ယုံကြည်ချက် အကျဉ်းသား

ယုံကြည်ချက်တွေ ရင်ထဲထည့် မျှော်လင့်ချက်အတွက် အသက်ရှင် လှောင်ရယ်တွေကို အန်တုလို့ပေါ့ ဘေးဘက်ကြည့်တော့ နံရံ နောက်ဖက်လှည့်တော့ နံရံ ရှေ့သံတိုင်ကို အားမာန်အပြည့်ကိုင်လို့ ယုံကြည်ရာကို မစွန့်လွှတ်တဲ့ သူရဲကောင်းများ..... အများမသိ နာမည်ပျောက်လို့ ကိုယ်ကျိုးမငဲ့ ပေးဆပ်ရင်းနဲ့ ဘဝတွေပေး ကျေနပ်နေတာ အများခေါ်တဲ့ နိုင်ငံရေးအကျဉ်းသား သူရဲကောင်းတွေပါ..... ရင်မှာလှိုက်လို့ ငိုကြွေးရှိုက်သံ ညစဉ်တိုင်းကြား မိဘများရဲ့ သားသမီးအပေါ် ချစ်ခြင်းမေတ္တာ ရုန်းကန်လှုပ်ရှား ဝမ်းစာအတွက် မရှိတဲ့ကြား...
Read More

တချိန်က ချစ်သူ

အကြင်နာတွေကို မင်းမမြင် ခံစားချက်တွေကို ဖယ်ထုတ်လို့ မုန်းချင်ရယ်ဟန်ဆောင် လမ်းခွဲဖို့ စတင်ခဲ့တယ် သံသရာတလျှောက် လက်တွဲဖို့ဆိုတာ မိုးနဲ့မြေလို ကွာခြားတဲ့ ဒို့နှစ်ယောက်ဘဝ မင်းရင်ခွင်ကို အချိန်မဲ့ မျှော်လင့်ချက်တွေနဲ့ မထားခဲ့ချင်ခဲ့ဘူး မင်းနားလည်မှုကို ငါမမျှော်လင့်သလို ရယူမှုတွေလဲ ငါမလိုချင်ခဲ့ဘူး အချိန်တန် ကတ္တီပါလမ်းခွဲဖြစ်မှာကို ကြိုမြင်ရက်သားနဲ့...
Read More

ဒီမိုကရေစီ

ဒီမိုကရေစီ ဒီမိုကရေစီတဲ့ ကျနော်တို့ သူငယ်ချင်းအသိုင်းအဝိုင်းထဲမှာ ဒီစကားလုံးလေးက အရမ်းကို ခေတ်စားပါတယ်။ တခါတလေ ကျနော်တို့ သူငယ်ချင်းတွေ စကားလက်ဆုံကျလို့ ပြောဖြစ်ရင် ဒီမိုကရေစီဆိုတဲ့ စကားလုံးဖက် ရောက်ရောက်သွားတတ်ပါတယ်။ ဒါပေမဲ့ အခုထိ ကျနော် ဒီမိုကရေစီဆိုတာ ဘာလဲ ဒီမိုကရေစီရဲ့ အနက်အဓိပ္ပါယ်ကို သေချာနားမလည်သေးပါဘူး။...
Read More

အရောင်ပြောင်း၍

မမျှော်လင့်တဲ့ ဒေါင့်ချိုးတကွေ့ မင်းနဲ့ငါနဲ့ ဆုံတွေ့ခဲ့ကြတယ် ပျော်ရွှင်မှုကို မျှဝေစားလို့ ဒုက္ခတွေကို လည်စင်းခံရင်းပေါ့ ကံကြမ္မာလှိုင်းတံပိုးအောက်မှာ လူးလိမ့်ရင်းနဲ့ နားလည်မှုတွေ ကြည်နူးမှုတွေ မျှဝေခံစား ယူခဲ့ဖူးတယ် မဆုံးနိုင်တဲ့ ဘဝဆီကို နှစ်ယောက်တူတူ လျှောက်လှမ်းရင်းနဲ့ မျက်ဝန်းဆီမှာ မိုးရွာသွန်းရင်း ဝေးခဲ့ကြတယ်..... နောက်တချိန်မှာ ပြန်ဆုံတွေ့တော့...
Read More

တာဝန်

ဘာလိုလိုနဲ့ ဘလော့လေးကို ပစ်ထားတာလဲ နှစ်တောင်ချို့တော့မယ်... တကယ်လဲ အလုပ်တွေက များလိုက်၊ စိတ်က ဘလော့ရေးဖို့ အာရုံနှစ်လို့မရလိုက်နဲ့ ပစ်ထားမိတာ... ခုတော့ ဘလော့နာမည်လေးကို ပြန်ပြောင်းပြီး ပြန်ရေးမလားလို့ စိတ်ကူးမိသား ဘလော့ဂါတယောက်လို့ ကိုယ့်ကိုကိုယ် မခံယူထားပေမဲ့ ဘလော့တွေက စာတွေနဲ့တော့ အဆက်ပြတ်သွားတယ်ဆိုတာ မရှိသလောက်ပါပဲ......
Read More

ချစ်သော တန်ဆောင်တိုင်

နိုဝင်ဘာ၊ ဒီဇင်ဘာဆို ကျနော်ရဲ့ မွေးရပ်မြေမှာ အတော့်ကို အေးနေလောက်ပြီ။ မနက်ခင်း နေရောင်ခြည် မရသေးခင် မြူတွေနဲ့ မှုန်ဝါးနေတဲ့ တောင်ပေါ်မြေရဲ့ အလှကို မမြင်ရတာလဲ နှစ်ပေါင်းမနည်းတော့...... မြူမှုန်တွေ ဝေနေတဲ့ တောင်ပေါ်က ထင်ရှူးပင်တွေရဲ့ အလှနဲ့ တောင်ကြီးမြို့လို့ ပြောလိုက်ရင် ခွဲခြားလို့ မရတဲ့ တောင်ချွန်းကြီးရဲ့ အလှ ဒါတွေ...
Read More

အလံ

တိုင်းပြည်တခုမှာ အခြေခံ မရှိမဖြစ် လိုအပ်တာက အုပ်ချုပ်သူ အစိုးရနဲ့ ပြည်သူလူထု။ နောက် တိုင်းပြည်တခု ဖြစ်သည်ဖို့အတွက် နိုင်ငံတကာက အသိအမှတ်ပြုတဲ့ အရာ။ တနည်းအားဖြင့် အလံ (နိုင်ငံတော် အလံ)။ ဒီတော့ တိုင်းပြည်တိုင်းက ကိုယ့်တိုင်းပြည်ရဲ့ အလံကို အဓိပ္ပါယ် ပြည့်စုံစွာနဲ့ ဖန်တီးခဲ့ကြသည်။ ကျနော်တို့...
Read More

မိုင်တိုင် ၂၆

လူဘဝရဲ့ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကို ပြန်တွက်ကြည့်တော့ ဘာလိုလိုနဲ့ ၂၆ နှစ်ဆိုတဲ့ အရွယ်အပိုင်းအချာထဲကို ရောက်လာခဲ့ပြန်ပြီ။ တနှစ် တနှစ်ဆိုတဲ့ အချိန်ဟာ ဘာမှ မတိုးတက်လာသေးတဲ့ လူတယောက်အဖို့ ခဏလေးလို့ စိတ်ထဲကနေ တွေးနေမိပြန်တယ်။ လက်ရှိ အခြေအနေကို သေချာ ပြန်သုံးသပ်လိုက်တော့ အရင် တနှစ်နဲ့ ဘာဆို ဘာမှ ထူးခြားလာခဲ့တာ မရှိ။...
Read More