးကိုတဦး ရိုင်းပင်းကူညီကြတယ် ဒါလေးတွေကို ဘလော့ဂါတွေကြားမှာပဲ တွေ့ရတာပါ။ ဒီအတွက် ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် ကျနော်တို့ဘက်က ပိုတောင် စည်းလုံးနေပါသေးတယ်။

တခါတလေ ကျနော်တို့ရဲ့ စိတ်ကအထက်ကပြောသလို မကျေနပ်တာတွေ၊ ခံစားရတာတွေများရင် ပိုစ့်တခုအနေနဲ့ တင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့တဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ပိုက်ဆံရှာတဲ့ ဘလော့လေး အနဲငယ်ကလွဲရင် အများစုက၀ါသနာကို အရင်းတည်ပြီး ပညာတွေ ဖြန့်ဖြူးနေကြတာပါ။ ခုတွေ့နေရတာက နိုင်ငံရေးဘလော့တွေတင်မကတော့ဘူး အေးဆေးနေနေကြတဲ့ ဒီဘလော့ဂါတွေရဲ့ဆိုဒ်လေးတွေကို အရှက်တရားမရှိစွာ လိုက်ဖျက်ဆီးနေကြတာပါ။ တော်တော်လေးကို ယုတ်ညံ့ပါတယ်။ ကျနော်တို့ဘလော့ဂါတွေဆိုတာ စာဖတ်သူတွေ သူငယ်ချင်းတွေလာလည်တာတွေကို ကြည့်ပြီး ၀မ်းသာတတ်ကြတာပါ။ ဒီလိုမျိုး သူတပါးနာမည်နဲ့ လိုက်ပြီး အရှက်မရှိ လူမပီသစွာ လုပ်နေတာတွေက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ တကယ်၍ ယောက်ျားလေးလဲ ဖြစ်မယ် သတ္တိလဲရှိခဲ့မယ်ဆိုရင် အပြင်မှာတွေ့ဖို့ သင့်ပါတယ်။ ကျနော်ဖက်ကလဲ ကြိုဆိုပါတယ်။

*** လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ စိတ်ထဲရှိတာရေးခြင်းပါ။ ကျနော်ချစ်သော လူများအားလုံး ကျန်းမာချမ်းသာကြပါစေ။

လေးစားလျက် တောင်ပေါ်သား

Read More

ကျနော်ကျောင်းဆရာ (၃)

ဘလော့ဆိုတာ စာပေမြတ်နိုးသူတိုင်း၊ ခံစားချက်ရှိသူတိုင်း ရေးတတ်ကြပါတယ်။ ဒီအတွက်ဘလော့ဆိုတာကြီးကို ဘယ်လိုအကြောင်းကြောင်းမှ ပိုင်းခြားလို့မရပါဘူး။ ကဗျာချစ်တဲ့လူတွေအတွက် ကဗျာကိုရေးတဲ့ ဘလော့တွေရှိတယ်။ ရသတွေ ရေးတဲ့လူတွေရှိမယ်။ ဒါဟာ ကိုယ်ပိုင်ခံစားချက်၊ သေချာအောင်ပိုပြောရင်တော့ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်ပါတယ်။ ဒိလိုလွတ်လပ်ခွင့်တွေကို ကျနော်တို့ လိုက်ပြီး ပိတ်ပင်တားဆီးနေလို့ မရပါဘူး။ သူတို့ရဲ့ ကိုယ်ပိုင်စာမျက်နှာဖြစ်တဲ့အလျောက် သူတို့ကြိုက်တာ လုပ်ခွင့်ရှိပါတယ်။ ဖျက်ချင်ဖျက်မယ် ပိတ်ချင်ပိတ်မယ်ပေါ့။ ကျနော်လက်လှမ်းမီသလောက် တွေ့ရတာကတော့ ဘလော့ဂါတွေဆိုတာ ပြည်ပကလူတွေက ပြည်တွင်းကလူတွေထက် ထက်ဝက်မက ပိုများပါတယ်။

အဓိကအကြောင်းကတော့ ပြည်ပရောက်လူတွေက ပြည်တွင်းကလူတွေထက်ပိုပြီး သတင်းလွတ်လပ်ခွင့် ရှိတယ်။ ရေးချင်တာတွေ ပိုရေးလို့ရတယ်။ ပြီးတော့ ကိုယ့်တိုင်းပြည်နဲ့ဝေးနေတဲ့သူတွေအတွက် ခံစားချက်တွေကတော့ ကိုယ်စီရှိကြတတ်ပါတယ်။ ဒီအတွက် ဘလော့ပေါ်တက်ပြီး ကိုယ်ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြောပြတတ်ပါတယ်။ ဒီမှာ တခါတလေ သူများတိုင်းပြည်မှာ ကိုယ့်တိုင်းပြည် မကောင်းကြောင်းပြောနေကြရင် ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် မခံနိုင်ပါဘူး ဒီတော့ဘလော့ပေါ်တက်ပြီး ပိုစ့်လေးတွေ ရေးကြပြန်ပါတယ်။ ဒီလိုမျိုး ကိုယ်ရဲ့အသက်လို မြတ်နိုးရတဲ့ ဘလော့လေးတွေကို ဘာလို့များ ရှဲလုပ်သုံးနေကြလဲ မသိပါဘူး.. ကျနော်အမြင်ကတော့ သမီးရည်းစားချစ်သူတိုင်း အပြန်အလှန် နားလည်မူယူပြီး ဘလော့လေးတွေကို တူတူဖန်တီးကြတာ လက်ခံပါတယ်။

ဒါပေမဲ့ Personal သုံး E-mail လိုမျိုးကိုတော့ Sharing လုပ်သုံးတာကတော့ သိပ်သဘောမတွေ့မိပါဘူး။ အထက်မှာ ပြောခဲ့သလို လူတိုင်းမှာကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိတာဖြစ်တဲ့အတွက် ကျနော်မှာလဲ ပြောပိုင်ခွင့်မရှိပါဘူး။ ဒါပေမဲ့ ကျနော် သေချာစဉ်းစားကြည့်တော့ ခုလို Personal E-mail ကို share လုပ်သုံးတာတခုတင်မကပါဘူး။ E-mail နဲ့ သက်ဆိုင်တဲ့ အချက်အလက် ဆိုလိုတာက E-mail Password မေ့သွားရင် ပြန်ဖော်လို့ရတဲ့ Security Question တွေကအစ အားလုံးကို အသိပေးကြတာပါ။ ဒါတွေဟာ တကယ်လိုအပ်သလား သေချာမေးကြည့်လိုက်တော့ ကိုယ့်ချစ်သူယုံကြည်အောင်လို့တဲ့ တကယ့်ကို ဟာသတခုပါပဲ.. သူတို့မှာ တခြားအကောင့်မရှိတော့ဘူးလား... ဒါဟာပိုလို့တောင် ဆိုးရွားတဲ့ အခြေအနေတခုကို ကိုယ်တိုင်ဖန်တီးလိုက်တာပါပဲ.. ဥပမာ ကောင်လေးက ကောင်မလေးကိုအကောင့်ပေးပြီး ကောင်မလေးရဲ့ ယုံကြည်မူကို ယူတယ်။ ဒီကောင်လေးက ကောင်မလေးမသိတဲ့ တခြားအခြားအကောင့်တခုနဲ့ တခြားကောင်မလေးတွေရဲ့ ယုံကြည်မူကို ထပ်ယူဦးမှာပါပဲ...
တကယ်တမ်း သမီးရည်စားဖြစ်လာခဲ့ရင်တောင်မှ ဒီလို့ E-mailတွေ ရှဲစရာလိုမယ်မထင်ပါဘူး။ တယောက်နဲ့ တယောက် ယုံကြည်မူလေးတွေထားပြီး ညှိုနှိုင်းနိုင်တာလေးတွေ ညှိုကြည့်ရင်ပိုတောင်မှ သံယောဇဉ်ဖြစ်မယ် အဆင်ပြေနိုင်ပါတယ်။ အကြောင်းကြောင်းကြောင့် ချစ်သူဘ၀ လမ်းခွဲခဲ့ရင်တောင်မှ နောင်ဖြစ်လာမဲ့ သံသယစိတ်တွေ မလိုလားအပ်တာတွေ ကင်းတာပေါ့။

လူသားတိုင်းသည် နိုင်ငံရေးကို စိတ်ဝင်စားမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကိုယ်မွေးတဲ့ နေရာ၊မြို့ဒေသ၊တိုင်းပြည်ကိုတော့ အများနဲ့တန်းတူ ဖြစ်စေချင်တဲ့ စိတ်လေးတွေ လူတိုင်းမှာ ရှိပါတယ်။ ကျနော်ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော်ကို မွေးဖွားလာတဲ့ ကျနော့်မြေကို ကျနော်ချစ်ပါတယ်။ လူတိုင်းဟာ အယူအဆကွဲလွဲချက်တွေနဲ့ ရှင်သန်နေကြတာပါ။ ဒီအယူအဆကွဲလွဲချက်တွေပေါ် မူတည်ပြီး ပြုမူဆက်ဆံပုံတွေ ကွဲလွဲသွားတာပါ။ ဒီတော့ ဘယ်သူကဖြင့်မှန်တယ် မှားတယ်ပြောလို့လဲ ပြီးတော့မှာမဟုတ်ပါဘူး။ ကျနော်တို့ ပြည်ပရောက်လူတွေအဖို့က ပြည်တွင်းကိုပြန်ကြည့်လိုက်ရင် အရာရာခေတ်နောက်ကျနေပြီဆိုတာ ငြင်းလို့မရပါဘူး။ လမ်းခရီး ဆက်သွယ်ရေးက အစပေါ့။ ကိုယ်မျက်ချေးကိုယ် မမြင်ဆိုသလိုပဲ ပြည်တွင်းကလူတွေက ကျနော်တို့လောက် ဟုတ်သည်ဖြစ်စေ မှားသည်ဖြစ်စေ သတင်းတွေ မကြားရပါဘူး။ကျနော်သည် နိုင်ငံရေးကို စိတ်မ၀င်စားပါ။ ဒါပေမဲ့ ကျနော့်တိုင်းပြည်ကိုချစ်သည်။ ဒါအမှန်ပေ ဘယ်သူမဆို ဆိုသည်ထက် ကောင်းတာဖြစ်လာမည်ကို ကျနော်လိုလားပါတယ်။ ကျနော်တယောက်ထဲဒီအယူအဆ ရှိမည်ဟု ကျနော်မထင်။ လူဖြစ်လာလျှင် လူတိုင်းသည် အကောင်းကိုကြိုက်ကြသည်။ ဒီအတွက်ကျနော်တို့လူသားတိုင်းသည် ဘ၀ကိုကောင်းတထက် ကောင်းအောင် ကြိုးစားကြသည်။

ခုတလော လူစိတ်မရှိတဲ့ လူတချို့ကို ဘလော့တွေပေါ်မှာ တွေ့နေရပြန်တယ်။ ဘယ်လိုပြောရမှန်းမသိအောင် အရှက်တရားကို ကင်းမဲ့လွန်းပါတယ်။ ဒါဟာ ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းကဆိုတာထက် သူရဲ့ သေးသိမ်တဲ့ အသုံးအနှုံးတွေကိုကြည့်လိုက်ရင် တော်တော်လေးကို ရီစရာကောင်းပါတယ်။ မိုက်မိုက်ရိုင်းရိုင်းပြောရမယ်ဆိုရင် မိဘတွေမရှိတော့တဲ့ လမ်းဘေးကလူမိုက်တချို့လိုပါပဲ။ အထိန်းအကွပ်က မရှိ၊ ဒီလိုဘလော့တွေပေါ်လိုက်အော်နေရတာကိုးပဲ သူက အရသာခံနေပါတယ်။ ဒီလိုတွေအရေမရ အဖတ်မရ အချိန်ကုန်ခံပြီး လုပ်တော့ ဘယ်လောက်ရသလဲတော့ သေချာမသိပါဘူးး).. သေချာတာကတော့ သူရဲ့အဆင့်အတန်း၊ လူနေမူပတ်ဝန်းကျင်ကို ပြလိုက်တာပါပဲ ကျနော်တို့ဘလော့ဂါအများစုဟာ သာယာပျော်ရွှင်တဲ့ ဘ၀တွေကို ဖြတ်သန်းချင်ကြတာပါ။

ကျနော်တို့ရဲ့ဘလော့လေးတွေကို ကျနော်တို့ရဲ့ ဆွေမျိုးမိသားစုလိုချစ်ကြတာပါ။ ဘလော့ရေးတဲ့လူတိုင်းခံစားတတ်ကြပါတယ်။ ဘယ်သူမှ ဒီဘလော့လေးကို အလကားလုပ်ထားတာမဟုတ်ပါဘူး။ အချိန်တွေအများကြီးပေးရပါတယ်။ စာရေးဖို့အတွက် အချိန်ယူရတယ် ဘလော့လေးလှအောင် အိမ်လေးလှအောင် ပြင်ရတယ်။ ဒီလိုပြောပြရတာ ကျနော်တို့ကို အားနေလို့ရေးတယ်ထင်မှာ စိုးလို့ပါ။ ဒီတော့ ကျနော်တို့ဘလော့ဂါတွေအားလုံးက သွေးစည်းလုံးကြပါတယ်။ ညီညွတ်ကြတယ် တဦးကိုတဦး ရိုင်းပင်းကူညီကြတယ် ဒါလေးတွေကို ဘလော့ဂါတွေကြားမှာပဲ တွေ့ရတာပါ။ ဒီအတွက် ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် ကျနော်တို့ဘက်က ပိုတောင် စည်းလုံးနေပါသေးတယ်။

တခါတလေ ကျနော်တို့ရဲ့ စိတ်ကအထက်ကပြောသလို မကျေနပ်တာတွေ၊ ခံစားရတာတွေများရင် ပိုစ့်တခုအနေနဲ့ တင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျနော်တို့တဦးတယောက်ကိုမျှ ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ပိုက်ဆံရှာတဲ့ ဘလော့လေး အနဲငယ်ကလွဲရင် အများစုက၀ါသနာကို အရင်းတည်ပြီး ပညာတွေ ဖြန့်ဖြူးနေကြတာပါ။ ခုတွေ့နေရတာက နိုင်ငံရေးဘလော့တွေတင်မကတော့ဘူး အေးဆေးနေနေကြတဲ့ ဒီဘလော့ဂါတွေရဲ့ဆိုဒ်လေးတွေကို အရှက်တရားမရှိစွာ လိုက်ဖျက်ဆီးနေကြတာပါ။ တော်တော်လေးကို ယုတ်ညံ့ပါတယ်။ ကျနော်တို့ဘလော့ဂါတွေဆိုတာ စာဖတ်သူတွေ သူငယ်ချင်းတွေလာလည်တာတွေကို ကြည့်ပြီး ၀မ်းသာတတ်ကြတာပါ။ ဒီလိုမျိုး သူတပါးနာမည်နဲ့ လိုက်ပြီး အရှက်မရှိ လူမပီသစွာ လုပ်နေတာတွေက ဘယ်လိုမှ မဖြစ်သင့်ပါဘူး။ တကယ်၍ ယောက်ျားလေးလဲ ဖြစ်မယ် သတ္တိလဲရှိခဲ့မယ်ဆိုရင် အပြင်မှာတွေ့ဖို့ သင့်ပါတယ်။ ကျနော်ဖက်ကလဲ ကြိုဆိုပါတယ်။

*** လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်။ စိတ်ထဲရှိတာရေးခြင်းပါ။ ကျနော်ချစ်သော လူများအားလုံး ကျန်းမာချမ်းသာကြပါစေ။

လေးစားလျက် တောင်ပေါ်သား

Read More

ကျနော် ကျောင်းဆရာ (၂)

ယခုတင်ပြမည့် အကြောင်းအရာသည် စင်ကာပူရောက် ကျောင်းဆရာ၏ အမြင်များ ဖြစ်ပေသည်။ လွတ်လပ်စွာ ဝေဖန်ကွဲလွဲနိုင်ခွင့်ရှိပေသည်။

၁) စင်ကာပူရောက် အမျိုးသားများသည် ရေကို ချွေတာသူများဖြစ်ပေသည်။ သူတို့သည် ရေကို သိပ်မသောက်သုံးကြပေ။ ဒီအတွက် အစားထိုးမူအနေနဲ့ ဘီယာ ကို အများဆုံးသောက်သုံးကြပေသည်။ မြန်မာတို့၏ လက်စွဲ တိုက်ဂါး (Tiger) ဘီယာမှာ ရွှေမြန်မာများကြောင့် အလွန့်အလွန်ရောင်းကောင်းခဲ့ပေသည်။ ဘီယာသောက်လျှင် မမူးဟု အဆိုရှိသောလဲ မမူးပဲ ရီဝေေ၀ ဖြစ်အောင် ဘယ်သူမှ မသောက်သုံးကြပေ။ အားလုံးနီးပါးမှာ အတော်အသင့် မူးအောင် သောက်နိုင်ကြပေသည်။ သူတို့၏ မူးခြင်း၊ မမူးခြင်းကို တိုင်းတာရန် ပစ္စည်းကတော့ မခက်ခဲလှပါချေ။ မြန်မာများ စုဝေးသောက်နေသော ၀ိုင်းထဲတွင် ဘိုလိုမှုတ်နေလျှင် ဒီလူသည် သေချာပေသည် မူးနေပြီ ဖြစ်ပါသည်။

၂) စင်ကာပူရောက် အမျိုးသမီးများသည်လဲ အလွန်ကို ချွေတာကြပေသည်။ သူတို့၏ ချွေတာမူကား အ၀တ်အစားများပင် ဖြစ်ပေသည်။ သူတို့သည် တခါတရံ မြန်မာထမီကို ဘယ်လိုဝတ်ရလဲပင် မေ့နေလောက်ပေသည်။ ယခုလက်တလော မြင်နေရသော မြန်မာအမျိုးသမီးများသည် ချွေတာမူ အလွန်ပင် များလှပေသည်။ အရင်က ခြေမျက်စိဖုံးအောင် ၀တ်နေသူများ ယခုအခါ အ၀တ်အစားဖိုးများ ချွေတာသောအားဖြင့် စကတ်တိုတိုများ ၊ ပေါင်တံရင်းနား ကပ်နေသော ဘောင်းဘီများကို အစားထိုး ၀တ်ဆင်လာကြပေသည်။

၃) စင်ကာပူရောက် မြန်မာများသည် အလွန်ကို ကိုယ့်ကိုကိုယ် အထင်ကြီးဂုဏ်ယူတတ်ကြပေသည်။ သူတို့သည် လမ်းတွင် မြန်မာများ အချင်းချင်းတွေ့လျှင် အလွန်ကို ရှက်ဝံ့ကြပေသည်။ မြန်မာများအချင်းချင်း လိုင်းကား တကားထဲတွင် တူတူစီးမိပါကား မသိချင်ဟန်ဆောင် မြန်မာလူမျိုးမဟုတ်သယောင် ဟန်ဆောင်တတ်ပေသည်။ သို့ပေမဲ့ကား ရွှေမြန်မာများ၏ ရုပ်ကိုကား မည်သို့ပင် ဖုံးကွယ်ဖုံးကွယ် ဖုံးကွယ်၍မရပေ။ တချို့လူများကား ဟန်ကိုထုတ် သရုပ်ဆောင်နေကြပေသည်။ အရှိကို အရှိတိုင်း မထုတ်ပြ၀ံ့ပေ။ မြန်မာလူမျိုးများသည် အမှားတခုခု လုပ်မိလျှင် အရင်သုံးစွဲနေကြ ဟာ..,အို.... နေရာတွင် Sh** ဆိုတာကို အစားထိုး သုံးစွဲလာကြတလို ၊ ကြောက်ရွှံ့မူတခုခု ကြုံကြိုက်နေစဉ်တွင် ဘုရား.., ဗုဒ္ဓ.... ဟု အရင်သုံးစွဲလာကျနေရာတွင် Oh!! My God... ဟုသုံးစွဲလာနေကြပေသည်ကို ကျွန်ုပ်ကျောင်းဆရာ တွေ့နေရပေသည်။

နောင်များတွင်လဲ တွေ့ကြုံနေရသည့်၊ မြင်နေရသည်များကို ကျွန်ုပ်ကျောင်းဆရာမှ မထိန်းမ၀ှက် အမှန်အတိုင်း တင်ပြပေဦးမည်။ အားလုံး စောင့်မျှော်လျှက်ကာ ဖတ်ကြပါလေကုန်..........

မှတ်ချက်။ ။ ပုံကို Google မှ ယူထားပါတယ်။

ကျနော် ကျောင်းဆရာ နှင့် အဖြစ်အပျက်များ (၁)

(၁)
မနက်ခင်းမိုးသောက်တော့ ထွက်လာတဲ့ နေမင်းဟာ အရင်နေ့တွေကလို ဘာမှ မပြောင်းလဲ။ သူအိပ်ရာထက်မှ ထကာ သွားတိုက် မျက်နှာသစ်ပြီး လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးဆီသို့ လျှောက်လာလိုက်သည်။ ဒီနေ့သည် စနေနေ့ ကျောင်းပိတ်ရက်ဖြစ်လေသည်။ သူလို ကျောင်းဆရာတယောက်အနေနှင့် စနေ ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်လေးတွေပဲ သူငယ်ချင်းများနှင့် အေးအေးလူလူ လက်ဖက်ရည်ဆိုင်တွင် စကားပြောခွင့်ရပေသည်။ ကျန်သော နေ့ရက်များက သူလို လူတယောက်အတွက် ၂၄ နာရီ ဆိုသော အချိန်ဟူသည် လောက်ငသည်မရှိပေ။ မှန်သည် သူသည် ဆင်းရဲသားရပ်ကွက်ရှိ အလယ်တန်းကျောင်းတကျောင်းတွင် ကျောင်းဆရာ တယောက် ဖြစ်ပေသည်။ ဒီရပ်ကွက်လေးတွင် လူပေါင်းစုံ စရိုက်ပေါင်းစုံကို ကျောင်းဆရာ တယောက်၏ စူးစမ်းသော အကြည့်ဖြင့် သူကြည့်မိတတ်လေသည်။

(၂)
သူ၏ အိမ်သည် ပျဉ်ထောင်မိုး တထပ်အိမ်ကလေးဖြစ်သည်။ သူ့ကိုယ်ပိုင်တော့ မဟုတ်ပေ။ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ကောင်းမူကြောင့် ဒီနေရာလေးတွင် နေရခြင်းဖြစ်ပေသည်။ သူ၏ အိမ်ဘေးချင်းကပ်ရက်တွင် အလွန်ကို ချစ်ခင်ကြသော လင်မယား ရှိပေသည်။ ချစ်ခင်ကြသည်ဆိုရာတွင် တရပ်ကွက်လုံးက သူတို့ လင်မယားကို တယောက်ကို တယောက် အရမ်းချစ်ခင်ကြသည်ဟု ပြောဆိုနေတတ်သောကြောင့် ဖြစ်ပေသည်။ ဒါပေမဲ့ ကျနော်အဖို့ ဒီလင်မယားသည် ဟန်ဆောင်ချစ်နေကြခြင်းသာ ဖြစ်ပေမည်ဟု ခံစားရပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အိမ်အပြင် ရောက်လျှင် တယောက်ကို တယောက် အရမ်း ချစ်စကားများ တီးတီးတာတာပြောကာ အိမ်ထဲတွင်မူကား အမြဲ ရန်ဖြစ် ရိုက်ခိုက်၊ ဆဲဆိုနေသည်ကို ဘေးအိမ်မှ ကျနော်မြင်တွေ့နေကြ ဖြစ်သောကြောင့် ဖြစ်ပေသည်။

(၃)
ဟိုဖက် ညာဖက်ဘေးအိမ်တွင် ကျနော်ရောက်စချိန်က တရားဘာဝနာ ပွားများနေတတ်သော ဦးစိတ်ရှည်ဆိုသော အဖိုးအိုတယောက်နေပေသည်။ သူသည် အလွန်ကို စိတ်ရင်းကောင်းသူဖြစ်ပေသည်။ သူ၏ ခြံလေးထဲတွင် သရက်ပင်၊ သစ်တော်သီးပင် စသည့် အပင်ကြီးများ စိုက်ထားလေသည်။ ထိုသည်သာမက ရာသီပေါ်ပန်းများ၊ စားစရာ အသီးအရွက်များကိုလဲ စိုက်ပျိုးထားပေသည်။ သူသည် သူ၏အပင်များမှ ထွက်သော အသီးအနှံများကို လာရောက်တောင်းသူတွေကို ပေးလှူတတ်ပေသည်။ ယခုအခါတွင် သူသည် တရားဘာဝနာ ပွားများမူများကို မလုပ်နိုင်တော့ာပေ။ အဘယ်ကြောင့်ဆိုသော် သူတယုတယ စိုက်ပျိုးထားသော သီးနှံပင်များကို ရပ်ကွက်တွင်မှ လူတချို့သည် တောင်းရမ်းစားသောက်ခြင်း မပြုပဲ ခိုးယူစားသောက်သောကြောင့် ဖြစ်ပေသည်။ သူသည် ယခုအခါ တနေကုန် ခြံလေးထဲတွင် လေးခွတချောင်းဖြင့် လမ်းလျှောက်နေတတ်ပေသည်။

(၄)
အကျော်ကြားဆုံး ရပ်ကွက်ထဲမှ ကိစ္စတခုရှိပါသေးသည်။ ကျနော်တို့ ရပ်ကွက်ထဲတွင် အထက်တန်းလွှာ မိသားစု ပေါက်ဖွားလာသော ကောင်မလေးတဦးနှင့် အောက်ခြေအလွှာ မိသားစုမှ ပေါက်ဖွားလာသော ယောကျာ်းလေးတဦးသည် ချစ်သူ သမီးရည်းစားများအဖြစ် သို့ရောက်ရှိနေကြပါသည်။ ဒါကို သူတို့၏ မိသားစု အသိုင်းအ၀န်းနှစ်ခုမှ သဘောမတူကြပေ။ နောက်ဆုံး ကောင်လေး၏ သူငယ်ချင်းများမှ ကူညီမြောက်သမူကြောင့် ကောင်လေးနှင့် ကောင်မလေးတို့သည် နှစ်ဦးသဘောတူ ခိုးပြေးကြပါသည်။ ထိုနောက် တရားရုံးတွင် လက်မှတ်ရေးထိုးကြပါသည်။ ဤတွင်မိဘများက ခွဲမည် ခွာမည် လုပ်ကြပါသည်။ နောက်ဆုံးတွင် တရားရုံးတွင် နှစ်ဖက်မိဘများ ယှဉ်ဆိုင်ဖြေရှင်းကြရပါသည်။ ထိုအဖြစ်အပျက်ကို ရပ်ကွက်ထဲက လူများကပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ကြ ပါသည်။ အဘယ်ကြောင့်ဆိုသော် ကောင်မလေး မိဘ၏ စီးပွါးရေး လုပ်ငန်းသည် ထီးလုပ်ငန်း (အထက်တန်းလွှာ) ဖြစ်၍ ကောင်လေး မိဘများ၏ လုပ်ငန်းမှာ ဖိနပ်လုပ်ငန်း (အောက်ခြေအလွှာ) ဖြစ်ပေသည်။ ယခုအခါ သူတို့ လင်မယား၏ တတိယမြောက်ကလေး

Read More

ကျနော် ကျောင်းဆရာ နှင့် အဖြစ်အပျက်များ (၁)

(၁)
မနက်ခင်းမိုးသောက်တော့ ထွက်လာတဲ့ နေမင်းဟာ အရင်နေ့တွေကလို ဘာမှ မပြောင်းလဲ။ သူအိပ်ရာထက်မှ ထကာ သွားတိုက် မျက်နှာသစ်ပြီး လမ်းထိပ်က လက်ဖက်ရည်ဆိုင်လေးဆီသို့ လျှောက်လာလိုက်သည်။ ဒီနေ့သည် စနေနေ့ ကျောင်းပိတ်ရက်ဖြစ်လေသည်။ သူလို ကျောင်းဆရာတယောက်အနေနှင့် စနေ ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်လေးတွေပဲ သူငယ်ချင်းများနှင့် အေးအေးလူလူ လက်ဖက်ရည်ဆိုင်တွင် စကားပြောခွင့်ရပေသည်။ ကျန်သော နေ့ရက်များက သူလို လူတယောက်အတွက် ၂၄ နာရီ ဆိုသော အချိန်ဟူသည် လောက်ငသည်မရှိပေ။ မှန်သည် သူသည် ဆင်းရဲသားရပ်ကွက်ရှိ အလယ်တန်းကျောင်းတကျောင်းတွင် ကျောင်းဆရာ တယောက် ဖြစ်ပေသည်။ ဒီရပ်ကွက်လေးတွင် လူပေါင်းစုံ စရိုက်ပေါင်းစုံကို ကျောင်းဆရာ တယောက်၏ စူးစမ်းသော အကြည့်ဖြင့် သူကြည့်မိတတ်လေသည်။

(၂)
သူ၏ အိမ်သည် ပျဉ်ထောင်မိုး တထပ်အိမ်ကလေးဖြစ်သည်။ သူ့ကိုယ်ပိုင်တော့ မဟုတ်ပေ။ ရပ်ကွက်သူ ရပ်ကွက်သားများ၏ ကောင်းမူကြောင့် ဒီနေရာလေးတွင် နေရခြင်းဖြစ်ပေသည်။ သူ၏ အိမ်ဘေးချင်းကပ်ရက်တွင် အလွန်ကို ချစ်ခင်ကြသော လင်မယား ရှိပေသည်။ ချစ်ခင်ကြသည်ဆိုရာတွင် တရပ်ကွက်လုံးက သူတို့ လင်မယားကို တယောက်ကို တယောက် အရမ်းချစ်ခင်ကြသည်ဟု ပြောဆိုနေတတ်သောကြောင့် ဖြစ်ပေသည်။ ဒါပေမဲ့ ကျနော်အဖို့ ဒီလင်မယားသည် ဟန်ဆောင်ချစ်နေကြခြင်းသာ ဖြစ်ပေမည်ဟု ခံစားရပေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် အိမ်အပြင် ရောက်လျှင် တယောက်ကို တယောက် အရမ်း ချစ်စကားများ တီးတီးတာတာပြောကာ အိမ်ထဲတွင်မူကား အမြဲ ရန်ဖြစ် ရိုက်ခိုက်၊ ဆဲဆိုနေသည်ကို ဘေးအိမ်မှ ကျနော်မြင်တွေ့နေကြ ဖြစ်သောကြောင့် ဖြစ်ပေသည်။

(၃)
ဟိုဖက် ညာဖက်ဘေးအိမ်တွင် ကျနော်ရောက်စချိန်က တရားဘာဝနာ ပွားများနေတတ်သော ဦးစိတ်ရှည်ဆိုသော အဖိုးအိုတယောက်နေပေသည်။ သူသည် အလွန်ကို စိတ်ရင်းကောင်းသူဖြစ်ပေသည်။ သူ၏ ခြံလေးထဲတွင် သရက်ပင်၊ သစ်တော်သီးပင် စသည့် အပင်ကြီးများ စိုက်ထားလေသည်။ ထိုသည်သာမက ရာသီပေါ်ပန်းများ၊ စားစရာ အသီးအရွက်များကိုလဲ စိုက်ပျိုးထားပေသည်။ သူသည် သူ၏အပင်များမှ ထွက်သော အသီးအနှံများကို လာရောက်တောင်းသူတွေကို ပေးလှူတတ်ပေသည်။ ယခုအခါတွင် သူသည် တရားဘာဝနာ ပွားများမူများကို မလုပ်နိုင်တော့ာပေ။ အဘယ်ကြောင့်ဆိုသော် သူတယုတယ စိုက်ပျိုးထားသော သီးနှံပင်များကို ရပ်ကွက်တွင်မှ လူတချို့သည် တောင်းရမ်းစားသောက်ခြင်း မပြုပဲ ခိုးယူစားသောက်သောကြောင့် ဖြစ်ပေသည်။ သူသည် ယခုအခါ တနေကုန် ခြံလေးထဲတွင် လေးခွတချောင်းဖြင့် လမ်းလျှောက်နေတတ်ပေသည်။

(၄)
အကျော်ကြားဆုံး ရပ်ကွက်ထဲမှ ကိစ္စတခုရှိပါသေးသည်။ ကျနော်တို့ ရပ်ကွက်ထဲတွင် အထက်တန်းလွှာ မိသားစု ပေါက်ဖွားလာသော ကောင်မလေးတဦးနှင့် အောက်ခြေအလွှာ မိသားစုမှ ပေါက်ဖွားလာသော ယောကျာ်းလေးတဦးသည် ချစ်သူ သမီးရည်းစားများအဖြစ် သို့ရောက်ရှိနေကြပါသည်။ ဒါကို သူတို့၏ မိသားစု အသိုင်းအ၀န်းနှစ်ခုမှ သဘောမတူကြပေ။ နောက်ဆုံး ကောင်လေး၏ သူငယ်ချင်းများမှ ကူညီမြောက်သမူကြောင့် ကောင်လေးနှင့် ကောင်မလေးတို့သည် နှစ်ဦးသဘောတူ ခိုးပြေးကြပါသည်။ ထိုနောက် တရားရုံးတွင် လက်မှတ်ရေးထိုးကြပါသည်။ ဤတွင်မိဘများက ခွဲမည် ခွာမည် လုပ်ကြပါသည်။ နောက်ဆုံးတွင် တရားရုံးတွင် နှစ်ဖက်မိဘများ ယှဉ်ဆိုင်ဖြေရှင်းကြရပါသည်။ ထိုအဖြစ်အပျက်ကို ရပ်ကွက်ထဲက လူများကပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ကြ ပါသည်။ အဘယ်ကြောင့်ဆိုသော် ကောင်မလေး မိဘ၏ စီးပွါးရေး လုပ်ငန်းသည် ထီးလုပ်ငန်း (အထက်တန်းလွှာ) ဖြစ်၍ ကောင်လေး မိဘများ၏ လုပ်ငန်းမှာ ဖိနပ်လုပ်ငန်း (အောက်ခြေအလွှာ) ဖြစ်ပေသည်။ ယခုအခါ သူတို့ လင်မယား၏ တတိယမြောက်ကလေးမလေးပင် ကျနော်၏ တပည့်အဖြစ်သို့ ရောက်ရှိနေပေသည်။

PS... နောက်များမှာ အဆင်ပြေရင်တော့ အပိုင်းဆက်များဖြင့် ရေးသားသွားပါမည်။

လေးစားလျက် တောင်ပေါ်သား

Read More